မြန်မာအမျိုးသမီး လက်ဝှေ့ကျော်နှစ်ဦး…. ကမ္ဘာ့အဆင့် ဝင်ပြိုင်မည်

zaw mgAugust 28, 20101min01

မြန်မာအမျိုးသမီး လက်ဝှေ့ကျော်နှစ်ဦး….

ကမ္ဘာ့အဆင့် ဝင်ပြိုင်မည်

ဘာဘေဒိုးနိုင်ငံတွင် စက်တင်ဘာလတွင် ပြုလုပ်မည့် ကမ္ဘာ့လက်ဝှေ့ အဖွဲ့ချုပ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး လက်ဝှေ့ကျော် နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟုမဇ္ဖိုမသတင်းမှသိရသည်။

မြောက်အတ္တလန္တိတ် သမုဒ္ဒရာတွင်းရှိ ဘာဘေးဒိုး ကျွန်းနိုင်ငံမြို့တော် ဘရစ်ဂျ်တောင်းတွင် စက်တင်ဘာ ၆ ရက်မှ ၁၉  ရက်အထိ AIBA က ပြုလုပ်ကျင်းပမည့် ၆ ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး လက်ဝှေ့ ချန်ပီယံ ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် မကြူကြူသင်းနှင့် မနှင်းမို့မို့နိုင်တို့ ဝင်ပြိုင်မည်ဖြစ်ဟု သိရသည်။

မကြူကြူသင်း က ၄၈ ကီလိုတန်းတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး မနှင်းမို့မို့နိုင်က ၅၁ ကီလိုတန်း ဝင်ပြိုင်မည်ဖြစ်ကာ နည်းပြအဖြစ် ဦးတင်မောင်ဖေက တာဝန်ယူထားသည်။

သို့သော်လည်း ပြိုင်ပွဲ အတွေ့အကြုံကိုရရေး အဓိကထား၍ သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်သည်ဟု မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် အတွင်းရေးမှူး ဦးတင်လှိုင်က ပြောသည်။

“ကျနော်တို့အနေနဲ့ ရွှေ၊ ငွေ၊ ကြေးတို့ဆိုတဲ့ တံဆိပ်တွေက အချိန်နည်းနည်းတော့ ယူရအုံးမယ် ” ဟု ဦးတင်လှိုင်က ဆိုသည်။

မကြူကြူသင်းနှင့် မနှင်းမို့မို့နိုင်တို့သည် အရှေ့တောင်အာရှ နိုင်ငံများအသင်း ပြိုင်ပွဲတွင် ငွေအဆင့်နှင့် ဖိတ်ခေါ်ပြိုင်ပွဲများတွင် ရွှေအဆင့်ထိ ရထားသည်။

စီမံခန့်ခွဲမှု ချို့ယွင်းချက်ကြောင့် မှေးမှိန်နေသော မြန်မာ့အားကစားကို ပံ့ပိုးမှုကောင်းရန်လိုအပ်သည်ဟု ဦးတင်လှိုင်က သုံးသပ်ထားသည်။

“ပံ့ပိုးမှုဆိုတာက သူတို့ရဲ့ အခြေခံ စားဝတ်နေရေး ပြေလည်ရမယ်။ သူတို့ ဘဝတက်လမ်းအတွက် ပညာရေး လမ်းကြောင်းလေးလည်း ရှိနေရမယ်။ နောက် သူတို့ကြိုးစားတဲ့ အားကစားမှာလည်း သူတို့အတွက် ထိုက်တန်တဲ့ အခွင့်အရေး ရရမယ်”ဟု သူက ပြောသည်။

One comment

  • Gong Zhu

    September 16, 2010 at 12:35 pm

    မြန်မာအမျိုးသမီး တွေကအရမ်းကိုတော်တာပဲဟေ့ . . .

    Reply

Leave a Reply

Your email address will not be published.