အမေဆူဆဲ တပေါင်းပွဲ ဆိုင်ကယ်လေးနဲ့ သွားရအောင်

DaveMarch 3, 20101min00

အရင်တုန်းကတော့ အမေဆူဆဲ တပေါင်းပွဲ လှည်းကလေးနဲ့ သွားရအောင် လို့ ဆိုစမှတ်ပြုခဲ့ကြတယ်။ တပေါင်း လပြည့်နေ့မှာ လူအစည်ဆုံးဖြစ်တဲ့ ရွှေစာရံဘုရားပွဲကို အခုတော့ မန ္တလေးသူ၊မန ္တလေးသား အများစုဟာ တရုတ် ဆိုင်ကယ်တွေနဲ့ သွားနေကြပြီဖြစ်ပါတယ်။ အရင့်အရင်နှစ်တွေတုန်းကလောက် မစည်ကားပေမယ့် အစ်မတော် စောမွန်လှရဲ့ အဆက်အနွယ်တွေ၊ပွဲကြိုက်မောင်မယ် လူငယ်လူရွယ်လေး တွေကတော့ ရွှေစာရံကို မရောက်ရောက်အောင်သွားခဲ့ကြပါတယ်။ထန်းနံ့သင်းတဲ့ မန ္တလေး-ရွှေစာရံ လမ်းတလျောက်မှာတော့ ထန်းရည်ဆိုင်တွေ ခါတိုင်းနှစ်တွေလိုပဲ ပေါပါ့၊များပါ့ခင်ဗျာ။ထန်းရွက်ငါးလေး တွေက လေမှာတဝဲဝဲ။ထန်းပလက်ဓားတွေကလည်း လူငယ်တချို့ လက်ထဲမှာ တရမ်းရမ်းနဲ့ ရှိနေဆဲ တွေ့ ခဲ့ရပါတယ်။အမေရိကရောက်၊ဂျပန် ရောက် နိုင်ငံတကာရောက် ရွှေစာရံပွဲချစ်သူတွေအတွက် ပွဲတော်လာကြ သွားကြသူတွေရဲ့ ပုံရိပ်တစ်ခုကို မျှဝေလိုက်ပါတယ်။

Leave a Reply

Your email address will not be published.