ကြိုက်ရင် Like သွား…

ကျော်ဘသစ်September 21, 20131min06

ကြိုက်ရင် Like သွား… ကြိုက်ရင်… လိုက်သွားလိုက်… အမိုက်မ.. နင့်ထိုက်နဲ့ နင့်ကံ…

မကောင်းဘူး မပြောနဲ့… ယောက်မမြင်းစီး… နင့်မြင်းနင်စိုင်း… စစ်ကိုင်းတောင်ရိုး ရောက်…

ရောက်မိမှတော့ Like သွား.. Like တာများ ထမ်းထားစရာ   မလိုပါဘူးကွယ့်..   Like လိုက်..

လိုက်… မီအောင်လိုက်… သွက်သွက်လေး…သွက်သွက်လေး… ကိုင်ထား.. ကိုင်း..

ထားခဲ့လိုက်တော့… လိုအပ်ရင်.. ဘရိတ်သုံး.. သုံးလိုက်.. သုံး Likes တိတိ ဒီကမ္ဘာ..

အေး…နဝဒေး… ရှစ်မိုင်.. ကိုးမိုင်..ဆယ်မိုင်.. မိုင်နှစ်ဆယ်… မိုင်နှစ်ရာ….

လိုက်ရင်တင်မယ်… Like ရင် တင်မယ်…ထပ်တင်မယ်.. ကျုပ်ဓာတ်ပုံခန့်ခန့်တွေလေ..

ခိုးရာနောက် လိုက်သွားတဲ့.. ကျုပ်အရင်ဖုန်းထဲ တစ်ချို့တစ်ဝက် ပါသွား… Like ဆို..

Like ဆို… လိုက်ဆို… နိဗ္ဗာန်ကို.. နိဗ္ဗာန်ကို… ရရပါလို၏.. ရရပါလို၏ အရှင်…

ဘုရားသခင်ကို ပြောလိုက်ပါ… You might not like me like before

You… like to be…. like… someone… who… likes…

“Likes” တဲ့အကြောင်း.. လက်မလေး.. ထောင်လိုက်…ဟုတ်ပြီ.. ပြီးရင်..

တော့…Zuckerberg … ရှင့် FB မှာ… လက်ခလယ်ထောင်ပုံလေး ဘယ်တော့တပ်ပေးမှာလဲ..

သေလိုက်..လိုက်ရမ်း…လိုက်ပေါ… စိတ်ဆတ်လိုက်တာကလည်း…ခင်ဗျားဗျာ.. အ…ဟဲ..

လိုက်.. မင်းအုပ်စိုးပဲ…ထင်တယ်ကွာ.. တင်ရင်လိုက်မယ်… စစ်ကိုင်း.. ရှစ်မိုင်.. နိဗ္ဗာန်..

ချမ်းသာတင်ရင်.. Like ကြပါ… စောစောက…. ရမ်းပေါဆတ်ကြီးပြောသလို ပြောလိုက်ကြပါ..

လိုက်ပြောကြပါ… “ငါသည်ပင် ငါ၏ Like လိုက်မှုကြီး ဖြစ်တော့၏” တဲ့… ကြိုက်ရင် Like ။    ။

 

……………..

ကျော်ဘသစ်

၁၉၀၉၁၃

…………….

6 comments

  • အလင်းဆက်

    September 21, 2013 at 12:45 pm

    ဒီကဗျာ ဖတ်ပြီး ဘာလို့လဲ မသိ
    မောသွားတယ်

    စကားလုံးတွေ တန်းစီ ချရေးထားပုံကြောင့်ပဲ ဖြစ်မယ်ထင်တယ်။
    အသံထွက်ပြီး ဖတ်ကြည့်တော့ ပိုမောတယ်

    အကြောင်းအရာကြောင့်လည်း ပါမယ်။

    ပြီးတော့ ဒီလို စာပေဖန်တီးမှုမျိုး ပုံစံတူ ဖတ်ဖူးတယ်။
    တာရာမင်းဝေ ရေးတာ ။
    ကဗျာတော့မဟုတ်ပါဘူး ။ ဝတ္ထုတိုတစ်ပုဒ်. . .
    ဖတ်ပြီး မောသွားအောင် ရေးထားတာလေ
    ပုံစံ ရေးဟန်တူတာကိုပြောတာပါ
    စကားလုံးနဲ့အကြောင်းအရာတွေ မတူပါဘူးးး

    ရေးပါဦးဗျို ့

    Reply

  • နီတိုး

    September 21, 2013 at 4:34 pm

    လိုက်တော့လိုက်ချင်တယ်……………ဘယ်လိုက်ရပါ့မလဲနော်

    Reply

  • ဦးကြောင်ကြီး

    September 21, 2013 at 7:19 pm

    ရမ်ပေါဆတ်
    သံတောထွက်
    လှန်ပြောခက်
    ဒဏ်ကျောနှက်…

    Reply

  • ကျော်ဘသစ်

    September 22, 2013 at 9:58 am

    ကျွန်တော် ကဗျာပုံစံအသစ်လေးတွေ စမ်းကြည့်နေတာပါ။
    ကဗျာကိုယ်ထည်ထဲမှာ… ဘာမှ မရှိတဲ့၊ ပြဌာန်းပြီးသား အဓိပ္ပါယ် ဘာမှမပါဝတဲ့..
    ဟောင်းလောက်ပွင့်ကဗျာမျိုးပါ။
    ……………………………
    ကဗျာကို ဝေဖန်ပေးတဲ့ ကိုအလင်းဆက်ရော..
    နှုတ်ဆက်ဖော်ရတဲ့ နီးတိုး၊ ဦးကြောင်ကြီး၊ နန်းတော်ရာသူတို့ကိုပါ… ကျေးဇူးတင်ကြောင်းပါ….။
    …………………………..

    Reply

  • kyeemite

    September 23, 2013 at 3:45 pm

    ကြိုက်ရင် လိုက်သွား
    ကျုပ်မတားဘူး
    ပြန်လှည့်မယ်ဆိုရင်တော့…
    မင်းဘာမှပြန်မရနိုင်တော့ဘူးဆိုတာသတိရ။

    Reply

Leave a Reply

Your email address will not be published.