အသည်းကွဲ…ဒိုင်ယာလော့…။

black chawNovember 20, 20131min010

အခုတလော ဘလက်ချောကြီး တစ်ယောက်
မိုးလင်းကမိုးချုပ်…အရက်တွေ နင်းကန်သောက်နေသတဲ့…။
ဒီလူကြီးကလူတစ်မျိုးဗျ…။
အရက်သောက်တာတောင် အထိမ်းအမှတ်ရှိမှ သောက်သတဲ့…။
သူ့…အထိမ်းအမှတ်တွေကလည်းကုန်တယ်လို့ကိုမရှိ…။
နန်းခင်ဇေယျာလေးအတွက်တဲ့…။
ခင်ဝင့်ဝါ လေးအတွက်တဲ့…။
မိုးစက်ဝိုင် လေးအတွက်တဲ့…။
ကုန်ကုန်ပြောမယ် ဘင်လာဒင် သေတုန်းကတောင်
ဘင်လာဒင်အတွက် ဆိုပြီးသောက်တဲ့ လူကြီးဗျ…။
အဲဒီသတင်း နိုဇိုးမိကြီး ဆီရောက်သွားတော့…
သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးအတွက် စိုးရိမ်စိတ်ဝင်သွားပါတယ်..။
အဲဒါနဲ့…
ဘလက်ချော ကြီး ကိုဖုန်းဆက်ပြီးသတင်းမေးပါတယ်…။

ဒါဟာအချစ်တဲ့လား…အဲဒါ အချစ်တဲ့လား…
ဒါများအချစ်တဲ့လားကွယ် မင်းပဲပြော

ဘလက်ချောကြီးရဲ့ ဖုန်း Ringtone မြည်သံပါ…။
၂ ခါ ၂ ကြော့လောက် မြည်ပြီးမှ တစ်ဖက်ကဖုန်းပြန်ဖြေပါတယ်…။
ဟဲ…လို…ဘူလဲကွ…။

အင်း…ကိုချောကြီးအရက်တွေ သောက်နေတဲ့ သတင်းတော့ မှန်နေပြီ…။
ထူးတာကိုကအာလေး လျှာလေးကြီး…။

“ဟဲလိုကိုချော ကျွန်တော် နိုဇိုးမိပါဗျ…။”

“ဟာ နို့စို့မိကြီးပြော”

“ကိုချောအရက်တွေ အရမ်းသောက်နေတယ်ကြားလို့ စိတ်ပူပြီးဆက်လိုက်တာပါ”

“အရက်တွေ အရမ်းတောက်နေတယ် ဟက်လား…သတင်းမှားကြီး…ဖြေးဖြေးချင်းပဲတောက်တာဗါ…”

“နည်းနည်းလျှော့သောက်ပါ ကိုချောရယ်…။ကျန်းမာရေးတွေ ဘာတွေ ထိခိုက်နေပါဦးမယ်…။”

“ကျုပ်ကိုချိတ်ဗူတယ်ပေါ့…အေ့ဟေ…အေ့ဟေ…အေ့ဟေး…”

“အော် မိတ်ဆွေချင်းတွေပဲဗျာ..၊ ပူတာပေါ့…။”

“ခီများချီးစားကြည့်ဇမ်းဗာကိုနို့ချို့မိရယ်…”

“ဟာဘာလို့ ကျွန်တော်ကချီးစားရမှာလဲဗျ…။”

“အေ့ဟေ…အေ့ဟေ…အေ့ဟေ…စဉ်းစားကြည့်လို့ ပြောတာပါဗျာ…။
ခီများကစားချင်တာပဲ ကြားတာဂိုး”

“ဟုတ်ပါပြီဗျာ…၊ ကဲပြောပါဦး…၊ ဘာတွေ စဉ်းစားရမှာလဲဆိုတာ…။”

“လူဒွေ တစ်စာမချိကြတော့ဘူး နို့ချို့မိရေ…။”

“ဘယ်သူတွေကသစ္စာမရှိကြတာလဲဗျ…ပြောပါဦး…။”

“ခီများမေးလို့ ပြောတာနော်…။ ဘူ့ကိုမှ ပြန်မပြောရဘူး…။ ဂတိပေး…။
အေ့ဟေ…အေ့ဟေ…အေ့ဟေ…။”

“ကဲ…ပေးတယ်ဗျာ…၊ ပြော…။”

“ထရီဇာရယ်…၊ ငြိုးငြိုးရယ်…၊ မကြီးချင်းရယ်…၊ ဝိုင်းချုရယ်… ပြီးတော့ တီရိချွေရယ်…။”

“ဆက်စမ်းပါဦးအိုင်ပီရယ်…အဲ…အဲ…ကိုချောရယ်…”

“တူတို့တဒွေ တစ်စာမချိကြဘူးဗျာ…။”

“သူတို့ကဘယ်သူတွေလဲဗျ…။ ဘယ်ကဟာတွေလဲ…။

“အတယ်နော်…၊ နို့ချို့မိကြီး အတယ်…။”

“ဟုတ်ပါတယ်ဗျာ…။ အတယ်ပဲထားပါတော့…။ ကျုပ်ကိုပြောပြစမ်းပါဦး…။ ဘယ်သူတွေဆိုတာ…။”

“ထရီဇာဆိုတာ ချစ်တုဝေလေးကိုပြော…တာ…။
မျိုးမျိုးဆိုတာ မယ်လိုဒီလေးကိုပြော…တာ…။
မကြီးချင်းဆိုတာကတော့ တက်မွန်ငြင့် …။
ဝိုင်းချု ဆိုတာက ဝိုင်းချုခိုင်တိန်းပေါ့…။
တီရိချွေ ဆိုတာကအဆိုတော်မလေး တီရိဆွေကိုပြောတာဗျာ…။
ခီများနဲ့ ဇဂါးပြောရတာလက်ပေါက်သိတ်ကပ်တယ်ဗျာ…။
အိုင်ကျူခြင်းမတူတော့ ရှင်း…ရှင်း ပြနေရတယ်…။”

“သူတို့ကခင်ဗျားနဲ့ ဘယ်လိုသစ္စာတွေ ပြုထားကြလို့ လဲဗျ…။”

“ခီများတော်တော် အတယ်နော်…နို့စို့မိခီများကြီးတော်တော် အတယ်နော်…
တူတို့အားလုံး လင်ယူကြတော့မယ်တဲ့…ခီများသိလား…အဲဒါ…တစ်စာမရှိတဲ့သဘောပေါ့ဗျ…။”

နိုဇိုးမိသဘောပေါက်လိုက်ပါပြီ…။
မကြာခင် အိမ်ထောင်ပြုကြတော့မည် ဆိုသည့် မင်းသမီးတွေ အဆိုတော်တွေကို
အကြောင်းပြုပြီးသကာလကိုရွှေဘလက်ချောတစ်ယောက် အရက်တွေ သောက်တော်မူ
နေတာကိုသဘောပေါက်လိုက်ပါပြီ…။
အင်း…ဒီလူကြီးတော်တော်ခက်တဲ့လူကြီး…။
မတန်မရာမင်းသမီးတွေ အိမ်ထောင်ပြုတဲ့ ကိစ္စကိုရမယ်ရှာပြီး
အရက်တွေ သောက်နေရတယ်လို့…။
မသိရင် သူ့ရည်းစားတွေလိုလို ဘာလိုလို…။
မူးနေတဲ့လူဆိုတော့ အလိုက်အထိုက်တော့ ပြောဦးမှ..။
ဒီလူကြီးက အရက်သောက်ပြီး သွေးက ခတ်ဆိုးဆိုး…။

“သူတို့ကခင်ဗျားရည်းစားတွေလားဗျ…။”

“ဝုတ်တယ်…တူတို့က ကျုပ် အိပ်မက်ထဲကရီးဇားဒွေ…။”

“ဗုဒ္ဓေါ…အိပ်မက်ထဲက…ရည်းစားတွေဆိုတော့…စိတ်ကူးယဉ်ရည်းစားတွေပေါ့…။”

“ခီများ…တော်တော် မိုက်ရိုင်းပါလား နို့…စို့…မိရယ်…။
ဘီလိုဗဲဖစ်ဖစ်ဗျာ…။ သူတို့ နဲ့ ကျုပ်အိပ်မက်ထဲမှာ ပြုထားကြတဲ့ တစ်စာတွေကိုဖေါက်ဖျက်ခဲ့ကြတယ်…။
မုတ်ချိုးတစ်ပိုင်းမီးမရိုင်းမကြီးတွေ…။”

နိုဇိုးမိဖုန်းကိုင်ပြီးဘာမှ ဆက်မပြောနိုင်ပါတော့…။
ဘလက်ချောကြီးကတော့ ဖုန်းမချပဲသီချင်းတစ်ပုဒ်ကိုအပီအပြင် ဟဲလို့ နေလေရဲ့…။

ဒိုးဂါးဒေါ့…ဒိုးဂါးဒေါ့ ဒိုးဂါးဒေါ့ ဘုရားကျောင်းထဲ ပြန်ရောက်တဲ့အချိန်…
မင်းဂါးဒေါ့ ဝေး…ဝေး…နေ..နေ..ဆဲ…
ဒိုးဂါးဒေါ့…ဒိုးဂါးဒေါ့ ဒိုးဂါးဒေါ့ ဝေးဝေးကနေ ဆုတောင်းပေးမယ်
ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ့..အေ့..အေ့…အေ…
မင်းဆိုးလို့ ဝရင်…မင်းမိုက်လို့ ဝရင်
ဘုရားကျောင်းထဲမင်းလည်းလိုက်လာနော…နော်
ဖဲသမားဟောင်းကြီးတွေ…
အရက်သမားဟောင်းကြီးတွေ…
ဘိန်းဇားအဟောင်းကြီးတွေ…
ပြေးထွက်လာပြီးမင်းကိုကြိုနေမယ်…။

10 comments

  • Myo Thant

    November 20, 2013 at 4:26 pm

    နာ့ထက်တောင်ဆိုးပါ့လားကွယ် ၊

    နာက တီယောက်ထဲအတွက် အသီးကွဲတာ ၊

    အင်းးးး ဘလက် ဆိုတော့ ဝီထက်တော့ သာမပေါ့လေ ၊ 🙂

    Reply

  • ည lay

    November 20, 2013 at 4:36 pm

    ကြံကြံ ဖန်ဖန် ကွဲလည်း ကွဲ တတ်ပါပေတယ်
    အဘရာ

    Reply

  • KZ

    November 20, 2013 at 4:49 pm

    ဟုတ်တယ်၊။
    ဆက်သောက်။
    ထပ်သောက်ဖို့ ဘရန်းတွေ ရှာပေးနေတယ်။

    -ဝီစကီ
    -ဘရန်ဒီ
    -ဂျင်
    -ရမ်
    -တကီလာ
    -ဗော့ကာ
    ၆ မျိုးက ပြန်ခွဲတဲ့ ဘလန်းတွေမှ အများဂျီးးးးး
    မျိုးစုံသောက်ဖို့ အသက်ရှည်ဖို့ပဲ လိုတယ်၊။
    အဲ့လော့ သောက်သာသောက်၊ အသက် မတိုစေနဲ့။
    😀
    မိန်းမတွေ သစ်စာ ရှိဝူးးးးး
    အာ့ကြောင့် အနော် လည်း မိန်းမယူတော့ဝူးးးးး
    :chit:

    Reply

  • sorrow weaver

    November 20, 2013 at 4:58 pm

    ဂျာ…..ဝိုင်းချု က…ကလိုကြီးလား…..ဦးဦးဘလက်ရယ်….ကိုကိုကချင်နုထွားကြီးနဲ့တင်မဟုတ်..ဦးဦးဘလက်ကိုပါ သစ္စာပန္ဒက်ရိုက်ထားတယ်ပေါ့လေ…..အဟင့်ဟင့်

    Reply

  • မဟာရာဇာ အံစာတုံး

    November 20, 2013 at 5:41 pm

    ဂုလို ၊၊၊
    ဘဘ ဘလက်ဂျီး တစ်ယောက်
    လွှတ်ပီး ကွဲနေဒေါ့
    အိမ်က လေဒီဘလက် က ဘာပေါဒုန်း ခည

    Reply

  • kyeemite

    November 21, 2013 at 4:01 pm

    ဂေ့..အေ့..အေ့
    သူ့စာဖတ်ရင်းလေပါတက်တယ်…သောက်ချင်လာလို့..
    …ကျုပ်ကိုတောင်မီခေါ်ပဲ…တီယောက်ထဲဂလုနေတာတော့…ခီများလည်းကျုပ်ကို
    …တစ်စာမချိတာပဲပေါ့…ဂေ့..အေ့…အေ့
    …ကျုပ်လည်းနဲနဲပက်လိုက်အုံးမယ်..♪ ♬ ♭ ♮ ♯ ♪ ♫ 😀

    Reply

  • TNA

    November 21, 2013 at 4:42 pm

    ဦးဘလက်တို့ အသီးအများကြီးကွဲသွားသကိုး။ :mrgreen: အိုက်ဒေါ့လဲသောက်ထိုက် သပေါ့လေ 😀 ဇဂါးမစပ် မဒမ်ဘလက်အတွက်များကော ဘယ်ဟာကိုရည်စူးပြီးသောက်ဖူးပါသလဲ ( ကိုမျိုးသန့် အားကျလို့ အင်တာဗျူးခြင်း ) :mrgreen:

    Reply

  • alinsett

    November 21, 2013 at 8:37 pm

    ထွီဇာလေး..သစ်တာမချိလို ့….
    သားသားလည်း..အသည်ကွဲနေပြီ…
    သားသားမှာတော့.. ထွီဇာလေးကို…
    ဒေါ်ဖွားမေကြီးထက်.ပိုလို ့ချစ်ပြခဲ့ပါတယ်..။

    ထွီဇာလေးကို..နံပါတ်တစ်နေရာမှာ..ထားပြီး.ဒေါ်ဖွားမေက.နံပါတ်နှစ်ပါ…

    အခုတော့….
    😥

    အခုတော့….ဖူဖူကျော်တိန်း ကိုပဲ.နံပါတ်တစ်..နေရာပေးလိုက်တော့မယ်..။

    :kwi:

    Reply

    • sorrow weaver

      November 22, 2013 at 10:22 am

      ညည်းရုပ် ညည်းရည်နဲ့အေ..ဖူဖူကျော်သိန်းစရာလား…..မေမြတ်မွန်လောက်ဆိုမပြောဘူး…အဟီးဟီး

      Reply

  • black chaw

    December 12, 2013 at 12:21 pm

    ဒီပို့စ်လေးမှာ ကွန်းမန့်ချီးမြှင့်သွားကြသူ အားလုံး ကျေးဇူးအထူးပါဗျာ…။
    😀

    Reply

Leave a Reply

Your email address will not be published.