နှစ်သစ်ကူးအလှူနဲ့ဒါဇင်ပလပ်စ်(၁၈ကြိမ်)

Shwe EiJanuary 10, 20142min09

မင်္ဂလာနှစ်သစ်မှာ ရွာသူား အပေါင်းတို့ရှင်….

လစဉ်လတိုင်း ပညာရေးပရဟိတအလှူငွေတွေကို ဒါဇင်ပလပ်စ်ဆိုတဲ့ နာမည်နဲ့ ကျွန်မတို့ မန်းဂဇက်ရွာသူားများအဖွဲ့က ဦးစီးဦးဆောင်ပြုပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း သီလရှင်စာသင်ကျောင်းတွေကို သွားရောက်လှူဒါန်းနေခဲ့တာ အခုဆိုရင် ၁၈ကြိမ်တိုင်ခဲ့ပါပြီ။

ဒီတခေါက်မှာတော့ လှူခဲ့သမျှကျောင်းတွေထဲက အချို့တဲ့ဆုံးလို့ ယူဆရတဲ့ ဒေါ်ဖွားသီလရှင်စာသင်ကျောင်းကို ဒုတိယအကြိမ်သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။

အလှူရှင်အသစ်တွေကို ဖိတ်ခေါ်ချင်တဲ့ရည်ရွယ်ချက်နဲ့ပေါ့လေ 🙂

ကျောင်းရဲ့တည်နေရာက ဒဂုံမြို့သစ်တောင်ပိုင်း ရှမ်းတဲကြီးရပ်ကွက်ပါ။

ကျောင်းထိုင်ဆရာလေးကို တော့ ဒီဖုန်းနံပတ်အတိုင်းဆက်သွယ်လှူဒါန်းနိုင်ပါတယ်…၀၉ ၄၂ဝ ၁၁၄၄ ၈၁

ဂုဏ်ပြုမှတ်တမ်း
ဂုဏ်ပြုမှတ်တမ်း
စာသင်ဆောင်/ဘုရားခန်း/ဆရာလေးရဲ့ကျောင်းသင်္ခန်း
စာသင်ဆောင်/ဘုရားခန်း/ဆရာလေးရဲ့ကျောင်းသင်္ခန်း
လယ်ကွင်းထဲကစာသင်ကျောင်း
လယ်ကွင်းထဲကစာသင်ကျောင်း
ကျောင်းဝန်းထဲလာဆော့တဲ့ခလေးလေး
ကျောင်းဝန်းထဲလာဆော့တဲ့ခလေးလေး
ဒါဇင်ပလပ်စ်အဖွဲ့သားများ :P
ဒါဇင်ပလပ်စ်အဖွဲ့သားများ 😛
အလှူငွေကျပ် ၄သိန်းတသောင်း၂ထောင်တိတိ
အလှူငွေကျပ် ၄သိန်းတသောင်း၂ထောင်တိတိ

မြန်မာဂဇက် ရွာသူားအပေါင်း နှစ်သစ်မှာ တောင်းတအပ်တဲ့အလိုဆန္ဒတွေ တလုံးတဝထဲပြည့်စုံကျပါစေဗျာ 🙂

9 comments

  • ကြောင်ဝတုတ်

    January 10, 2014 at 11:29 am

    ဒေါ်ဖွားရှင်ကျောင်းကို ဒုတိယတစ်ခေါက်လှူဖြစ်တာကတော့…
    ဒါဇင်ပလပ်(စ)ရဲ့ တစ်နှစ်ကျော်သက်တမ်းမှာ အချို့တဲ့ဆုံးဖြစ်ရုံမက…
    ကျောင်းကိုဦးစီးဦးဆောင်ပြုနေကြတဲ့ ဆရာလေးတို့ရဲ့ကြိုးစားအားထုတ်မှုကြောင့်လဲပါပါတယ်…
    လူသူအရောက်အပေါက်နဲတဲ့နေရာမှာဖြစ်နေတဲ့အပြင်… ပတ်ဝန်းကျင်အနေအထားအရ…
    ပညာရေးကို ဦးစားမပေးန်ိုင်တဲ့မိသားစုတွေချည်းပဲမို့ အဲဒီဒေသမှာရှိတဲ့ ကလေးငယ်လေးတွေရဲ့…
    ပညာရေးကို တဖက်တလမ်းကဖြည့်ဆည်းနေတဲ့ကျောင်းလေးမို့… ဒုတိယအကြိမ်သွားကြဖို့…
    ဒါဇင်ပလပ်(စ) ဆုံးဖြတ်လိုက်ခြင်းလဲဖြစ်ပါတယ်…

    ဒီတစ်ခေါက်မှာတော့ ကျောင်းအတွက်လိုအပ်သမျှတွေပိုမိုပြီးထိရောက်အောင်ဆောင်ရွက်ဖို့…
    စာရေးကိရိယာတွေမလှူတော့ပဲ လိုအပ်နေတဲ့အရာရာကို ဖြည့်ဆည်းဖို့ ငွေသားချည်း ၄သိန်းကျော်
    လှူဒါန်းဖို့လဲ ဆုံးဖြတ်လိုက်ပါတယ်…

    စိတ်မကောင်းစရာတစ်ခုတွေ့လိုက်ရတာက…
    အလှူရှင်စာရင်းစာအုပ်မှာ အဖွဲ့နာမည်ဖြည့်သွင်းတဲ့အချိန်မှာတော့…
    လွန်ခဲ့တဲ့ တစ်လကျော်က ဒါဇင်ပလပ်(စ)လှူခဲ့တဲ့အလှူနောက်မှာ မည်သူတစ်ဦးတစ်ယောက်မှ
    လာရောက်လှူဒါန်းခြင်းမရှိတာကိုတွေ့ရသည်မို့…
    ရှိသမျှနဲ့ ရပ်တည်ကြိုးစားနေသူတွေကို ထပ်မံပြီး အင်အားဖြည့်လိုက်တယ်လို့ ပိုမိုဝမ်းမြောက်လိုက်မိပါတယ်…

    ကျွန်တော်တို့ ဒါဇင်ပလပ်(စ)တို့ ကြိုးစားဦးမှာပါ… ဒီထက်ပိုလှူနိုင်အောင်…
    ဒီထက်ပိုပြီး ဆင်းရဲချို့တည့်တဲ့ကျောင်းလေးတွေရှာတွေ့အောင်ပါ…
    အဲဒီတော့… တစ်လက်စထဲ…
    ကျွန်တော်တို့ ဒါဇင်ပလပ်(စ)နဲ့ လူမျိုးမရွေး… ဘာသာမရွေး…
    ပညာရေးသာပဒါနထားပြီး ပူးပေါင်းကြပါဦးလို့….

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    Reply

  • ကထူးဆန်း

    January 10, 2014 at 11:34 am

    ဘဲဒီးဘစ် ကွန်ကရက်ကျူးလေးရှင်းပါ ..

    Reply

  • KZ

    January 10, 2014 at 12:32 pm

    ဒီလို အပင်ပန်းခံသွားရောက် ပေးလှူတဲ့သူ ရှိလို့သာ
    ကျနော်တို့ သက်တောင့်သက်သာ ယုံယုံကြည်ကြည် လှူလို့ရတာမို့
    ဒါဇင် ပလပ်(စ) အဖွဲ့ကို ကျေးဇူးတင်ပါတယ်။

    :chit:

    Reply

    • Novy

      January 10, 2014 at 2:58 pm

      ဆွိပြောတဲ့အတိုင်ပါပဲရှင်…:kwi:

      သာဓု.သာဓု. သာဓုပါရှင်

      Reply

  • မဟာရာဇာ အံစာတုံး

    January 10, 2014 at 3:25 pm

    သာဒု .. သာဒု .. သာဒု ပါ ခင်ဗျာ ..
    ၁၈ မှသည် ၁၈ဝ ဆီသို့
    ၁၈ဝ မှသည် ၁၈၀ဝ .. ဝ၀ဝ ..၀၀၀ဝ ဆီသို့ …
    စိမ်းလဲ့သော လက်များ မညှိုးပါစေသား ခင်ဗျားး

    ဒါ့ထက် …
    ဒါဇင်ပလပ်စ် က မစွံသေးသူတွေ
    မြန်မြန် စွံကြပါစေကြောင်းလည်း ….
    :mrgreen:

    Reply

  • စားဖို့..နေဖို့..မိသားစုဖို့..ဟိုဖို့..ဒီဖို့ တွေနဲ့ .. အသက်ရှင်တဲ့အချိန်မှာ ပညာဒါနလည်း လုပ်ဖို့ တွေးမိသွားပါတယ်…

    ဂုဏ်ယူပါတယ် ဒါဇင်ပလပ်စ်အဖွဲ့သားများရှင့်..

    Reply

  • တိမ်တမန်

    January 10, 2014 at 7:12 pm

    ၁၈ ကြိမ်တောင် တိုင်ခဲ့ပြီပဲ
    ရှေ့ဆက်ပြီး ဆထက်တပိုး တိုး၍ အများအကျိုးသယ်ပိုးနိုင်ကြမှာပါဗျာ
    သာဓုခေါ်မဆုံးဘူးဗျ

    Reply

  • kyeemite

    January 11, 2014 at 11:28 am

    ဒါဇင်ပလပ်စ်ကရွာသူားအပေါင်း နှစ်သစ်မှာ တောင်းတအပ်တဲ့အလိုဆန္ဒတွေ တလုံးတဝထဲပြည့်စုံကျပါစေဗျာ ….သာဓု..သာဓု…သာဓု

    Reply

  • ကျော်စွာခေါင်

    January 15, 2014 at 12:18 am

    မရွှေအိ
    ကျနော် ဒီ ဒါဇင် ပလပ် စ် အဖွဲ ့ရဲ ့ အကြောင်းကို ခုမှ သိတာ..
    ကျနော်က ရွာရောက်တာလည်းမကြာသေးသလို ဘာမှ သိပ်မသိတာလည်းပါပါတယ်..။
    ဒါဇင်ပလပ်စ်အဖွဲ့ကို ကျနော် ဘယ်လို ဆက်သွယ်ရမယ် ဆိုတာလေး ပြောပြပေးနိုင်မလား
    အရွှေအိဖြစ်ဖြစ်..ကို ဝတုတ်ဖြစ်ဖြစ်ပေါ့…
    kyawswarkaung@gmail.com ကို စာပို ့ထားလည်းရသလို…
    ဖုန်းနဲ ့လဲ ပြောလို ့ရပါတယ်..။
    အခုသိရတဲ ့အလှုကိုလဲ သာဓုခေါ်ပါတယ်ဗျာ..၊၊
    ကျေးဇူးပြုပြီး ဆက်သွယ်ပေးပါ..။

    Reply

Leave a Reply

Your email address will not be published.