သဒင်းကြောင် မပျင်းအောင် news

ချွတ်စရာရှားလို့

ဆီးဂိမ်း ဝူရှုးပြိုင်ပွဲ ရွှေတံဆိပ်သုံးခုရှင် ဝေဖြိုးအောင်အား မွေးရေဝံကျီးမှ အိုမီဂါ လက်ပတ်နာရီချွတ် ဂုဏ်ပြုရာ မြန်တျန့်သဂျီးမာမွတ်ခိုမ်လည်း အားကျမခံ အောက်ခံဘောင်းဘီ ချွတ်မည်ပြုစဉ် သူ့အား စိုက်ကြည့်နေသော လိင်တူချသူ ဖြိုးခြစ်သူအား တွေ့ရ၍ နောက်မှ..နောက်မှ ဆိုဂါ ကိုယ်ရှိန်သတ်သွားဂျောင်း ဘောင်းဗီဇစ်ပြုတ် တန်းလန်းဂျီးနှင့် အမြင်မတော် တွေ့လိုက်ရသူ တဦးထံမှ သိရသည်။

ယိစ်ယား

တုတ်တပြတ် ဓါးတပျတ် ဘုန်းကြီးကျောင်း နေရာလုပွဲများ ဖြစ်ပွားတတ်သော မြန်တျန့်ပြည် မြို့ရွာအချို့တွင် ရှောင်လင်သာသနာ ထွန်းကားရန်ရှိဂျောင်း သာသနာရေး ဦးစီးဌာနမှ ကြေငြာချက်ထုတ်သည်။

လျှာရိုးမရှိဒိုင်း

ကေအန်ယူ ပက်ကညော သဗုံဗိုလ် နော်ခွစ်စတယ်လှိုင်းမှ တပ်မဒေါ် ကာကွယ်ရေး ဦးဇီးချုပ် ဗိုလ်ချုပ်မှူးကြီး အောင်ကြူးအား ပါးစပ်သရမ်း စည်းမရှိသူ အလဂါးငကြောင်ဟု စွပ်စွဲတိုက်ခိုက်လိုက်၍ နှစ်ခြောက်ဆယ်ကြာ ပြည်တွင်းစစ်မီး ပြန်လည်တောက်လောင် သွားနိုင်ဂျောင်း ငြိမ်းချမ်းရေး ကျိုးဒေါ်ဆောင် တောင်ပြောင်မြေကြွက် ဦးကျောက်စ်မှ ဖီးကြမ်းငှက်ပျောသီး ပလုပ်ပလောင်းစားလျက် ပြောကြားသည်။

အပေါက်သတိပြု

သင်္ကန်းကျွန်း မိကျောင်းကန် မြေယာအရေး လိုက်ပါဆောင်ရွက်နေသော ကြံ့ဖွတ်အမတ် ဦးအောင်သိန်းလင်း ရန်ကုန်တိုင်း အစိုးရရုံးသို့သွားရာတွင် နောက်ပေါက်မှ ဝင်ခဲ့ရရာ ညဉ့်နက်မိုးချုပ် အချိန်မတော်မှ မူးမူးရူးရူး  အိမ်ပြန်လာတတ်သူ မြန်တျန့်ဂေဇက်အယ်ချုပ် မာမွတ်ခိုမ်အားလည်း ဇနီးဖြစ်သူ ခါလာဂျီးမှ ထိုသို့မဖြစ်စေရန် တင်ကြိုသတိပေး ထားရသည်။

သက်သတ်လွတ်

အိန္ဒိယ-မြန်တျန့် စစ်တပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အစီအစဉ်အရ ကြက်သားတိုရှည် စားနည်း သရုပ်ပြပွဲကို မြန်တျန့်တပ်တွင်း ကျင်းပရာ စစ်သားအများစု ကြက်သားဟင်း မသိဂျဒေါ့၍ ပဲဟင်းဖြင့် လဲလှယ် ပေးမှ နားလည်သွားဂျောင်း ရဲဘော်ပဲလှော်မှ အတည်ပြုသည်။

7 comments

  • မဟာရာဇာ အံစာတုံး

    December 14, 2013 at 11:46 am

    တန်းလန်းဂျီး ဆိုကာမှ …
    တစ်ခါက …
    အဝေးပြေးကားပေါ်မှာ
    ဘုန်းဂျီး လူထွက်တစ်ယောက်
    ဇစ်ပြန်မတပ်မိဘဲ တန်းလန်းဂျီးနဲ့ ခပ်တည်တည် တက်လာတာ တွေ့မိသေးတယ် …

    Reply

  • မင်း ခန့် ကျော်

    December 14, 2013 at 11:53 am

    ဆရာအံရေ
    ကျုပ်တို့လဲ ခဏခဏ ဇစ်ပြန်တပ်ဖို့မေ့မေ့နေတတ်တယ်။
    ကြည့်တဲ့သူက မသိရင် ဇစ်ပြုတ်ကြောင်းမသိသာပါဘူး။
    ကြာတော့လည်း မရှက်တော့ပါဘူး ဟီးးး :mrgreen:

    Reply

  • ဦးကျောက်ခဲ

    December 14, 2013 at 12:14 pm

    ကကြောင်ဂျီးက ရွာသူတွေကို လိုက် စ…
    ကျောက်စ်က ပြေလည်ရာပြေလည်ကြောင်း လိုက်ပြော…
    ငြိမ်းချမ်းရေး ကျိုးဒေါ်ဆောင်လုပ်ရတာ မလွယ်ပါဘူး…ဟူး ဟူး
    😀

    Reply

    • KZ

      December 14, 2013 at 1:25 pm

      နောက်ခါ ရန်တိုက်လိုက် ကျောက်(စ)
      ပိုဆိုးအောင်။

      စစ်ဖြစ်အောင် ရန်တိုက်လိုက်။
      ငြိမ်းချမ်းရေး အရသာက စစ်ပွဲရှိမှ သိရတာ…

      😀

      Reply

  • alinsett

    December 14, 2013 at 4:19 pm

    သဒင်းကြောင်
    အတင်းဖျောင်
    ပုလင်းထောင်
    အရှင်းပြောင်
    အလင်းမှောင်
    အစင်းရှောင်

    Reply

  • kyeemite

    December 16, 2013 at 11:48 am

    😀 😀 😀 😀 ခွိခုခွိ

    Reply

Leave a Reply

Your email address will not be published.