မီညောင်.. ခွီးဂရား ငရဲသား police camp

ဘိတ်ညို.. ဘိတ်ညို.. ဘိတ်ညိုဘိတ်.. ဘိတ်ဘိတ်ဘိတ်… မြန်တျန့်ပြည်နယ် ငရဲတပ်ဖွဲ့ လုံထိန်းတပ်ဖွဲ့ဝင် များအား ကမာ္ဘ့ငရဲအဖွဲ့ဂျီးမှ ခေတ်မှီ အဓိကရုဏ်း နှိမ်နင်းရေး သင်တန်း ပေးနေခြင်းဖြစ်၏။ သင်တန်းနီးပြဂါး ရဲမှူး မစ္စတာဘစ်ကက် ဖြစ်သည်။ တာ..ပေါင်း ရှေ့သို့ ဘေးဝဲယာ နောက်လှည့်.. နေမြဲ၊ တာ..ပေါင်း သက်သာ၊ အိုမို၊ အီလန်၊ ရွှေဝါ ဆပ်ပြာမှုန့် ဈေးပေါပေါနဲ့ ရောင်းပေးမယ်.. အခုဒေါ့ စစ်ရေးပြကွင်းဒဗတ် အမြန်လျောက်.. ဘိတ်ငြော်ဘိတ်ငြော် ဘိတ်ငြော်ဘိတ်.. ဘိတ်ဘိတ်ဘိတ်။ ဘယ်ဒုတွက်လဲ ပြည်ဒုအတွက်.. ဘာဆိတ်ဓာတ်လဲ ပရိုတင်းဆိတ်ဓာတ်.. ဘာလိုဂျင်လဲ ရွှေမှုံရတီ၊ ဝတ်မှုန်ရွှေရည်၊ ရွှေစင်.. ဟေ့.. နာယိုးမဒါးဒွေ.. ဖောက်မလာနဲ့ ပြန်အော်စမ်း.. ဘာလိုဂျင်လဲ ရွှေရောင်တိုင်းဗျီ.. ဘိတ်ငြော် ဘိတ်ငြော် ဘိတ်ငြော်ဘိတ် ဘိတ်ဘိတ်ဘိတ်…။ ဘိတ်သားအများစု ဖွဲ့စည်းထားဟန်ရှိသော ငရဲစစ်ကြောင်းဂျီး ဖြစ်ပေသည် တမုံ့..

ရဲဘော်ဒို့ကို ဒီနေ့ပို့ချမည့် သင်ခန်းစာဂဒေါ့ အရပ်ဝတ်နဲ့ ဖာဘိသွားပြီး သတင်းထောက်လှမ်းဂျင်းဗဲ ဖြစ်တယ်။ လုံထိန်းရဲဖြစ်လို့ ငါနဲ့မဆိုင် ဘာသိဘာသာ နေလို့မရဗူး၊ လုပ်ကြပါရှင် လုပ်ကြပါ ရှင်တို့က ရဲတွေပဲလို့တောင် သူတို့က ပေါ်တင် ခွင့်ပေးထားပီးသားဖြစ်တယ်။ တဖက်မှာလဲ နိုင်ငံဒေါ်ဘဏ္ဍာငွေနဲ့ တာဝမ်ထမ်းဆောင်တာ ဖြစ်လို့ အချိန်၊ ငွေ၊ ခွန်အား တတ်နိုင်သမျှ ခြွေတာရမယ်။ ဇိမ်မယ်ကို ရာဇဝတ်သားလို့ မမြင်ဗဲ ခြစ်စရာဒွေလို့ မြင်ပီး ယုယုယယ ကိုင်တွယ်ဆက်ဆံရမယ်။ နောက်တချက် အရေးကြီးတာ လုံခြုံရေးသတိ အစဉ်ရှိဖို့..။ ရဲပီပီ မျက်စိလျင်ရမယ်၊ နံရံ မျက်နှာကြက်တွေမှာ ခိုးတပ်ထားတဲ့ လျှို့ဝှက် ဗွီဒီယိုကင်မရာတွေကို ရှောင်ရှားဒတ် ရမယ်။ မရှောင်နိုင်လျင် အုပ်တန်ဒါအုပ် ဖုံးတန်တာဖုံး ဒိုင်လျှိုလေး လှုပ်ရှားဆောင်ရွက်ကြဗာ။ လစဉ်ကွင်းဆင်း လေ့လာနိုင်ဖို့ မိုက်ကယ်ဂျော်နီအောင်ပု ဇိမ်ခန်းမှာ တဗတ်ဒဂျိမ် စီစဉ်ထားပီး မင်းဒို့လခကနေ ဆယ်ရာခိုင်နှုန်း ပရက်တီကယ်လ်ဂျေး ဖြတ်လိမ့်တယ်။ မရှင်းဒါဘာရှိလဲ မရှိရင် ဆက်လုပ်..။ ဝုန်း ဝရော.. အောင်မလေးဗျ… .. တန်းဖြုတ်သည်နှင့် သင်တန်းသားများ သူ့ထက်ငါ အလုအယက် ဘွပုဇိမ်ခန်းဆီ ပြေးထွက်ကြရာမှ နည်းပြဂျုပ် ဘစ်ကက် လူအနင်းခံရသော အော်သံဖြစ်သည်။

ရဲဆိုဒါ ပရော်ဖက်ရှင်နယ် ဖြစ်ရမယ်၊ ပရော်ဖက်ရှင်နယ်ရဲ ပရော်ဖက်ရှင်နယ်ရဲ.. လိုက်ဆိုစမ်း.. ဘာဂေါင်ဒွေလဲ ပရော်ဗလမ်ရဲ ပရော်ဗလမ်ရဲ.. အေး ဟုတ်တယ်၊ ဒါလည်း အမှားဗူး.. There is problem, there is solution. ပြသနာရှိရင် အဖြေရှိရမယ်။ ပရော်ဖက်ရှင်နယ်ကျဖို့ ယဉ်ကျေးပျူငှာရမယ်၊ မလိုအပ်ဘဲ အင်အားမပြရဘူး..။ ကိုယ့်တုတ်ကို ဘောင်းဘီထဲ လုံလုံခြုံခြုံ သိမ်းထားပါ။ ဘောင်းဘီ ဇစ်ပြုတ်ပီး အပြင်ဖက် ထိုးထိုးထောင်ထောင် ထွက်နေလို့ဂဒေါ့ စည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူ ဂျင်းခံရမယ်…။ အဲလို မဖြစ်အောင် အတွင်းခံဘောင်းဘီ ဝတ်ထားဖို့လိုဒယ်…။

မြန်တျန့်အနှေးလမ်း ရဲတပ်ဖွဲ့ ကင်းလှည့်နေစဉ်
မြန်တျန့်အနှေးလမ်း ရဲတပ်ဖွဲ့ ကင်းလှည့်နေစဉ်

အသေအချာ လေ့ကျင့်ပေးထားသူတွေကို ယူအက်စ်ရေတပ်မှာ နေဗွီဆီးလ်၊ ကြည်းတပ်မှာ ရိန်းဂျား ခေါ်သလို မင်းဒို့ဂိုလည်း ဆိတ်ဓာတ် ဂုဏ်ပြုဒဲ့ အနေနဲ့ ကက်မောင်တိမ်မောင်တိန် (cat mountain mountain) အမည် သတ်မှတ်ပေးထားဒယ်။ အားလုံး ကြားရဲ့လား.. ဟုတ်..။ မှားဒယ်.. ညောင်..လို့ အသံရှည်ဆွဲ ပြန်အော်စမ်း..။ မီညောင်… မီညောင်…။ တာပေါင်း… ရှေ့နောက်တောင်မြောက် ၃၆ဝ ဒီဂရီ ချာလပတ်လှည့်ပီး တန်းဖြုတ်..။

ဒီတခါဒေါ့ ရန်သူဂို အင်အားသုံး ဖြိုခွဲရေး လက်စင်ဖြစ်တယ်။ ဆန္ဒပြလူအုပ်ကို နှိမ်နင်းဖို့ မင်းတို့နဂို သိထားတဲ့ အတိုင်း လုပ်ပြစမ်းကွာ..။ ကျား… ဒုံး ခွပ် ဘုံး.. ရဲမှူးရာမည ဦးဆောင်သော ငရဲသားများ ရှေ့ဒွင်ချထားသော စာခြောက်ရုပ်များအား အမဲဖျက်သလို ဝိုင်းတွယ်ဂျသဖြင့် တမဟုတ်ခြင်း တစစီ ဖြစ်သွားသည်။ အိုးမိုင်ဒေါ့ဂ်.. ဟိုးဒါး ဟိုးဒါး.. စတာထွက် ကထဲက မှားနေပီ..။ ကျား… အော်ဒါ အလွန်အကျွံ ခြိမ်းခြောက်ရာကျလို့ ခွီးဂရား ပြောင်းအော်ရမယ်။ ပြေးရိုက်တဲ့ အခါမှာလည်း သဏ္ဍာန်လုပ် သရုပ်တူအောင် လေးဖက်ထောက် သွားရမယ်။ ကဲ.. အစမ်းပြေး ကြည့်စမ်း.. ခွီးဂရား.. ဝါင်း.. ကွင်းပြင်တခုလုံး ကြောင်အော်သံများနှင့်အတူ ကုန်းကုန်းကွကွ လေးဖက်ထောက်သူများနှင့် မြိုင်ဆိုင်သွားတော့သည်။ တရုတ်ပြည်သူ့ သမတနိုင်ငံ မြန်တျန့်ပြည်နယ်အတွက် လုံထိန်းငရဲတပ်ဖွဲ့ လာဂျေပီ..။ ရှပ် ရှပ်.. ရှပ် ရှပ်…

8 comments

  • surmi

    December 26, 2013 at 11:37 am

    ဟား..ဟား ဟား…
    ​ကြောင်​​တော့ ရန်​စပြန်​ပြီ 🙂

    Reply

  • မင်း ခန့် ကျော်

    December 26, 2013 at 11:41 am

    အော် ရဲဖြစ်ရတဲ့ ဒုက္ခ :mrgreen:

    Reply

  • Wow

    December 26, 2013 at 11:56 am

    သင်တန်းလဲပီး ဒယ်ဒီကြောင်လဲ တက်နင်းခံရလို့ အသက်ထွက်… :mrgreen:

    Reply

  • Mr. MarGa

    December 26, 2013 at 1:04 pm

    ညှီလှချေလား ဦးကြောင်ရ 🙂

    Reply

  • alinsett

    December 26, 2013 at 7:28 pm

    အူးအူးရာမညတို့ပဲ..အတော်ဆိုးနေသလား..
    အူးကျောင်ပဲ.. အတော်ဆိုးသလား..
    အဟိ
    🙂

    Reply

  • KZ

    December 27, 2013 at 9:21 am

    ကြောင့် ကို ပီဒူ့ ဝိုင်းဒွေ ရဲ ထားဘီ။
    အမြီးမြောက် အဲ အီး တော့မပေါက်နဲ့။

    😀

    Reply

  • TNA

    December 27, 2013 at 5:39 pm

    အောင်မယ်လေး ရီလိုက်ရတာ မျက်စိထဲကွက်ကွက်ကွင်းကွင်း :mrgreen:

    Reply

  • မဟာရာဇာ အံစာတုံး

    December 28, 2013 at 9:14 am

    မီညောင်
    မှောင်သည်း
    ကြောင်ကြီး
    လောင်တီး

    Reply

Leave a Reply

Your email address will not be published.