မေမေ့ မျက်ရည်

ကာရံMarch 8, 20141min03

မေမေအားငယ်စိတ်နဲ့ သားငယ်ကိုလွမ်းနေရောပေါ့

အနေဝေးတဲ့ တိုင်းတစ်ပါးမှာ အမေပေးတဲ့ခွန်အားတွေနဲ့

ရှင်သန်စဲပါမေမေ

မေမေ အာရုံဦး တရားသံတွေရဲ့အောက်မှာ

သားမရှိခဲ့ပါဘူးလေ မေမေအမျှဝေတဲ့ အသံကိုလေ

အဝေးရောက်သား နေ့တိုင်း ကြားယောင်နေစဲပါပဲ

မေမေချက်ကျွေးဖူးတဲ့ဟင်းလျှာတွေက သားအတွက်လေ

နတ်သုဒ္ဒါအလား သားမေ့မရပေမယ့် တိုင်းတစ်ပါးမှာတော့

ဝမ်းဝအောင်စားရင်း မေမေ့ရင်ခွင်အနား ပြေးမြင်မိပါတယ်

ခါးသက်လှတဲ့လောကအလည်မှာ အားငယ်စိတ်ထားနဲ့

ကြိုးစားနေတယ်ဆိုတာ မေမေသိရင်လေ

မျက်ရည်မခြွေလိုက်ပါနဲ့နော် သားလေ

တိုက်တာတွေနဲ့ ထားချင်သူမို့ပါ

အချောအလှတွေပေါများပေမယ့် မေတ္တာစစ်ဆိုတာလေ

မေမေ့ရင်ခွင်အလည်မှာ သားခိုဝင်နားချင်သူမို့

မေမေရယ် ကျမျက်ရည်ခြွေမိသူသား

အပြစ်မရပါစေသား

    ကာရံ ၆.၃.၂၀၁၄

3 comments

  • alinsett (gazette)

    March 9, 2014 at 8:21 pm

    နာလည်း….နာ ့မေမေကို ချစ်တယ်..
    :kwi:

    Reply

  • အရိပ်စစ်

    March 9, 2014 at 10:15 pm

    ပြည့်စေကွယ်…

    Reply

  • ကာရံ

    March 10, 2014 at 7:45 pm

    ကျေးဇူးအထူးတင်ပါတယ်

    Reply

Leave a Reply

Your email address will not be published.