ကာလပေါ် ကျန်ရစ်ခြင်း

အရိပ္စစ္February 17, 20141min03

မီးခိုးတွေ အူနေတာက
မြင်ကွင်းအားလုံး အရောင်တွေချို့တဲ့ နေသလို မိုးလုံးမှိုင်း
မိုးအုံ့နေတာလို့ ထင်ချင်ထင်ကြမယ်
ဟင့်အင်း
မိုးအစား မီးတွေ အုံ့နေတာ
အဝတ်မရှိတဲ့ သစ်ခြောက်ပင်တွေကလည်း
တစ်ခါက စိမ်းခဲ့ဖူးတယ်ဆိုတာကို
အခုပဲ ကြိမ်ပြကြတော့မလို ရှက်ရွံအားငယ်
တကယ်က
နောင်မှ တမိတဲ့ နောင်တလေးဟာ
ကြီးလေးလှတယ် ဆိုပြီး သဘောတရားပေါက်မြောက်ချင်နေတော့တာ
ရှုရှိုက်နေရတဲ့ လေဟာ
သစ်ရွက်ကြွင်းရနံ့ထက် မကဘူးဆိုတာကိုလည်း
တောမီးတန်းလှလှစွေးစွေးတွေက လှမ်းအော်တယ်
ဟုတ်ကဲ့
တစ်ချက် တစ်ချက်မှာ ဝါးလုံးပေါက်ကွဲသံတွေ ကြားရပါတယ်
အဲထဲမှာမှ
ပေါက်ကွဲသံ တစ်စုံ တစ်ခုကတော့ အကျယ်လောင်ဆုံးပဲ
နောက်ဆုံး
တို့ မီး ရှို့မီး အမျိုးမျိုးကြားထဲ ပြေးစရာ မြေရှားပါးလွန်းတယ်ဆိုတာ
ပြာမှုန်စတွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုကပဲ ကျန်ရစ်ပြခဲ့တယ် ။ ။

အရိပ်စစ်

3 comments

  • alinsett ( Gazette )

    February 17, 2014 at 7:03 am

    အကျယ်လောင်ဆုံး ပေါက်ကွဲသံအကြောင်း ထပ်စဉ်းစားနေတော့မယ်

    🙂

    Reply

  • အရိပ်စစ်

    February 18, 2014 at 8:54 pm

    ဘူးးးးးးးးးးးးးးးးးးးးး
    ဆိုတာဂျီးတော့ ဟုတ်ဘူးနော်လို့….ဟိဟိ

    Reply

  • Mr. MarGa

    February 19, 2014 at 11:29 am

    ဝါးလုံးပေါက်ကွဲသံ က
    နားထောင်စဖွယ် ဖြစ်ပေမင့်
    လူလုပ် ပေါက်ကွဲသံ ကတော့
    အကျည်းတန်လိုက်တာ………..

    Reply

Leave a Reply

Your email address will not be published.