ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ခြင်း…Thanks a lot…….

Normal
0

false
false
false

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}

ဒီနေ့နေ့ခင်း စိတ်ထဲ ပေါ့ပါးလတ်ဆတ် ပြီး မြူးနေမိတယ်…

ဘာရယ်တော့မဟုတ်…နေ့ရွှေ့ ညရွှေ့ နဲ့ ထားခဲ့တဲ့ အလုပ်ကြွေးတစ်ခုရှောရှောရှု ရှု ပီးသွားလို့ပါ…ဒီအတွက်လည်းကျေးဇူးတင်ထိုက်သူ ဂဇက်ရွာသား တစ်ယောက်နဲ့

ဂဇက်ရွာသူတစ်ယောက်တို့ကို ကျေးဇူးဥပကာရတင်ရှိပါကြောင်းလေးလေးနက်နက်ပြောချင်လို့ ဒီစာကိုရေးလိုက်တာပါ…

ပြီးသွားတယ်..ဆိုတဲ့အလုပ်က ပါတ်စ်ပို့ သက်တမ်းတိုးတဲ့ အလုပ်ပါ…

တိုးမယ်..တိုးမယ်နဲ့ ရက်ရွှေ့လာတာ..ဒီနေ့မှတိုးဖြစ်သွားပါတယ်…

သက်တမ်းက ၂၀၁၃ အောက်တိုဘာကတည်းကကုန်နေတာလေ…

ပထမဆုံး ပါတ်စ်ပို့ရုံးသစ် ပြောင်းပီးချိန် သက်တမ်းတိုး အတွေ့အကြုံရေးတင်ခဲ့သူက

ကျုပ်တို့ရဲ့ ဇတ်လိုက်ကျော်ကြီး “ဦးဦးပါလေရာ” ပါ….

ဒုတိယ ထပ်မံပီး အသေးစိတ် အကြံပြုချက်တွေနဲ့ ကိုယ်တွေ့ အခက်အခဲလေးတွေရေးတင်သူက ဂဇက်ရွာသူ မွသဲနုအေးပါ…

ဦးပါရဲ့ စာတော့ ဒိတ်မမှတ်မိတော့ဘူး(ခွေးလွှတ်ပါ ဦးပါ)…

မွသဲ ရဲ့စာကတော့ ကိုယ်လည်းသက်တမ်းတိုးဖို့ လိုနေချိန်မို့

ဝတ်ဒ်ဖိုင်နဲ့ ကူးထားလိုက်လို့ မှတ်မိနေပါတယ်…..(လိုအပ်သူတွေ ဖတ်ရှုနိုင်အောင်လင့်ပေးလိုက်ပါတယ်)

Passport ရုံးမှဆောင်ရန်ရှောင်ရန်

          TNA

http://myanmargazette.net/189594

 

ဒီနေ့ ပတ်စ်ပို့ သက်တမ်းတိုးဖို့  ရွှေပြည်သာစက်ရုံက ၉နာရီမှ စထွက်တာပါ

၁ဝ နာရီလောက် ရုံးကိုရောက်သွားပါတယ်…ရုံးမှာလူတွေစည်ကားနေပြီပေါ့..

ကျုပ်ကတော့ ခပ်အေးအေးပါပဲ…ရောက်တာနဲ့ ဖေါင်ဝယ်လိုက်တယ်(ဖေါင်ဖိုး

၅၀၀ဝကျပ်ဖြစ်နေပါပြီ)

ပြီးဓါတ်သေသွားရိုက် (ကောင်တာတွေခွဲထားတော့ ငါးမိနစ်လောက်ပဲကြာပါတယ်)

ပြီး စာအုပ်ဖိုး ၂၀၀၀ဝ သွင်းတာ ၁၅မိနစ်လောက်နဲ့ပီးပါတယ်…..

ဓါတ်ပုံ က နောက် ၄၅ မိနစ်နေမှရမယ်ဆိုတော့…အေးအေးဆေးဆေး

ဖေါင်ဖြည့်ပါတယ်..ဖေါင်ဖြည့်ပြီးတာတောင် ၄၅မိနစ် မပြည့်သေးလို့

အပေါ့အပါးသွား…အဆောက်အဦးအပြင်ဘက်သစ်ပင်ရိပ်သွားပြီး

စီကရက်တစ်လိပ် နဲ့ လေညှင်းခံနေလိုက်ပါသေးတယ်……

ပြီးတော့..ဓါတ်ပုံရွေး (၄၅ မိနစ်တိတိမှာ ရသဗျို့)..ဖေါင်မှာကပ်..

အနားက ရဲသားတစ်ယောက်ကိုဘယ်မှာတင်ရမလဲမေးတော့…

“အဘ လျှောက်လွှာစီပီးပလားတဲ့..”

ကျုပ်က မစီရသေးဘူးဆိုတော့…

“ကျနော်စီပေးမယ်..အဘ” ဆိုပီးလိုအပ်တဲ့ စာရွက်စာတမ်းအထောက်အထားတွေစစ်

ပြီးစီပေးပါတယ်…ပီးတော့မှ..

“အဘ..ဟိုးနားက မြင်ရတဲ့ ကောင်တာ(၁) ကိုသွားတင်လိုက်ပါ” တဲ့

ကျုပ်က ဘယ်လောက်ပေးရမလဲ..ဆိုတော့

“မပေးရပါဘူး..အဘရယ်”..တဲ့

ကျုပ်လည်း သဒ္ဒါပေါက်လို့ လက်ဘက်ရည်သောက်ကွာ..ဆိုပီး ၂၀၀ဝ ပေးခဲ့ပါတယ်

အဲ ကောင်တာကျုပ်သွားတင်ပြီးစောင့်တော့ ..သိပ်မကြာခင်ပဲနာမည်ခေါ်တယ်

ထသွားလိုက်တော့မှတ်ပုံတင်မူရင်းယူကြည့်တယ်…လက်မ လက်ဗွေ ရယ် လက်မှတ်ရယ်

စက်နဲ့ယူတယ်…ပြီးတော့ “ရပါပြီ ထိုင်စောင့်ပါခင်ညာ”တဲ့..

နောက်မိနစ်နှစ်ဆယ်လောက်ရောက်တော့ ကျုပ်လက်ထဲ စလစ် ရောက်လာရော..

နာရီကြည့်တော့  ၁၁ နာရီခွဲ ပီးရုံ ရှိသေးတယ်…မြန်ချက်…

စုစုပေါင်း ဆောင်ရွက်ချိန် တစ်နာရီခွဲပဲကြာလိုက်တယ်………

အဲဒါဘာကြောင့်လည်းဆိုတော့…………..

အပေါ်မှာဖေါ်ပြခဲ့တဲ့ ပုဂ္ဂိုလ် နှစ်ဦးရဲ့ မျှဝေပေးခဲ့တဲ့ အတွေ့အကြုံ ဆောင်းပါးလေးတွေ

ကြောင့်ပေါ့ဗျာ…မသွားခင်ကတည်းက ဘာယူသွားရမယ်၊ ဘာပီးရင်ဘာလုပ်ရမယ်

အစဉ်အတိုင်းသိနေတော့…“ရှေ့လူမှားရင် နောက်လူကောင်းစားတယ်”

ဆိုသလို…ကိုယ်တွေ့ကြုံခဲ့တဲ့ အခက်အခဲတွေကို ဒီဂဇက်ပေါ်မှာ ရှယ်ခဲ့ကြတဲ့

ဦးဦးပါလေရာ နဲ့ မသဲနုအေးတို့ကို ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း

ဒီဆောင်းပါးနဲ့ ဂုဏ်ပြုလိုက်ရပါကြောင်းဗျာ…..

ဒီနေ့ တင်ခဲ့တာ..ပါတ်စ်ပို့က ဖေဖေါ်ဝါရီလတစ်ရက်နေ့ ရမယ်ဆိုပဲ..

အများကြီးတိုးတက်လာတယ်ဗျာ…နောင်လည်း ရုံးလုပ်ငန်းတွေ ဒီထက်

ပိုမိုလွယ်ကူ လျှင်မြန်ဆောင်ရွင်နိုင်ပါစေကြောင်း..ဆုတောင်းရင်း….

 

အားလုံးကိုလေးစားခင်မင်လျှက်..

လမ်းဆက်လျှောက်နေတဲ့..

ကြီးမိုက်။

၂၂၊ ၁၊ ၂၀၁၄

 

14 comments

    • Foreign Resident

      January 23, 2014 at 8:52 am

      လုံမလေးမွန်မွန် says:
      ” ဘာလို့ ၂၀၀ဝ ​ပေးခဲ့တာလဲဟင်​င်​.. 🙂 ”

      အခုခေတ်က ၁၀၀ဝ တန် တစ်ရွက်ထဲ ဆိုရင် ၊
      သိပ်နည်းနေတယ်လို့ ထင် / ခံစား ရလို့လေ ။

      အဘ ရဲ့ ဝမ်းကွဲ တူလေး ၆ နှစ်သားလေး ဆိုရင် ၊
      မုန့်ဘိုး ဆိုပြီး ၂၀ဝ တန်ပေးရင် လွှင့်ပြစ်သကွဲ့ ။

      Reply

  • Mr. MarGa

    January 22, 2014 at 5:14 pm

    ရွာသူား ဖြစ်ရခြင်းရဲ့ ကောင်းကျိုးတွေထဲက တစ်ချက်ပေါ့ဗျာ…………………

    Reply

  • Mr. MarGa

    January 22, 2014 at 5:15 pm

    ရွာသူား ဖြစ်ရခြင်းရဲ့ ကောင်းကျိုးတွေထဲက တစ်ချက်ပေါ့ဗျာ………………… 😉

    Reply

  • ဒညင်းဝက်

    January 22, 2014 at 8:12 pm

    2000 ဆိုလည်း.. 2000 မျက်နှာက.. ရှိနေတာပဲ..လေ..
    😆

    အဲဒီ လက်ဖက်ရည်ဖိုးပေးတဲ ့အကျင့် / ယူတဲ ့အကျင့်က…
    တခြားတိုင်းပြည် / တခြားလူမျိုးတွေဆီမှာရော… ရှိသလားလို ့….တွေးမိတယ်.. ။
    😆

    Reply

  • ရွှေတိုက်စိုး

    January 23, 2014 at 9:00 am

    ပေးစရာမလိုဘူးဆို ပိုက်ဆံမပေးပဲ… စကားလေးနဲ. အားပေးခဲ့ရမှာဗျ.. ပြီးတော့ အဲဒီကောင်လေးက ဝန်ထမ်းလား.. အဲလို ဝန်ထမ်းဆိုရင် သူထက် အရာရှိနဲ.တွေ.တဲ့အချိန် ဒီဝန်ထမ်းနာမည်လေးကို ပြောပြပေးခဲ့ရမှာ… ပြီးတော့ လက်လှမ်းမှီရာ လူတွေလဲ အဲဒီကောင်လေးအဲလိုဆိုတာ ပြောပြရမှာ…. ဒါမှ နောက်အတုယူစရာတွေဖြစ်မယ်ထင်တယ်နော်…
    အခုတော့…. ၂၀၀ဝ ပေးပြစ်ခဲ့တယ်တဲ့…. ဟွန်.
    မုန်းချာကောင်းထာအေ…. ဦးမိုက်နှယ့်…………………………..

    Reply

  • kyeemite

    January 23, 2014 at 9:33 am

    ငွေနှစ်ထောင်ပေးခဲ့တဲ့အတွက် အပြစ်တင်ရင်လည်းခံရတော့မှာပဲ..မိတ်ဆွေတို့ရေ…
    အဲဒီရဲသားလေးက တရစ်မှမရှိသေးတဲ့ ရဲလေးပါ…ပီးတော့ တာဝန်ကျေမဟုတ်ပဲ
    တကယ့်ကိုစိတ်ပါလက်ပါကူညီတာရယ်…ကောင်းသောအကြံတွေ မတောင်းပဲပေးတာရယ်
    ပိုက်ဆံ မတောင်းတာရယ်တွေကြောင့် သဒ္ဒါပေါက်လို့ကို အတင်းပေးခဲ့တာပါ…
    ဖတ်ပြီးကွန်မန့်ဝင်ပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်… 😆

    Reply

  • ဦးဦးပါလေရာ

    January 23, 2014 at 11:08 am

    ကိုယ့်အတွေ့အကြုံ ကိုယ်မေ့သွားပြီမို့ သူ့အတွေ့အကြုံကို ပြန်ကူးထားလိုက်ကြောင်း…..

    စကားမစပ်-

    လာဘ် ပေးတာ နဲ့ Tip (မုန့်ဘိုး) ပေးတာ မတူပါဘူးလို့ထင်ပါတယ်….
    အောက်ခြေဝန်ထမ်းတွေရဲ့ အိမ်စားရိတ်က တစ်လ ငါးသိန်းလောက်ရှိပြီး
    တရားဝင်လစာနဲ့ ထောက်ပံ့ကြေးဘာညာက တစ်လ တစ်သိန်းခွဲလောက်ပဲ ရပါတယ်။
    ကျုပ်သာ အောက်ခြေဝန်ထမ်းဆိုရင် မုန့်ဘိုးပေးတာကို လိုချင်မိမှာပဲ….

    Reply

  • manawphyulay

    January 23, 2014 at 11:31 am

    ပတ်စပိုစ့်ကတော့ ဒီတစ်သက်ရတော့မယ်မထင်ပါ။ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းစစ်တဲ့နေရာအရောက်မှာ သန်းခေါင်စာရင်းက ဝါးနေလို့ ပြန်လဲပြီးမှလာပါတဲ့လေ… လဝက ရုံးမှာ သွားပြန်လဲတာ ညကတော့ လွှတ်တော်မှာ ၃ ရက်ပဲ အလွန်ဆုံးစောင့်ရမယ်ပြောတာနဲ့ တစ်ခြားစီပဲ သန်းခေါင်စာရင်းအသစ်အဟောင်းလဲတာ တစ်ပတ်ပြန်ချိန်းတယ်။ နောက် အသက်က မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းမှာ လကွာနေတာ ပြောတာကို ကော်လရှင်ပင်နဲ့ဖျက်ပြီး လဝကက မိန်းမက ဆောင့်ဆောင့်အောင့်အောင့်နဲ့ ပြန်ပြင်ပေးတယ်။ ဒီလိုဖျက်ရာနဲ့ ပတ်စပို့ရုံးက မရဘူးပြောတာကို သူ့တို့အပိုင်းမဟုတ်ဘူးတဲ့ မှားနေတာကို ပြန်ပြင်ပေးတာပဲ ဘုတောလိုက်တယ်။ ဒါကြောင့် ပတ်စပိုစ့်ရုံးလည်း ပြန်မရောက်ဖြစ်တော့ဘူး။ ဘယ်လိုလုပ်ရပါ့ အရပ်ကတို့ရေ….

    စိတ်လေနေတယ်…

    Reply

    • kyeemite

      January 23, 2014 at 11:57 am

      “ ကော်လရှင်ပင်နဲ့ဖျက်ပြီး လဝကက မိန်းမက ဆောင့်ဆောင့်အောင့်အောင့်နဲ့ ပြန်ပြင်ပေးတယ်။ ဒီလိုဖျက်ရာနဲ့ ပတ်စပို့ရုံးက မရဘူးပြောတာကို သူ့တို့အပိုင်းမဟုတ်ဘူးတဲ့ မှားနေတာကို ပြန်ပြင်ပေးတာပဲ ဘုတောလိုက်တယ်။ ”
      တကယ်တော့ ပြင်ပေးတယ်ဆိုရင် ပြင်ရာဘေးနားမှာ လဝက အရာရှိက အင်နီရှယ်ထိုးပေးရမှာ..ဒါမှ
      တခြားရုံးတွေကလက်ခံမှာပေါ့….ဆိုတော့ ပတ်စ်ပို့ရုံးကိုတစ်ခေါက်ပြန်သွားပြီး အရာရှိနဲ့ဝင်တွေ့ပြီး
      ရှင်းပြရင် ရနိုင်မယ်မှတ်တယ်ဗျာ…ကြိုးစားကြည့်ပါအုံးလေ.. 😆

      Reply

  • KZ

    January 23, 2014 at 3:16 pm

    အနော့ ပတ်(စ) ပု က ကိုယ်တိုင် တန်းစီခဲ့ရတာ။
    ၄ ရက်လောက်ကုန်တယ်။
    ဘာတွေမှန်းတော့မသိဘူးးး
    ပွဲစားကို မပေးချင်ဘူးကိုးးးး

    အနော့ ယောက်ခမွ မသဲကိုယ်စား You are welcome! ပါလို့ ပြောပါရစေ။

    😀

    Reply

  • TNA

    January 23, 2014 at 3:56 pm

    ကျွန်မတင်လိုက်တဲ့ပိုစ့်ကလေးကအကျိုးရှိတယ်ဆိုလို့ဝမ်းသာပါတယ် ဦးမိုက်ရေ။
    ပတ်(စ) ပု ထုပ်မဲ့ ဆောင်ရန်လေးလဲ မှတ်သားလိုက်ပါအုံးအူးမိုက်ရေ။ စလစ်ကို အဝင်ပေါက်အပြင် ဖက်ကကောင်တာမှာတခါတည်းစာအုပ်ထွက်မထွက်စစ်ပါ။ တထောင်ပေးရပါတယ်။ ထွက်တယ်ဆိုရင် မှတ်ချက်ရေးထားတဲ့ စလစ်ကို အတွင်းဖောင်စီတဲ့အခန်းမှာ မိတ်တူကူးပါ။ အဲမိတ်တူနဲ့ မူရင်းနဲ့ယူပြီး စာအုပ်ထုပ်ရန်အခန်းမှာသွားထပ်ထားလိုက်ပါ။ ခဏထိုင်စောင့်ပြီးရင် စာအုပ်အဟောင်းရော အသစ်ပါ တခါတည်းပြန်ထုပ်ပေးပါတယ်။ သူခေါ်ပေးတဲ့နံပါတ်ကို လယ်ဂျာစာအုပ်ထဲဖြည့်ရပါတယ်။ ပတ်(စ)ပု ဖုံးတဲ့အရွက်ကလေးကိုတော့ တထောင်ပေးပြီးယူရပါ မယ်။ :kwi:

    Reply

    • TNA

      January 23, 2014 at 3:57 pm

      ငင့်မွှားဘီ စလစ်စစ်တာ နှစ်ရာပဲပေးရတယ်။ တထောင်လို့မှားရေးလိုက်မိတယ် ဆောဒီး

      Reply

  • kyeemite

    January 24, 2014 at 8:28 am

    အော်..ဟော်..ဟော်..မျှော်နေတာ…ကျေးဇူးရှင်က အခုမှပေါ်တော်မူလာတာကိုးဗျ 😀
    အမှန်တကယ်အကျုးိရှိတဲ့ပို့စ်ပါ မွသဲရေ…လက်တွေ့အကျိုး ခံစားခဲ့ရလို့ပါ…
    ပတ်(စ) ပု ထုတ်မဲ့ ဆောင်ရန်လေးလဲ မှတ်သား သွားပါဂျောင်းးးး
    ကျေးဇူးအထူးပါလို့ထပ်ပြောခွင့်ပြုပါ 😛
    ကျေးဇူးရှင်မလာခင် အပေါ်မှာကျေးဇူးရှင်ရဲ့ မတော်ရသေးတဲ့ခွေးမ…အဲ..အဲ..ချွေးမကအရင်
    “You are welcome!” လာလုပ်သွားလေရဲ့…ခွိခိခွိခိ 😛

    Reply

Leave a Reply

Your email address will not be published.