ခို

ငှက် ငယ်November 5, 20131min07

– ခို ………………………..
သူတို့ မှာ အတောင်ပံ တစ်စုံ ရှိလျှက်နဲ့
ကောင်းကင်ကို ပျံသန်းဖို့ စိတ်ကူးမရှိကြဘူး……………..။

– ခို ………………….
သူတို့ မှာ အတောင်ပံ တစ်စုံ ရှိလျှက်နဲ့
ဟိုး……………..အမြင့်ကို ပျံသန်းဖို့လည်း
သတ္တိ မမွေးကြဘူး……………….။

– ခို ……………………….
ဓာတ်ကြိုးပေါ်မှာ နား
အိမ်ခေါင်ပေါ်မှာနေ………
သူများ ပေးတာ ၊ ကျွေးတာ စား
အလကား ခို ကောင်တွေ………..။

စာရေးဆရာ တစ်ဦးရဲ့ စာပေဟောပြောပွဲ ထဲကပါ။

အရမ်းကောင်းတဲ့ ကဗျာ တစ်ပုဒ်ပါ…..။

ဒီကဗျာဟာ ကျွန်တော့်ကို လက်ညိုးထိုး ပြောနေတာလား?
လူငယ်တွေကို ပြောနေတာလား……..? မသိဘူး……..။

ကဗျာဆရာက ဒီကနေ့ လူငယ်တွေကို ခို ကောင်တွေ မဖြစ်စေချင်ဘူး ထင်ပါတယ်……။
ငါ့မှာ အတောင်ပံ တစ်စုံ ရှိလျှက်နဲ့ ဘာလို့ ကောင်းကင်ကို ပျံတက်ဖို့ ဘာလို့
စိတ်ကူး မရှိတာလဲ………..

ငါ့မှာ အတောင်ပံ တစ်စုံ ရှိလျှက်နဲ့ ဘာဖြစ်လို့ ဟိုး ….အမြင့်ကြီးကို ပျံတက်ဖို့ သတ္တိ မမွေးတာလဲ……….
မိဘတွေ ပေးတာ ကမ်းတာ ကိုစား နေတဲ့ အလကား ခိုကောင် တွေလို

ကျွန်တော် ဖြစ်နေပြီလား…………?

ကျွန်တော် အသေအချာ သိလိုက်ရပါပြီ………….

 

ငှက်ငယ်

7 comments

  • kyeemite

    November 6, 2013 at 9:40 am

    နာမည်ကိုက “ခို” ပါဆို…ခိုကပ်နေတယ်၊ ခိုကပ်စားတယ်၊ မှီခိုနေတယ်၊ အချောင်ခိုတယ်….တစ်ခုမှမကောင်းပါဘူး
    😀

    Reply

    • may july

      November 6, 2013 at 1:57 pm

      မကောင်းဘူးသာဆိုတာ … လူကတော့ အလွန်သက်သာတယ်ဗျ .. 😀

      Reply

  • kyeemite

    November 6, 2013 at 2:31 pm

    အခုသက်သက်သာသာနေ ရင် နောင် ခက်ခက်မာမာနဲ့တွေ့မှာပေါ့ မေဂျူလိုင်ရေ.. 😀

    Reply

  • KZ

    November 6, 2013 at 3:49 pm

    ဟိ။
    ဘာမှသာ မလုပ်တယ်။
    ညည်းရင်တော့ ထိပ်ဆုံးက ပဲ။။
    :mrgreenn:

    အဟမ်းးးးးး
    ဒီရွာထဲမှာ တကူကူးကူး အော်တာကို “ခို” လို့ ပြောခဲ့ဖူးတဲ့ သူ တစ်ယောက်ရှိတယ်။ :mrgreenn:

    Reply

  • alinsett

    November 6, 2013 at 5:26 pm

    ငှက်ငယ် တဲ့ ကလောင် နာမည်လေး လှတယ်။

    ကဗျာလေးကို ပြန်ပြောပြပြီး
    ပြန်တွေးပြသွားတာလေးကိုလည်း
    သဘောကျမိပါတယ်

    ကျွန်တော်ကတော့ ခိုတွေကကို မကြိုက်ဘူး
    ညည်းညူသံတွေက လူကို စိတ်ပျက်စေတယ်လေ

    ဂျူးရဲ့ စောင့်နေမယ်လို ့မပြောလိုက်ဘူး စာအုပ်ထဲက
    ဝါကျတစ်ကြောင်းကတော့ . . . .
    စွဲနေခဲ့တယ်
    I can fly .

    ကျွန်တော် ပျံသန်းနိုင်လိမ့်မယ်လို ့
    တကယ်မျှော်လင့်ထားပါပြီ။

    ကျွန်တော့်အတောင်ပံတွေမှာ
    ပျံသန်းဖို ့အားအင် ပြည့်တဲ့နေ့မှာ
    i can fly .

    Reply

    • ငှက် ငယ်

      November 6, 2013 at 8:22 pm

      အားပေးတဲ့ သူငယ်ချင်းများ
      ကျေးဇူး အထူးတင်ပါတယ်..။

      Reply

  • မဟာရာဇာ အံစာတုံး

    November 8, 2013 at 10:13 am

    ခေတ်ကို ရေသာ ခို ..
    အချောင် မလိုက်တဲ့ ငနဲသားတွေကို
    ဆုံးမထားတဲ့ စာလေး ဖြစ်မှာပါ …

    Reply

Leave a Reply

Your email address will not be published.