စနိုးဒန် အပိုင်း (၂)

Mr WorldWideSeptember 4, 20131min06

၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် အမေရိကန် တရားရေးဌာနမှ Snowden အား သူလျိုမှုနှင့် နိုင်ငံတော်ပစ္စည်းများအား ခိုးယူမှုတို့ဖြင့် တရားစွဲဆိုထားကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။ အမေရိကန် အစိုးရမှ ဟောင်ကောင် အာဏာပိုင်များကို Snowden အား အမေရိကန်သို့ ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သော်လည်း Snowden သည် ၂၀၁၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် မော်စကိုသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ပါသည်။
ဇွန်လ ၂၃ ရက်နေ့တွင် အမေရိကန်အစိုးရမှ Snowden ကိုင်ဆောင်ထားသော passport အားပြန်လည် ရုပ်သိမ်းကြောင်းထုတ်ပြန်ကြေညာခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် နိုင်ငံပေါင်း ၂ဝ သို့ နိုင်ငံရေးခို လှုံခွင့်ပေးရန် Snowden မှလျောက်ထားခဲ့ပါသည်။ ထိုနေ့၌ပင် သမ္မတပူတင်မှ Snowden အနေဖြင့် မိမိတို့၏မိတ် ဆွေအမေရိကန်နိုင်ငံအား ထိခိုက်စေမည့်လုပ်ရပ်များကိုရပ်တန့်ပါက ၎င်းအားနိုင်ငံရေးခိုလှုံခွင့်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဇူလိုင်လ ၁၅ ရက်နေ့တွင် ရုရှားသမ္မတပူတင်မှ Snowden ၏ရောက်ရှိလာမှုသည် ရုတ်တရက်ဖြစ်ပြီး ရုရှားနိုင်ငံအတွက် မလိုချင်သောခရစ္စမတ် လက်ဆောင်ပင်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် Snowden အနေဖြင့် ရုရှားနိုင်ငံ၌ ခေတ္တနိုင်ငံရေးခိုလှုံခွင့်ရရှိရန်လျောက်ထားခဲ့ကြောင်း ရုရှားနိုင်ငံမှအတည်ပြုပြောကြားခဲ့ပါသည်။
ရုရှားနိုင်ငံလေဆိပ်တွင် တစ်လကျော်ကြာနေထိုင်ခဲ့ရပြီးနောက် ၂၀၁၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ရုရှားနိုင်ငံမှ တစ်နှစ်သက်တမ်းရှိခေတ္တနိုင်ငံရေးခိုလှုံခွင့်ကို Snowden အားပေးအပ်ခဲ့ပါသည်။ Snowdenသည် လေဆိပ်မှထွက်ခွာသွားပြီဖြစ်ပြီး လုံခြုံသောနေရာတစ်ခုတွင်နေထိုင်လျက်ရှိပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုနှစ် စက်တင်ဘာလတွင် ရုရှားနိုင်ငံ စိန့်ပီတာစဘက်မြို့၌ ကျင်းပမည့် G20 အစည်းအဝေးပွဲတွင် ရုရှားနှင့်အမေရိကန်ခေါင်းဆောင်နှစ်ဦးသီးခြားတွေ့ဆုံမည့်အစီအစဉ်အား ပြန်လည်သုံးသပ်ရမည့်အခြေအနေဖြစ်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Jay Carney မှထုတ်ပြန်ကြေညာ ခဲ့ပါသည်။ အမေရိကန်ဥပဒေပြုအမတ်အချို့ကလည်း ရုရှားနိုင်ငံအပေါ်ပြင်းပြင်းထန်ထန်တုံ့ပြန်သင့်ကြောင်း၊ ရုရှားနိုင်ငံ Sochi မြို့၌ ၂၀၁၄ ခုနှစ်တွင်ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပွဲတော်ကိုလည်း ဆန္ဒပြသင့်ကြောင်း ပြောကြားခဲ့ကြပါသည်။
၂၀၁၃ ခုနှစ် ဩဂုတ်လ ရ ရက်နေ့တွင် အိမ်ဖြူတော်မှ အမေရိကန်နှင့်ရုရှားခေါင်းဆောင်နှစ်ဦးတို့ သီးခြားတွေ့ဆုံမည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါသည်။ ဩဂုတ်လ ၈ ရက်နေ့တွင်Snowden အသုံးပြုခဲ့ဘူးသော Texas အခြေစိုက် Lavavit အီးမေးလ်ဝန်ဆောင်မှုလုပ်ငန်းသည် ပိတ်သိမ်း ခဲ့ရပါသည်။

၎င်း၏ လုပ်ရပ်နှင့်ပတ်သက်၍ လူအများမှ သဘောထားအမြင် အမျိုးမျိုးရှိကြပါသည်။ ကွန်ဂရက် လွှတ်တော်အမတ်John Boehner ၊ Dianne Feinstein ၊ Bill Nelson တို့မှ Snowden အား သစ္စာဖောက်ဟု ခေါ်ဝေါ်သုံးစွဲခဲ့ကြပါသည်။ သို့သော် ၎င်းအား ထောက်ခံသူများလည်းရှိပြီး လွှတ်တော်အမတ် မစ္စတာ Paul က Snowden သည် လူတစ်ဦးချင်းစီ၏ လွတ်လပ်လုံခြုံမှု (Privacy) နှင့်ပတ်သက်၍ အမှန်တရားကို ဖော်ထုတ်ပြောကြားသူဖြစ်ကြောင်း ချီးမွမ်းခဲ့ပြီး လွှတ်တော်အမတ် John Lewis ကလည်း Snowden အား အိနိ္ဒယနိုင်ငံ၏ ခေါင်းဆောင် မစ္စတာ ဂနီ္ဓ နှင့် နှိုင်းယှဉ်ချီးမွမ်းခဲ့ပါသည်။
၂၀၀၉ ခုနှစ်တွင် လန်ဒန်၌ပြုလုပ်ခဲ့သော G၂ဝ အစည်းအဝေး၌လည်း အမေရိကန်မှ ဆွေးနွေးဘက် နိုင်ငံများအပေါ် သတင်းခိုးယူထောက်လှမ်းမှုများ ရှိခဲ့သည့်အတွက် အလွန်ပင်စိတ်ဆိုးရကြောင်း ရုရှား၊ တူရကီနှင့် တောင်အာဖရိကနိုင်ငံတို့မှထုတ်ဖော်ပြောကြားခဲ့ပါသည်။လက်ရှိကာလတွင် Snowden သည် လုပ်ငန်းအတွေ့ အကြုံရှိပြီး ကျွမ်းကျင်သူဖြစ်သောကြောင့် ရုရှားကုမ္ပဏီများမှ အလုပ်ကမ်းလှမ်းလျက်ရှိကြောင်း သိရှိရပါသည်။ Snowden  မှ မိမိအား ကာကွယ်ပေးခဲ့သည့်အတွက် ရုရှားနိုင်ငံအား ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

6 comments

  • kyeemite

    September 4, 2013 at 10:01 am

    “၂၀၀၉ ခုနှစ်တွင် လန်ဒန်၌ပြုလုပ်ခဲ့သော G၂ဝ အစည်းအဝေး၌လည်း အမေရိကန်မှ ဆွေးနွေးဘက် နိုင်ငံများအပေါ် သတင်းခိုးယူထောက်လှမ်းမှုများ ရှိခဲ့သည်”
    တော်တော်မလွယ်တဲ့ အမေရိကားပါတကား….
    ဆိတ်ကွယ်ရာမရှိလို့တောင်ပြောလို့ရပါရဲ့…
    ဒါကြောင့် Snowden ကိုယ်တိုင်စိတ်ပျက်ပြီး ဖေါ်ကောင်ဘညွှန့်လုပ်လိုက်တာပေါ့ 🙁

    Reply

  • ဦးကျောက်ခဲ

    September 4, 2013 at 10:10 am

    စနိုးဒန် ဟောင်ကောင်ကနေ တိတ်တိတ်လေး လစ်သွားတော့…
    (အမှန်က ထောက်လှမ်းရေးတွေကို မျက်စေ့လှည့်ပြီး ထွက်သွားတာ)
    အိုဘားမားအစိုးရက တင်းတယ်လေ…
    ဒါပေသည့် ဟောင်ကောင် အုပ်ချုပ်ရေးအဖွဲ့က သူတို့ကို…
    တရားဝင် အကြောင်းကြားတာနောက်ကျလို့ ဘာမှမလုပ်နိုင်ပါဘူးတဲ့…
    အမှန်ကတော့ နိုင်ငံရေးအကျပ်အတည်းကို ရှောင်လိုက်တာပါ…
    🙂

    Reply

  • အဘ ဖားသက်ပြင်း

    September 4, 2013 at 10:19 am

    ကမာ္ဘ့ ပုလိပ်ကြီးလည်း ၂ကျပ်ကွက် နဲ့ တွေ့တော့ ကားကနဲနေပါရောလား..
    မှန်တာပြော ယုစ့်သန်ဒါတင်နဲ့ ညားရပါဇီရဲ့…
    အဲ့လို ကျပ်မပြည့် (ဝါ)ကျပ်ကျော် နေတဲ့ကောင်တွေများများပေါ်ပါဇီကြောင်း

    Reply

  • kai

    September 4, 2013 at 12:26 pm

    ဆိုတော့…
    ဦးနေဝင်း..ရတနာနတ်မယ်ကိုယူပြီးနောက်.. စိနပြည်လည်လည်သွားတော့… ရတနာနတ်မယ်ရဲ့ဆွဲကြိုးလောကက်သီးမှာ.. အသံဖမ်းစက်ပါလာတယ်ဆိုပြီး.. စိနအစိုးရအဖွဲ့နဲ့.. ပြဿနာတက်ဖူးတယ်လို့.. ကြားဖူးတယ်..
    မှန်မမှန်မသိ…
    ရတနာနတ်မယ်ဆိုတာက.. စီအိုင်အေအေးဂျင်ဆိုတာပဲ..

    စနိုဒမ်များသိမလားမသိ… :kwi:

    Reply

  • အလင်းဆက်

    September 4, 2013 at 8:13 pm

    သတင်းရေး ဟန်လေးနဲ ့ ဆိုတော့…
    ဖတ်ရတာ တမျိုး အရသာ…
    :kwi:

    Reply

  • ခင် ခ

    September 6, 2013 at 4:38 pm

    Sep 6 / 4:35 pm

    Reply

Leave a Reply

Your email address will not be published.