ရွှေအကြောင်းသိကောင်းစရာ (၈)

Zaw AungJune 3, 20141min08

ရွှေအကြောင်းသိကောင်းစရာ (၈)

အမှတ် (၂) မှာရန်ကုန်ရွှေလောကရဲ့ရွှေ အရောင်းအဝယ်အကြောင်း ပြောခဲ့ပါတယ် အဲဒါနဲ့ဆက်စပ်ဖတ်ရင် ပိုရှင်းပါလိမ့်မယ် ငွေမရင်းဘဲလေရင်းပြီး အကျိုးအမြတ် ရအောင်လုပ်တဲ့နည်းပါ

ဥပမာ
ဒီနေ့ဒီအချိန် ပေါက်ဈေး 710000ဆိုပါစို့ ကိုယ်ကဈေးတက်မယ်ထင်ရင် ရောင်းချင်တဲ့လူဆီက တစ်ဆယ်သားဝယ်လိုက်ပါတယ်ဒီကစနစ်အရချက်ချင်းငွေပေးစ
ရာ ပစ္စည်းယူစရာမလိုပါဘူး စာရင်းမှတ်ထားရုံပါပဲ

ဝယ်ပြီးဈေးကိုအမြဲနားစွင့်နေရပါတယ် ဈေးနှုန်းကအမြဲပြောင်းနေတာ
လေ တစ်ချိန်ချိန်မှာ 711000 ဖြစ်လာတာနဲ့ ပြန်ရောင်းလိုက်ရင်
တစ်ကျပ်သားကိုတစ်ထောင်နဲ့ တစ်ဆယ်သားကိုတစ်သောင်းမြတ်ပြီပေါ့

ဒါကတစ်ဆယ်သားနဲ့ပဲ နမူနာတွက်ပြတာပါ တစ်ချို့ဆို
ငါးဆယ်သား ငါးပိသာ ဆယ်ပိသာ အထိဒီနည်းနဲ့ ဝယ်ရောင်းလုပ်ကြပါတယ်

8 comments

  • kai

    June 4, 2014 at 5:59 am

    တခါက…
    တခါကပေါ့လေ…။

    ဂျပန်ကလုပ်တဲ့.. ရွေတုံးကြီးတတုံးတွေ့ဖူးတယ်..။
    အစစ်နဲ့ချွတ်စွတ်တူတာပဲ..။ အဲဒါတွေတော်တော်ရောင်းကောင်းတယ်..ဆိုတာပဲ..။
    နန်းဆွဲလည်းရတယ်..။ မှတ်ကျောက်လည်းအိုကေတယ်.. တဲ့..။
    မြန်မာပြည်ထဲရွေတွေသွင်းနေတဲ့သူကတော့.. ကိုင်ကြည့်ပြီး.. သံသယဖြစ်လာတယ်ပြောတာပဲ..
    သူ့အပြောအရတော့.. အဲဒီလူလုပ်ရွှေက.. အနံ့တခုခုထွက်နေတယ်ပြောတယ်…။

    Lab ထဲလုပ်တာမှာ.. ဈေးကတော့ အစစ်လောက်နီးပါးဖြစ်သွားတယ်ဆိုကြတာပဲ..။

    မြန်မာတွေ.. ဘုရားရွေချတာမှာ.. အဲဒါမျိုးသုံးရင်.. ကောင်းမယ်… လို့..။ :mrgreen:

    Reply

  • black chaw

    June 4, 2014 at 10:08 am

    အင်း…တစ်ပိသာလောက် ဝယ်ထားဦးမှပါဗျာ…။
    :mrgreen:
    အပျော်ဝင်နောက်သွားတာပါ ကိုဇော်အောင်ရေ…။

    Reply

  • alinsett (gazette)

    June 4, 2014 at 10:26 am

    ဒီအထိလည်း လိုက် လေ့လာ လာကြောင်းပါ

    Reply

  • surmi

    June 4, 2014 at 11:51 am

    တစ်ခုလေး အကြံပြုပါရစေ
    ဆရာလုပ်တယ်တော့ မထင်ပါနဲ့နော
    ဆရာသမားရေးနေတဲ့ ပို့စ်တွေကို ဖွဘုတ်မှာလည်းဖတ်ခဲ့ /ဖတ်နေဆဲဖြစ်ပေမယ့်
    အခုလို တစ်ပိုင်းခြင်းဖတ်ရတာ အားမရဘူးဗျာ
    တခါတည်းကို အားရပါးရဖတ်ပစ်ချင်တာလေ
    ဆိုတော့ …
    ဒီလိုလေးလုပ်ရင်အဆင်ပြေမလားဘဲ
    ၃ ပိုင်းလောက်ကို စုစည်းပြီး ပို့စ်တစ်ပုဒ်တင်ရင်
    အားရပါးရဖတ်လို့ရမယ်ထင်တာဘဲခင်ဗျ
    ပြီးတော့ ဒီဝဘ်ဆိုက် (ရွာ) မှာလည်း မန်ဘာဖြစ်နေပြီဆိုတော့
    ရင်းရင်းနှီးနှီးပေါ့ဗျာ
    ဆွေနွေးပွဲလေးများပါဝင်စေချင်ပါတယ် ။
    စကားနည်းပြီးအလုပ်လုပ်တဲ့သူလို့ မှန်းမိပေမယ့်
    ပိုပြီးရင်းနှီးကျွမ်းဝင်သွားအောင် ကွန်မန့်လေးများလည်း ပေးလို့ရပါတယ်ခင်ဗျ။
    ပရဟိတ ဘာညာ အလှူများလည်း မကြာမကြာလာရောက်အလှူခံပါမယ်ခင်ဗျ
    (နောက်တာနော် / အတည် 🙂 )

    အလှူခံမယ်ဆိုလို့လည်း ညစ်မသွားနဲ့ဦးဗျို့
    အိမ်တိုင်ရာရောက်မလာပါဘူး :mrgreen:
    ပို့စ်တင်ပြီးချိတ်ထားရုံပါ ဟဲဟဲ

    Reply

    • Zaw Aung

      June 5, 2014 at 6:36 am

      ဆွေးနွေးပွဲက ဘယ်မှာလဲ

      Reply

      • surmi

        June 5, 2014 at 8:20 am

        ဒီလိုပါဗျာ
        ဆွေးနွေးပွဲဆိုတာအခြားမဟုတ်ပါဘူး
        ဒီဝဘ်ဆိုက်ထဲက ပို့စ်တွေမှာဘဲဆွေးနွေးငြင်းခုန်ကြတာပါ
        အပြန်အလှန်ကွန်မန့်တွေရေးရင်းပေါ့ဗျာ
        ကျနော်လည်းသိချင်တာ လာမေးပါဦးမယ်နော

        Reply

  • အရီးခင်

    June 5, 2014 at 4:29 am

    တော်ပေသေး။
    ရွှေမကြိုက် ၊ စိန်မကြိုက် တဲ့ မိန်းမမို့။
    ကျုပ်လူကြီး ကံကောင်းလိုက်လေခြင်း။
    စိတ်ရှည်လက်ရှည် ရေးလာတဲ့ မို့ ဝင်ဝင် နှောက်နေတာ စိတ်မရှိပါနဲ့ ရှင့်။
    အမှန်တော့ ဗဟုသုတ တိုးပါတယ်။
    ကျေးဇူးပါ။ :-)))

    Reply

  • koyinmaung

    June 9, 2014 at 5:26 pm

    ပဲလောကမှာတင် ပလာတာရိုက်တာရှိတယ်ထင်တာ ရွှေမှာလဲရှိတာပါဘဲလား…ဗဟုသုတရပါတယ်ဗျာ..

    Reply

Leave a Reply

Your email address will not be published.