အိမ်မက်.. နဲ့ …..

Maung Tar TeeMarch 24, 20141min02

လက်တွေ့ မဆန်တဲ့ .. အမှောင်နဲ့…

ရုတ်ချည်းတွေ့လိုက်ရတဲ့ ညအတု..

 

တဟွတ်ဟွတ်နဲ့ အိပ်မရခဲ့ဘူး

တကယ်တော့.

ညဆို တာ က..

ငါ့ကို ပိုလည်ချောင်းယားစေတယ်…

 

အိမ်မက်က ညဆို

ခြောက်လမ်းသွားလမ်းမကြီးလိုပဲ..

ရှုပ်ထွေးလိုက်တာ…

စိတ်ကူးတွေက

စည်းကမ်းမဲ့ မောင်းချင်တို်င်း မောင်းနေကြတယ်

 

အိမ်မက် ပေါ့.. အိမ်မက်..

မျက်ရည်တွေလိုပဲ ကြယ်တွေ ကြွေတယ်..

ဓူဝံကြယ်လည်း ကြွေတယ်…

ခုနစ်စဉ်ကြယ်လည်း ကြွေတယ်…

သစ္စာတရားနဲ့ နောင်တတွေလည်း ကြွေတယ်..

 

အိမ်မက်ပေါ့ အိမ်မက်…

ပျောက်သွားတဲ့ မလေးရှားလေယာဉ် ကြီးလည်းရှာတွေ့တယ်

နှင်းလုံးဝ မကျတဲ့ ဆောင်းအတုကို်လည်း ရှာတွေ့တယ်..

သူမပါးပေါ်က သနပ်ခါးနံ့လေးတွေလည်း ရှာတွေ့တယ်..

မနမ်းဘူးတဲ့ အနမ်းကိုလည်းရှာတွေ့တယ်…

 

အိမ်မက်ပဲ မို့ လေ

အသာရတာလည်း မရှိသလို..

အနာတရလည်း မရှိခဲ့..

 

လိုက်လျောညီထွေစွာ.. နှုတ်ဆက်ပြီးတဲ့နောက်..

အလိုက်တသိ ထွက်ခွာလာခဲ့တယ်…

မထူးဆန်းဘူးလေ..

နင်က အိမ်မက်..

ငါက အိမ်မက်က နိုးလာတဲ့သူ…

ဒါကြောင့်…

နင်ဆိုတဲ့အိမ်မက်ကနေ.

ငါ အားတင်းပြီး နိုးထလိုက်တယ်…

 

မထူးဆန်းပါဘူး..

နင်က အိမ်မက်..

ငါက အိမ်မက်က နိုး ထ လာ တဲ့ သူ…

2 comments

  • alinsett (gazette)

    March 24, 2014 at 12:39 pm

    ဒီလို ကဗျာမျိုးကို
    တအား ကြိုက်စ်

    🙂

    Reply

    • Maung Tar Tee

      March 24, 2014 at 2:34 pm

      ဟုတ်ကဲ့ ကျေးဇူးဗျ..
      ကျွန်တော်လည်း အလင်းဆက် ရေးတဲ့ ကဗျာတွေဆို…
      တအားကို ကြိုက်ပါဂျောင်း..

      Reply

Leave a Reply

Your email address will not be published.