Tun Lin NaingDecember 29, 20131min00

ငါဟာ……..

လမ်းဆုံလမ်းခွ တစ်ခုက
မီးပြတိုင်လေးတစ်ခုပဲပေါ့…..
လူတွေကိုလမ်းမှန်ရောက်ဖို့
စိမ်း ဝါ နီ အချက်ပြတွေနဲ့
ရဲရဲ ရှေ့ကိုဆက်နေဆဲ….
ငါ နဲ့တွေ့ဆုံပြီးတော့မှ
သူတို့ပန်းတိုင်ဆီ
ဆက်လက်ထွက်ခွာခဲ့ကြ
လှည့်ကြည့်ဖို့ သတိမရကြတော့…

ငါ့ကို ပြန်လှည့်ကြည့်သည်ဖြစ်စေ
သတိမရတော့သည်ဖြစ်စေ…
ငါ့ကို ပြန်တမ်းတသည်ဖြစ်စေ
မေ့ထားလိုက်သည်ဖြစ်စေ…
ငါ့ကို အလိုရှိသေးသည်ဖြစ်စေ
အသုံးမလိုတော့သည်ဖြစ်စေ…

ငါကတော့ ငါ့အလုပ်ကို
ရူးသွပ်စွာနဲ့ ဆက်လက်
ခုံမင်နှစ်သက်ဆဲ မြတ်နိုးနေဆဲ…

လေဒဏ် နေဒဏ် မိုးဒဏ်တွေကြား
မတုန်မလှုပ် နောက်မဆုပ်ပဲ
သူတို့လေးတွေ လမ်းမှန်ရောက်ဖို့
ငါ လမ်းပြနေဆဲပါ…

 

အညတရကျောင်းဆရာ

Leave a Reply

Your email address will not be published.