မိဘများ ၏ အမွေပြတ် စွန့်လွှတ်ခြင်း ကြေညာချက် နှင့်ပတ်သက် ၍ မျိုးစန္ဒီကျော်က ပြန်လည် ဖြေရှင်း ပြောကြား

manawphyulayAugust 10, 20101min09
မိဘများ ၏ အမွေပြတ် စွန့်လွှတ်ခြင်း ကြေညာချက် နှင့်ပတ်သက် ၍ မျိုးစန္ဒီကျော်က ပြန်လည် ဖြေရှင်း ပြောကြား

၃-၈-၂၀၁ဝ ရက် ထုတ်ကြေး မုံသတင်းစာ၊ စာမျက်နှာ ၁ရ တွင်  ကြော်ငြာ ထားသည့် သမီး အဖြစ်မှ အမွေပြတ် စွန့်လွှတ် ကြောင်း အ များ သိစေရန် ကြေညာချက်

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့ နယ်၊ သုမင်္ဂလာ အိမ်ရာ၊ သဇင် မင်းရိပ်သာ၊ အခန်း အမှတ်-၃၀၂၊ တိုက် B တွင် နေထိုင် သူများဖြစ် သော ဦးကျော်မင်းလွင် (၉/ပမန (နိုင်)၁၂၄၄၃၃) နှင့် ဒေါ်ခင်မျိုး နွယ် (၁၂/မဂတ(နိုင်)၀၁၁၇၅၂) တို့၏  လွှဲအပ် ညွှန်ကြားချက် အရ အောက်ပါ အတိုင်း ကြေညာ အပ် ပါသည်။

ကျွန်ုပ်၏ မိတ်ဆွေ များဖြစ် သော ဦးကျော်မင်းလွင် နှင့် ဒေါ် ခင်မျိုးနွယ် တို့၏ သမီးဖြစ်သူ မမျိုး စန္ဒီကျော် (ခ)ဂျိုးဂျိုး (၁၂/မဂတ (နိုင်)၀၈၁၂၀၅) သည် မိဘ တို့၏ သွန်သင် ဆုံးမမှု ကို နာခံမှု မရှိဘဲ ၎င်း၏ သဘော ဆန္ဒ အလျောက်နေ အိမ်မှ ထွက်ခွာ သွားခဲ့သည့် အပြင် ၎င်းအား  မိဘ၏ ဝတ္တရားနှင့် အညီ ကျေပန်စွာ ပြုစု ပျိုးထောင် ခဲ့သည့် မိဘ နှစ်ပါး အပေါ် စိတ်၏ ဆင်းရဲ ခြင်း၊ ကိုယ်၏ ဆင်းရဲခြင်း များဖြစ် စေရန် ရည်ရွယ်ချက် ဖြင့် လူမှုရေး နှင့် ပတ်သက်၍ လည်းကောင်း၊ ပစ္စည်း ဥစ္စာ ပိုင်ဆိုင် မှုများ နှင့်ပတ် သက်၍ လည်းကောင်း၊ မဟုတ် မမှန် ပြောဆို လုပ်ဆောင် ခဲ့သည့် အတွက် မိဘ နှစ်ပါး အနေဖြင့် စိတ်ဆင်းရဲ မှုများ တွေ့ကြုံ ခံစား နေရပါသည်။

ထို့ကြောင့် မိဘ နှစ်ပါးမှ ၎င်း မမျိုးစန္ဒီကျော်(ခ) ဂျိုးဂျိုး အား သမီး အဖြစ်မှ အမွေပြတ် စွန့်လွှတ် ကြောင်း အများ သိစေရန် ကြေ ညာ အပ်ပါသည်။

လွှဲအပ် ညွှန်ကြားချက်အရ

ဒေါ်ခင်စောဦး (တရားရုံး ချုပ်ရှေ့နေ)၊ စဉ်-၆၇၀၂

အမှတ် ၅၆၁၊ MAC Tower အခန်း-၇၀၁၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန် မြို့ဟူ၍ သတင်းစာ ကြော်ငြာ ပါရှိလာခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍သရုပ် ဆောင် မျိုးစန္ဒီကျော် ကို ဆက်သွယ် မေးမြန်းခဲ့ရာ “သမီးအနေနဲ့ ၃-၈-၂၀၁ဝ ရက်ထုတ် ကြေးမုံ သတင်းစာ မှာပါတဲ့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ် သုမင်္ဂလာ အိမ်ရာ၊ သဇင်မင်း ရိပ်သာ၊ အခန်း အမှတ်-၃၀၂၊ တိုက်(B) မှာနေထိုင် တဲ့ အဖေ ဦးကျော်မင်းလွင် နဲ့ အမေ ဒေါ်ခင်မျိုးနွယ် တို့ရဲ့ကြော်ငြာ ချက် အပေါ်မှာ သမီး မျိုးစန္ဒီကျော် (ခ) ဂျိုးဂျိုး မှတ်ပုံတင်အမှတ်(၁၂/မဂတ(နိုင်) ဝ၈၁၂၀၅)အနေနဲ့ ပြန် လည် ရှင်းလင်း ပြောပြ ချင်ပါတယ်”

“သမီးက အသက် ၁၈ နှစ် ကတည်းက အနုပညာ အလုပ်ကို လုပ်ကိုင်ရ င်း မိဘ နှစ်ပါးကို သား သမီး ဝတ္တရား ထက်ပို လွန်စွာလုပ် ကိုင်ရှာ ဖွေကျွေး မွေးခဲ့ပါတယ်။ သမီး အနေနဲ့  ဘယ်တော့မှ မိဘ နှစ်ပါး အပေါ်မှာ  စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်း ဖြစ်စေဖို့ ရည် ရွယ်ချက်နဲ့ ဘယ်သော အခါမှ ပြုမူ ဆောင်ရွက် ခဲ့ခြင်းမျိုး မရှိပါဘူး။ လူမှုရေး ကိစ္စနဲ့ ပတ်သက်ပြီးပစ္စည်း၊ ဥစ္စာ ပိုင်ဆိုင်မှု များနဲ့ ပတ်သက်ပြီး မဟုတ်မမှန် ပြောဆို လုပ်ဆောင် ခဲ့ခြင်းမျိုး လုံးဝ မရှိခဲ့ပါဘူး။ အခုလို သမီး အဖြစ်က စွန့်လွှတ် ကြောင်း ကြေညာ လိုက်တာဟာ သမီးပရိ သတ်က သမီး အပေါ် မိဘတွေ အပေါ် ဘယ်လောက် ဆိုးသွမ်း နေလို့ သမီး အဖြစ်က စွန့်လွှတ် လိုက်တာလဲ ဆိုတာ တွေးသွား နိုင် ပါတယ်။ သမီး အပေါ် ပရိသတ် က အထင်အမြင် သေးပြီး အချစ် လျော့သွားမှာ စိုးတယ်။ အဲဒီအ တွက် သမီးက ပြန်ရှင်း ပြရတာ ဖြစ်ပါ တယ်” ဟု ရှင်းလင်း ပြော ကြား သွားပါတယ်။

@mmcybermedia.com

9 comments

  • Yin Nyine Nway

    August 10, 2010 at 8:32 am

    သနားပါတယ်နော်
    ဘာလို့ စွန့်တာလဲတော့ အတိရဝူးပေါ့နော်

    Reply

  • Pyaung Gye

    August 10, 2010 at 8:36 am

    မိဘ နဲ့ သာ/းသမီး ဘဲ
    စဉ်းစာရင်တော့
    ဘတူ မှားပါလိမ့်???????

    Reply

  • လင်းဝေကျော်

    August 10, 2010 at 9:04 am

    သားသမီးထက်မိုက်တဲ့ မိဘတွေသာ သားသမီးကို အမွေပြတ်စွန့်လွှတ်ကြတာ။
    ကလေးနဲ့ပြိုင်ပြီး ရန်ဖြစ်နေကြတာကိုး ။
    သားသမီး ဘယ်လောက်ဆိုးဆိုး မိဘ ဆိုတာ အတတ်နိုင်ဆုံး ခွင့်လွှတ်ပြီး သွန်သင်ရမယ်။
    ကိုယ်တိုင် မိဘဖြစ်နေတဲ့သူ အနေနဲ့ရေးတာပါ။

    Reply

  • khaung shan

    August 10, 2010 at 9:28 am

    ရှုပ်သကိုးကွဲ့…..။

    Reply

  • True Faith

    August 10, 2010 at 9:41 am

    တောင်းဆိုး ပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိတယ်။ သားဆိုး သမီးဆိုး ပစ်ရိုးထုံးစံ မရှိဘူးဆိုဗျ။ ခုတော့လည်း တမျိုးတွေ ဖြစ်ကုန်ပြီထင်ပ။ မိဘဆိုတာ သားသမီးမှားနေရင်ပြုပြင်၊ ဆိုးရင်လည်း သည်းခံပေါ့ဗျာ။ ကိုယ်က မွေးထားမိတာကိုးဗျ။ ခုတော့ဗျာ…

    Reply

  • etone

    August 10, 2010 at 9:42 am

    ဘာလို့စွန့်ပစ်ရတာလဲဆိုတာ အကြောင်းရှိပါလိမ့်မယ် ။ တော် ယုံတန်ယုံကိစ္စတော့မဟုတ်နိုင်ပါဘူး ။ မိဘတွေရဲ့ ပိုင်ဆိုင်မှူအပေါ် တခြားညီမတွေနဲ့ တန်းတူမလိုချင်ပဲပိုလိုချင်မိတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ မိဘတွေက ကြေငြာတယ်ဆိုပေမဲ့ … ပိုင်ဆိုင်မှူအရှုပ်ရှင်းတွေအရသာလုပ်တာပါ နောက်ပိုင်းသူတို့ သမီးကို အိမ်အဝင်ထွက်လုပ်လည်းရဦးမှာပါ ။ အခု ရာထူးရပ်စဲသွားတဲ့ ဝန်ကြီး ချုပ်ဟောင်းရဲ့ သားတုန်းကလည်း ဟန်ပြ အမွေဖြတ်ပြလိုက်တာ မေ့နေကြသလား ဟင်။

    Reply

  • kopauk mandalay

    August 10, 2010 at 10:50 am

    မပူပါနဲ့။
    နောက်တော့လည်းပြေလည်သွားကြမှာပါ။
    ဒါမျုးိပါတာက ကြော်ငြာထည့်တာထက်တောင် ပိုထိရောက်သေးတယ်။
    တကယ်တမ်းတော့ လူသိပြီးသား မင်းသမီးဖြစ်နေတဲ့သားသမီးကိစ္စကို တိတ်တိတ်လေးဖြေရှင်းပေးရမှာကို
    လူသိရှင်ကြားဖြစ်အောင် လုပ်တယ်ဆိုကတည်းက ထူးထွေသည့်အံ့ရာသောဝ်ထဲမှာပါနေပါပြီ။
    မကြာခင်မှာကြေအေးကြောင်းပါလာမှာပါ။
    သမီးက အသက် ၁၈ နှစ် ကတည်းက အနုပညာ အလုပ်ကို လုပ်ကိုင်ရ င်း မိဘ နှစ်ပါးကို သား သမီး ဝတ္တရား ထက်ပို လွန်စွာလုပ် ကိုင်ရှာ ဖွေကျွေး မွေးခဲ့ပါတယ်။

    ဒီစာသားလေးကိုဖတ်လိုက်တော့ ကောင်မလေးကို သနားတောင်သွားပါတယ်။
    တော်တော်ဆိုးတဲ့ မိဘဘဲလို့တောင်ထင်မိပါတယ်။
    အဖြစ်မှန်ကတော့ ကာယကံရှင်မှဘဲသိမှာပါ။
    ကျနော်တို့က အလကားနေရင်း ဝင်ပါ ဝင်ပူ ဝင်ရှုပ်ကြတာပေါ့ ဟုတ်ဘူးလား

    Reply

  • sususan

    August 10, 2010 at 11:16 am

    အင်း ဘယ်သူလွန်တယ်ဆိုတာ သူတို့ပဲသိမှာ
    ရှုပ်နေတာပဲ

    Reply

  • Gong Zhu

    September 15, 2010 at 2:35 pm

    သံသရာဆိုတာလည်နေတာနော် . . . သူမကြောက်ဘူးထင်တယ်

    Reply

Leave a Reply

Your email address will not be published.