လူ ပြိန်း ကြိုက် သ တင်း (၂ )

ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်မည့် စီမံကိန်းအား ဂျပန်နိုင်ငံမှ ငွေကြေးချေးယူ ဆောင်ရွက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်အား အတိုးနှုန်း ဝ ဒသမ ဝ၁ ရာခိုင်နှုန်းဖြင့် ချေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းအကောင်အထည်ဖော်မည့် Greater Yangon Water Improvement Project အား ODA ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ဂျပန်အစိုးရထံမှ ချေးငွေဂျပန်ယန်းငွေ ၂၃ ဒသမ ၆၈၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၃၈ ဒသမ ၇၄၁ သန်း) ရယူမှာ ဖြစ်ပါကြောင်း၊ အတိုးနှုန်း အနေဖြင့် ဝ ဒသမ ဝ၁ ရာခိုင်နှုန်းကို ဆိုင်းငံ့ကာလ ၁ဝ နှစ် အပါအဝင် နှစ် ၄ဝ စီမံကိန်းဖြင့် အကျေပြန်လည် ပေးဆပ်ရမည်ဖြစ်ကာ စီမံကိန်း လုပ်ငန်းများအား ၂၀၁၄ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အပြီးပြုလုပ် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

စီမံကိန်း ပြီးစီးပါက တစ်နေ့ရေဂါလန် သန်း ၄ဝ ဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး ယင်းမှ ဒဂုံမြို့သစ် လေးမြို့နယ်၊ မြို့နယ်အချို့သို့ တစ်နေ့ရေဂါလန် သန်း ၃ဝ နှင့် သီလဝါ စက်မှုများသို့ တစ်နေ့ဂါလန် ၁ဝ သန်း ဖြန့်ဝေနိုင်မည်ဖြစ်ကြောင်း၊ ယင်းမှ ရေဖိုးရေခ ပြန်လည်ရရှိငွေဖြင့် ချေးငွေများအား အတိုးရော အရင်းပါ သတ်မှတ်ကာလအတွင်း ကော်မတီ အနေဖြင့် ပေးဆပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ သီလဝါ အထူးစီးပွားရေးဇုန်အား ရေပေးဝေပြီး စီးပွားရေး ရေသုံးခ နှုန်းထားဖြင့် ရေတစ်ဂါလန်လျှင် ၄ ကျပ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး တစ်နေ့ရေဂါလန် ၁ဝ သန်း ပေးဝေမည်ဖြစ်ပြီး ယင်းမှ ငွေကျပ်သိန်း ၄ဝ ရရှိမည် ဖြစ်သည်။

ယင်းငွေကြေးဖြင့် ဒဂုံမြို့သစ်မြို့နယ်များတွင် ရေစုကန်များ ဆောင်ရွက်ခြင်း၊ လဂွန်းပြင် ရေသန့်စက်ရုံနှင့် ပိုက်လိုင်းများ သွယ်တန်းခြင်း လုပ်ငန်း စသည်တု့ိကို ဆောင်ရွက်သွားမည်ဟု သိရသည်။

ယင်းချေးငွေများမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရယူမည့် ယန်းသန်း ၄၂၁ နှင့် ညီမျှသော မြန်မာငွေ ၄ ဒသမ ၂၁ဝ ဘီလျံကို ၂၀၁၄-၂၀၁၅ ခုနှစ်အတွက် ရသုံးငွေတွင် ထည့်သွင်းတောင်းခံထားပြီး ချေးငွေရရှိရန်အတွက် JICA နှင့် သဘောတူစာချုပ် ချုပ်ဆိုရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

11 comments

  • Khant Khant

    November 6, 2013 at 11:12 am

    မြန်မာ့ကမ်းလွန် ရေနံလုပ်ကွက် ၃ဝ ကို လုပ်ကိုင်ခွင့်ရရှိရန် စိတ်ပါဝင်စားသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများ အနေဖြင့် နိုဝင်ဘာ ၁၅ ရက်တွင် အပြီးသတ် ကမ်းလှမ်းမည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ ကမ်းလွန်လုပ်ကွက် ၃ဝ ကို လုပ်ကိုင်ခွင့် ရရှိရန် နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများဖြစ်သော Royal Dutch Shell PLC, Exxon Mobil Corporation, Total, Statoil စသည့် ကော်ပိုရေးရှင်းများက အကြိုတင်ဒါ အောင်မြင်သည့် ကုမ္ပဏီ ၆၁ ခုတွင် ပါဝင်နေသည်။

    အဆိုပါ ရေနက်လုပ်ကွက်များအတွက် ပြည်ပကုမ္ပဏီကြီး တစ်ခုလျှင် သုံးကွက်ထက် ပိုမိုကမ်းလှမ်းနိုင်ပြီး လုပ်ကိုင်ရန် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်းရန်လည်း မလိုအပ်ကြောင်း သိရသည်။
    ယခုအချိန်ထိ တင်ဒါခေါ်ယူမှု လုပ်ငန်းစဉ်မှာ ပွင့်လင်းမြင်သာမှု ရှိနေပြီး စွမ်းအင်ဝန်ကြီးဌာနက လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီကို သုံးနှစ်မှ ငါးနှစ်အတွင်း အခွန်ကင်းလွတ်ခွင့် ခံစားခွင့်များ ပေးအပ်မည်ဖြစ်ကြောင်း ပြည်ပစွမ်းအင် ကုမ္ပဏီများက သုံးသပ်ကြ . . . . .

    အဆိုပါ ရေနက်လုပ်ကွက်များကို ပြည်ပကုမ္ပဏီကြီးများ အနေဖြင့် အကျိုးအမြတ် မည်မျှရရှိမည်ကို မသိရှိရဘဲ ကမ်းလှမ်းမှု ပြုလုပ်ရမည်ဖြစ်ကြောင်း International Business Times သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

    ကမ်းလွန်လုပ်ကွက်များ လုပ်ကိုင်ရန်မှာ ရင်းနှီးမြှုပ်နှံမှု ကြီးမားစွာ ပြုလုပ်ရသလို မြန်မာနိုင်ငံတွင် ဥပဒေပိုင်း ဆိုင်ရာနှင့် လုပ်ကိုင်ရသည့် ဝန်းကျင်မတည်ငြိမ်မှု များလည်းရှိကြောင်း IBM က ဖော်ပြခဲ့သည်။

    သို့သော် ယခုအချိန်ထိ တင်ဒါခေါ်ယူမှု လုပ်ငန်းစဉ်မှာ ပွင့်လင်းမြင်သာမှု ရှိနေပြီး စွမ်းအင်ဝန်ကြီးဌာနက လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီကို သုံးနှစ်မှ ငါးနှစ်အတွင်း အခွန်ကင်းလွတ်ခွင့် ခံစားခွင့်များ ပေးအပ်မည်ဖြစ်ကြောင်း ပြည်ပစွမ်းအင် ကုမ္ပဏီများက သုံးသပ်ကြသည်။

    လုပ်ကိုင်ခွင့် လိုင်စင်ရရှိသည့် ကုမ္ပဏီကို လာမည့်နှစ် အစောပိုင်းတွင် ကြေညာဖွယ် ရှိနေကြောင်း သိရသည်။

    မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄ ဘီလျံကျော်ရှိပြီး ကုန်းတွင်းလုပ်ကွက် ၁၈ ကွက်ကို နိုင်ငံပေါင်း ၁ဝ နိုင်ငံကို ထပ်မံလုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

    မြန်မာနိုင်ငံရှိ လုပ်ကွက်များမှ ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များအား ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅၂၂ သန်းကျော်၊ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃၄၆၃ သန်းကျော်နှင့် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၄၈ သန်းကျော် အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

    ၂ ပုဒ် ပြည့် လို့ အောက်က ထပ်ဖြည့်ပေးတာပါ။

    Reply

  • Khant Khant

    November 6, 2013 at 11:14 am

    မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ဆောင်ရွက်ရာတွင် မြေသိမ်းယူရာ၌ သီးနှံလျော်ကြေးကို အမြဲတမ်း သိမ်းယူမှုအတွက် ငါးနှစ်စာနှင့် ယာယီ သိမ်းယူခြင်းအတွက် သုံးနှစ်စာ လျော်ကြေးများ ပေးအပ်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ဇော်က ပြောကြားသည်။

    အဆိုပါ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းအတွက် လယ်မြေ၊ ယာမြေ၊ ဥယျာဉ်မြေနှင့် အခြားမြေတို့ကို လုပ်ငန်း လိုအပ်ချက်အရ အမြဲတမ်း သိမ်းယူခြင်းနှင့် ယာယီ သိမ်းယူခြင်းဟူ၍ ဆောင်ရွက်ခဲ့ကြောင်း၊ လျော်ကြေးပေးရာ၌ စိုက်ပျိုးသည့် သီးနှံအမျိုးအစားနှင့် သီးထပ်စိုက်ပျိုးနိုင်မှုအပေါ် မူတည်ပြီး လျော်ကြေးငွေ ကွာခြားမှုရှိကြောင်း သိရသည်။
    မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့များ ပို့လွှတ်နေပြီ ဖြစ်သော်လည်း ပိုက်လိုင်းတစ်လျှောက်တွင် သိမ်းယူထားသည့် မြေယာများနှင့် ပတ်သက်ပြီး အချို့ဒေသများ၌ လက်ရှိအချိန်ထိ ပြေလည်မှု မရှိသေးကြောင်း . . .

    မဒေးကျွန်းဒေသတွင် တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီနှင့် အစိုးရတို့ ပူးပေါင်းလုပ်ဆောင်နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ၊ မြစ်တွင်း ရေလမ်းကြောင်း ရှင်းလင်းမှု လုပ်ငန်းများ မည်သို့ ဆောင်ရွက်နေသည့် မေးခွန်းကို ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်က မေးမြန်းခဲ့ရာ အဆိုပါ စီမံကိန်း၌ ရခိုင်ပြည်နယ်အတွင်း ၂၀၁ဝ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အထိ အမြဲတမ်း မြေယာသီးနှံ လျော်ကြေးပေးအပ်မှုမှာ ကျပ်သန်းပေါင်း ၄၀၂ဝ ကျော် ရှိကြောင်း၊ ယာယီ သိမ်းဆည်းခဲ့သည့် လယ်မြေ၊ ဥယျာဉ်မြေ၊ ဝတ္တကမြေတို့အတွက် စုစုပေါင်း လျော်ကြေးငွေ ကျပ် ၁၄၈ သန်းကျော်ကို ပေးအပ်ပြီး ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ဇော်က ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

    မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့များ ပို့လွှတ်နေပြီ ဖြစ်သော်လည်း ပိုက်လိုင်းတစ်လျှောက်တွင် သိမ်းယူထားသည့် မြေယာများနှင့် ပတ်သက်ပြီး အချို့ဒေသများ၌ လက်ရှိအချိန်ထိ ပြေလည်မှု မရှိသေးကြောင်း ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီမှ သိရသည်။

    “ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ ဒေသအချို့မှာ ခုချိန်ထိ မြေယာနဲ့ ပတ်သက်ပြီး လျော်ကြေးမရတာတွေ ရှိနေပါသေးတယ်။ လျော်ကြေးကို သုံးရစ်ခွဲပေးမယ်ပေါ့။ ပထမ တစ်ရစ်ပေးတယ်။ လက်မှတ်တွေ ထိုးခိုင်းတယ်။ နောက်ထပ်ပေးဖို့ကိုကျတော့ ဒေသအာဏာပိုင်တွေက ငါတို့တွက်တာ မှားသွားလို့ မင်းတို့ ဒီဟာအပြီးပဲဆိုပြီး ထပ်မပေးတော့တာတွေလည်း ရှိတယ်။ အထူးသဖြင့် ရခိုင်နဲ့ ရှမ်းမြောက်ဒေသတွေမှာ အဖြစ်များပါတယ်”ဟု စိမ်းရောင်စို(မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

    Reply

  • alinsett

    November 6, 2013 at 5:51 pm

    ဟင်

    တူတူပဲဟ

    🙁

    Reply

  • အဘ ဘုတ်ကလုံ

    November 6, 2013 at 7:52 pm

    စီမံကိန်းတွေ တစ်ခုခုသာ ပြီးသွားတယ်.. မွဲသွားတာ ဘာမှလက်ဆုပ်လက်ကိုင်မရလိုက်တာက
    ပြည်သူတွေ၊ ချမ်းသာသွားတာက စီမံကိန်း နဲ့ ပတ်သက်သူတွေ… အဟွတ်.. ဟွတ်..။
    အဘဘုတ်တို့တုန်းကတော့ တုံကင်ရေလေးသောက်ပြီး ဒီအရွယ်ရောက်လာတာပဲကွယ်…။

    Reply

    • Khant Khant

      November 7, 2013 at 12:37 pm

      စီမံကိန်းတကယ်တန်တာက ၁၀ဝ ကျပ် + ဘုံးငွေ ၁၀ဝ ကျပ် = စုပေါင်းအရင်း၂၀ဝ ကျပ်

      ကြည့်နေ အဘရေ ရှုံးလို့ တို့ စိုက်ရပါတယ်တို့ လာလိမ့်အုံးမယ်။

      Reply

  • ငှက် ငယ်

    November 6, 2013 at 8:39 pm

    မလေးရှား၊ တူနီးရှား ၊ အင်ဒိုနီးရှား ၊ တွေကို အားကျလို့
    မြန်မာနိုင်ငံကို ” ရေမီးရှား ” လို့ နာမည်ပေါက်နေတာ …

    အခုတော့ ” ရေမီးပေါ့ ” နိုင်ငံ ဖြစ်တော့မှာပေါ့……ဟဲဟဲ..။

    Reply

  • ဝင့်ပြုံးမြင့်

    November 6, 2013 at 11:58 pm

    ခုရက်ပိုင်း စိတ်ဝင်စားမိတဲ့ သတင်းကတော့ ဆင်ဖြူတော်ကြီးကို ကြိုးနဲ့တုပ်ထားတဲ့ ဓာတ်ပုံလေးပါ။ ရင်ထဲမှာ ကျလိ ကျလိနဲ့ ဝေဖန်ချင်နေတာ။ ဆင်ဖြူတော်က ဆင်ဦးစီး ဦးသိန်းစိန်ကို အစွယ်နဲ့ထိုးပြီး နင်းသတ်ခဲ့လို့ ခုလို ကြိုးနဲ့တုပ်ထားတာပါ။ ဘယ်က ဘယ်လို စပြောရမယ်တောင် မသိတော့ဘူး။ ဝေဖန်ချင်လိုက်တာ လျှာကိုယားနေတာပဲ။ အရင်အစိုးရ မရှိတော့ဘူးဆိုမှတော့ ဒီလို ဆင်ဖြူတော်တွေကို သီးသန့်ထားစရာ လိုပါဦးမလား။ ဆင်ဖြူတော် နေရတဲ့နေရာကလည်း ဆင်နေရာက တွေးကြည့်ရင် တော်တော်စိတ်ဆင်းရဲစရာ။ တိရစာ္ဆန် ညှင်းပန်းနှိပ်စက်မှုနဲ့ ဆင်ကတောင် တရားပြန်စွဲလို့ရဦးမယ်။ တကယ်တော့ ဆင်ဟာ ဆင်ပါပဲ။ တိရစာ္ဆန်ရုံလိုမျိ ုး၊ တခြား ဘေးမဲ့တော လိုမျိုးမှာ ထားရင် တော်သေးတယ်။ ဆင်လည်း သနားပါတယ်။

    Reply

    • kai

      November 7, 2013 at 12:05 am

      အဲဒီအကောင်ကြီးကို.. လတ်စ်ဗေးဂတ်ကကာစီနိုကိုရောင်းမယ်ဆို.. တော်တော်ဈေးရမှာ..
      ကာစီနိုသမား မီရေ့ချ်ကလူတွေ.. ကျားဖြူ ခြင်္သေ့ဖြူတို့နဲ့လုပ်စားနေတာ.. တော်တော်အိုကေတယ်..
      ဆင်ဖြူသာထည့်လိုက်ရင်.. ပွဲပြတ်ပဲ..

      ပိုလုပ်တတ်ရင်တော့.. မြန်မာပြည် ချင်းတောင်မှာ ကာစီနိုရုံဆောက်.. ဆင်ဖြူတွေနဲ့လုပ်စားဖို့ပဲ..။
      ပိုပိုလုပ်တတ်ရင်.. လူဖြူ၁ယောက်ငှားခိုင်းလိုက်ပေါ့..။ :mrgreen:

      White Tigers at The Mirage – Las Vegas
      http://www.lasvegas.net › Attractions‎
      White Tiger Habitat is on of many attractions at The Mirage Hotel and Casino . … The open-air home of Siegfried & Roy’s Royal White Tigers is available for …

      Reply

      • Khant Khant

        November 7, 2013 at 1:17 pm

        သဂျီးကလဲဟိုစကားပုံလိုဖြစ်နေမလားလို့

        “ညောင်ဦးကမ်းပါးပြို….စမ္မာနဂိုက..နွားမပေါင်ကျိုး”

        သူ့ဘာသာသူ တောထဲပြန်လွတ်တာပဲကောင်းမယ်ထင်ပါတယ်။ဥ

        Reply

    • Khant Khant

      November 7, 2013 at 9:02 am

      ကျတော်လည်းအဲဒီသတင်းကိုစိတ်ဝင်စားပါတယ်။
      ဦးခင်ညွန့်တောင် ဘင်္ဂလားဒေ့ ဘက်က ခရုသင်းစွဲ
      နေတဲ့ ဆင်တွေ့တာဝမ်းသာအားရနဲ့။နောက်တော့ပိုင်ရှင်
      ပေါ်လာပြီး သူ့ဆင်ဖြစ်ကြောင်းသက်သေပြနိုင်လို့ဒေါ်လာ
      ခြောက်သောင်းလျော်လိုက်ရတယ်ဆိုလား ဘာလား ဒါက
      ဖေ့ဘုတ်ကဖတ်မိတာပါ။ဟုတ်မဟုတ်တော့မသိဘူး။
      ဘာဘဲပြောပြော ဆင်ဖြူ တော်ဆိုတာနဲ့ပါတ်သတ်ပြီး ကျတော့်
      အမြင်က တော့ ” အရထူး” တာဖြစ် ကြောင်းပါ :mrgreen:

      Reply

  • ဦးကြောင်ကြီး

    November 7, 2013 at 9:48 am

    သာဂျီးတာမီးအားလည်း ကြောင်ကြီး ချီးမည်ဖြစ်ကြောင်း… မွှားလို့ ပြင်ဖတ်ပါ ဟောသလို.. သာဂျီးတာမီးအား ကြောင်ကြီး ချီမည်ဖြစ်ကြောင်း၊ သေတပန်သက်တဆုံး တာဝံယူဂျောင်း၊ သာဂျီးမှပေးမည့် အိမ်၊ ကား၊ ဘဏ်အပ်ငွေနှင့် ပင်စင်၊ ရင်းနှီးမြှုပ်နှံငွေ တခုမှ မမက်ကြောင်း ဖွင့်ဟ ပြောဆိုသွားသီ..။

    Reply

Leave a Reply

Your email address will not be published.