ဘားအံမြို့သို့ အလည်တစ်ခေါက်

weiweiJanuary 7, 20146min013

ဘားအံမြို့ကို သာမညဆရာတော်နာမည်ကျော်ကြားစဉ်အခါက ကျိုက်ထီးရိုး သာမညခရီးစဉ်နဲ့ ဘုရားဖူးခရီးသည်တွေ အသွားများကြပေမယ့် သာမညဆရာတော်ပျံလွန်တော်မူပြီးနောက်ပိုင်းမှာ ခရီးသွားနဲသွားခဲ့ပါတယ်။

အခုဆိုရင် ရန်ကုန် – ဘားအံလမ်းက အရမ်းကောင်းနေပါပြီ။ ရန်ကုန်ကနေ ၅ နာရီလောက် ကားမောင်းရင် ရောက်နိုင်ပြီဖြစ်တဲ့အတွက် နေ့ခြင်းပြန် ဘုရားဖူးသွားဖို့ သင့်လျှော်တဲ့ သာယာလှပတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။

ဒီပို့စ်မှာတော့ ရောက်ခဲ့သမျှနေရာတွေထဲက လှတဲ့ပုံလေးတွေကို ရွေးထုတ်ပြီး ပြချင်ပြတယ်။

ဒီလမ်းလေးက ဘုရင့်ညီဂူအသွားလမ်းလေး
ဒီလမ်းလေးက ဘုရင့်ညီဂူအသွားလမ်းလေး
ဘုရင့်ညီဂူရှေ့က ရေပူကန်
ဘုရင့်ညီဂူရှေ့က ရေပူကန်
ဂူပေါက်ဝရောက်ဖို့ တောင်အလယ်ကို ဒီလိုလှေကားနဲ့ တက်ရသေးတယ်
ဂူပေါက်ဝရောက်ဖို့ တောင်အလယ်ကို ဒီလိုလှေကားနဲ့ တက်ရသေးတယ်
လှေကားဆုံးတော့ ဒီလိုလေး အမောပြေစေတဲ့ စေတီလေးတွေ
လှေကားဆုံးတော့ ဒီလိုလေး အမောပြေစေတဲ့ စေတီလေးတွေ
ဂူအတွင်းပိုင်းမှာ ..
ဂူအတွင်းပိုင်းမှာ ..
ဆင်းတုတော်တွေ အများကြီးပဲ
ဆင်းတုတော်တွေ အများကြီးပဲ
သဘာဝ ကျောက်ဂူ
သဘာဝ ကျောက်ဂူ
ဘားအံမြို့မှ ကြိုဆိုပါတယ်
ဘားအံမြို့မှ ကြိုဆိုပါတယ်
သံလွင်မြစ်အလှ
သံလွင်မြစ်အလှ
လှေစီးပြီး လျှောက်ကြည့်ချင်မိတယ်
လှေစီးပြီး လျှောက်ကြည့်ချင်မိတယ်
ကြက်တိုက်နေတာတွေ့မိလို့ မှတ်တမ်းတင်မိတယ်
ကြက်တိုက်နေတာတွေ့မိလို့ မှတ်တမ်းတင်မိတယ်
သာယာလှပတယ် ..
သာယာလှပတယ် ..
ဆန္ဒန်ဂူ ..
ဆန္ဒန်ဂူ ..
ဂူထဲသို့ အဝင်လမ်း
ဂူထဲသို့ အဝင်လမ်း
ဂူအတွင်းပိုင်း
ဂူအတွင်းပိုင်း
သဘာဝကျကျ ရေတွင်းလေး
သဘာဝကျကျ ရေတွင်းလေး
ဒီလိုလေးကြည့်ရတာ မျက်စိအေးတယ်
ဒီလိုလေးကြည့်ရတာ မျက်စိအေးတယ်
အဝေးကမြင်ရတဲ့ ဆန္ဒန်ဂူ ပါတ်ဝန်းကျင် (ကားပေါ်မှ လျှပ်တစ်ပြတ်ရိုက်ချက်)
အဝေးကမြင်ရတဲ့ ဆန္ဒန်ဂူ ပါတ်ဝန်းကျင် (ကားပေါ်မှ လျှပ်တစ်ပြတ်ရိုက်ချက်)
ဆန္ဒန်ဂူသွားရာလမ်းမှ သဘာဝရှုခင်းများ
ဆန္ဒန်ဂူသွားရာလမ်းမှ သဘာဝရှုခင်းများ
အရောင်အသွေး တစ်မျိုးဆန်းနေတယ်
အရောင်အသွေး တစ်မျိုးဆန်းနေတယ်
ကျောက်ကလပ်တောင်စေတီ
ကျောက်ကလပ်တောင်စေတီ
ကျောက်ကလပ်တောင်မှ မြင်ရသော ရှုခင်း
ကျောက်ကလပ်တောင်မှ မြင်ရသော ရှုခင်း
ရင်သပ်ရှုမောဖြစ်လောက်အောင် လှပတယ်
ရင်သပ်ရှုမောဖြစ်လောက်အောင် လှပတယ်

ဘားအံအလှအပများကို ခံစားကြည့်ပါအုန်း ..

နောက်တစ်ခါ ဘားအံသွားရင် ဇွဲကပင်တောင်ထိပ်ကိုရောက်အောင် တက်ကြည့်မယ်လို့ စိတ်ကူးထားပါတယ်။
တောင်ပေါ်တက်ဖို့ ဘယ်သူတွေ လိုက်ကြအုန်းမလဲ ????

13 comments

  • nozomi

    January 8, 2014 at 9:18 am

    ဓါတ်ပုံလေးတွေက လှလိုက်တာလို့ မပြောပဲမနေနိုင်လောက်အောင် လှတာပဲ
    ရှုခင်းလေးတွေကြည့်ရတာ စိတ်ကိုအေးချမ်းသွားတာပဲ

    ရိုက်တဲ့ ဆရာမ ကလဲ ချောမယ် လှမယ် အေးအေးချမ်းချမ်း နေတတ်မယ် ထင်ရဲ့

    Reply

    • weiwei

      January 8, 2014 at 9:50 am

      မြှောက်ပြောမှန်းသိသိကြီးနဲ့ပဲ …

      အခုတလော ဓါတ်ပုံတွေကို ဖုန်းနဲ့ပဲ ရိုက်ဖြစ်နေပါတယ် … ရွာထဲက ဓါတ်ပုံဆရာတွေကို အားကျပြီး ကင်မလာကြီးနဲ့ ရိုက်ကြည့်ချင်နေမိတယ် ..

      Reply

  • KZ

    January 8, 2014 at 9:30 am

    ရှုခင်းတွေက အိပ်မက်ဆန်လိုက်တာ။
    ဟို ဘုရင့်ညီဂူသွားတဲ့လမ်းလေးကို အကြိုက်ဆုံးပဲ။
    ရေပူကန်က အငွေ့တွေ ဝေ့နေတဲ့ ပုံလည်းကြိုက်တယ်။
    😀

    Reply

    • weiwei

      January 8, 2014 at 9:41 am

      တစ်ပါတ်အတွင်းမှာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် တွေကို ရောက်ခဲ့တယ်။ အားလုံးထဲမှာ ကရင်ပြည်နယ်ရှုခင်းကို အကြိုက်ဆုံးပဲ …
      အေးအေးဆေးဆေး တစ်ခေါက်ထပ်သွားပြီး ဓါတ်ပုံရိုက်အုန်းမယ်လို့ စိတ်ကူးထားတယ် .. အခုတစ်ခေါက်က ကမန်းကတန်းဖြစ်သွားတယ် …

      Reply

  • Novy

    January 8, 2014 at 9:34 am

    မဝေရေ…ဘုရားဖူးရင်း ရှုခင်းတွေလဲကြည့်သွားတယ်
    လွန်ခဲ့တဲ့15နှစ်လောက်ရောက်ဘူးတာဆိုတော့ကြာခဲ့ပြီးပေါ့

    Reply

  • surmi

    January 8, 2014 at 9:53 am

    မြင်​ကွင်​း​တွေကအ​တော်​​ပြောင်​းသွားပြီကိုး…
    အရင်​က​တော့ ဆဒ္ဒန်ဂူကိုအသွားအလာနဲတော့ သိပ်မသိကြဘူး
    အခုနောကါပိုင်း အတော်လေး ပြုပြင်ထားတာပဲ..
    ပြန်သွားချင်စိတ်တောင် ပေါ်လာပြီ 🙂

    Reply

  • Ko chogyi

    January 8, 2014 at 10:21 am

    ၂ ရက်နေ့က ကျွန်တော်ဘားအံမှာရှိနေခဲ့တယ်။
    ရွှေယဉ်မျှော်ဘုရားအခြေက စက်လှေဆိပ်မှာ စက်လှေငှားပြီး ဘားပုဘက်ကမ်းကို
    လှေလျှောက်စီးခဲ့သေးတယ်။ အဲဒီစက်လှေတွေ စင်းလုံးငှားမှ ၅၀၀ဝ ပဲပေးရတယ်။

    Reply

  • TNA

    January 8, 2014 at 12:22 pm

    ဘုရင့်ညီဂူအဝင်လမ်းလေးကလှလိုက်တာမဝေရေ။ မဝေကျေးဇူးနဲ့ အကုန်ရောက်ဖူးသွားလို့ ကျေးကျေးပါ

    Reply

  • တိမ်တမန်

    January 8, 2014 at 12:38 pm

    ဇွဲကပင်တေတာင် ထိပ်ဟာ
    ကျနော် အခုထိ ချစ်နေဆဲ ပြန်သွားချင်နေဆဲနေရာပါ
    🙂

    ကျနေည်ချစ်သော မြို့တစ်မြို့ ဆီ
    မကြာမီ ထပ်သွားပါဦးမယ်

    ——-

    အခု ကျနော် မရောက်ခဲ့တဲ့နေရာလေးတွေကို မြင်ခွင့်ရလို ့
    ကျေးဇူးတင်ပါတယ်နော်

    အဲဒီနေရာတွေက
    ကျနော့်ကို ခေါ်နေသလိုပဲ

    သွားဦးမယ်

    ——

    အဲ
    ကျနော် သွားတုန်းကတော့
    ရန်ကုန်ကနေ ဘားအံမြို့အရောက်ကို
    ခြောက်နာရီကျော် ကြာတယ်ဗျို့

    ဘတ်စ်နဲ့မို ့ထင်ပါရဲ့ ။

    Reply

  • Mr. MarGa

    January 8, 2014 at 1:31 pm

    ပထမဆုံးပုံ ဘုရင့်ညီဂူအသွားလမ်းက စပြီး
    ဘားအံက ကျွန်တော့်ကို ဆွဲဆောင်သွားပါလား..
    တစ်ခါတစ်ခေါက်တော့ အရောက်သွားမယ် စိတ်ကူးမိသဗျ။
    လောလောဆယ်တော့ ပုံတွေနဲ့ အလည်သွားလိုက်ပါကြောင်း………

    Reply

  • မဟာရာဇာ အံစာတုံး

    January 9, 2014 at 1:04 pm

    တစ်ခါမှ မရောက်ဖူးသေးဘူး
    ရေပြင်ကျယ်ကျယ်
    တောင်ကုန်းမို့မို့တွေရယ် …
    စိမ်းလန်းတဲ့ ဒီဒေသအလယ်မှာ
    တစ်ခါတစ်ခေါက်လောက်တော့
    ခြေချချင်သေးတယ် …

    Reply

  • padonmar

    January 10, 2014 at 1:17 am

    လိုက်ချင်လိုက်တာ။

    Reply

  • ဦးကြောင်ကြီး

    January 11, 2014 at 12:22 pm

    အမ်တီဝေက ဒီကေဘီအေ ကရင်သဗုံလား…

    Reply

Leave a Reply

Your email address will not be published.