ချစ်သောရွာကလေး

ဒီရွာကလေးကို ကျွန်မဘယ်အချိန်ကနေစပြီးဝင်ခဲ့မိလဲမသိပါဘူး ။ ရွာအစဉ်အလာကိုမသိလို့ ကျွန်မကပိုစ့်တချို့တင်ပေမယ့် ကော့မက်တွေ reply လုပ်ရမှန်းလဲမသိပါဘူး ။ ပြီးတော့ စာတွေသာဝင်ဖတ်၊ ဝင်ရေးပေမယ့် community ပိုင်းကိုမကျေညက်သူမို့  ကော့မက်တွေကို reply လည်းမလုပ်ဘဲ ဒီအတိုင်းလေးပဲနေနေမိတာ တော်တော်ကြာပါပြီ။ ဒီရွာကလေးကို ဝင်ဖတ်ရင်းကနေ သံယောဇဉ်တွယ်လာလိုက်တာ အခုဆိုရင် နေ့တိုင်းမဝင်ရင်မနေနိုင်အောင်အထိပါပဲ ။ စာရေးကောင်းတဲ့အကိုအမတွေရဲ့ပိုစ့်တွေဆိုရင် လိုက်ဖတ်ရတာအမော ။ နာမည်နဲ့ကိုလိုက်ရှာပြီး ပိုစ့်တိုင်းကိုဖတ်ဖြစ်ပါတယ် (မမ ၊ ကိုပေါက် ၊ မမှီ ၊ ကိုဆာမိ ၊ မလုံမလေးမွန်မွန် ၊ သေချင်းဇိမ်း ၊ ကိုခင်ခ ၊ အရီးခင်လတ် ၊ ကိုကြီးမိုက် ၊ ဦးမာဃ ၊ သဂျီးမင်း ၊ ကိုအလင်းဆက် ၊ ဖတ်ဖတ်ကတ်၊ တိုးရစ်ဂိုက်အကြောင်းတွေရေးတဲ့အမတစ်ယောက် – နာမည်မေ့သွားတာခွင့်လွှတ်ပါ) အပါအဝင် တခြားစာရေးကောင်း ၊အတွေးကောင်းတဲ့ လူတွေအများကြီးရှိနေတဲ့ရွာကလေးပါ ။ ကျွန်မကတော့ active သိပ်မဖြစ်တဲ့သူမို့ မရေးဖြစ်ပေမယ့် ၊ nick တွေနဲ့သိပ်မရင်းနှီးပေမယ့် ရွာကလေးကိုသံယောဇဉ်ကြီးစွာနဲ့ ချောင်ကလေးတစ်ချောင်ကနေ ကျွန်မထိုင်ကြည့်နေပါတယ် ။ ပိုစ့်တွေတင်ပေး ၊ ဝေမျှပေးတဲ့ အတွေးကောင်း ၊ အရေးကောင်းတဲ့အကိုအမတွေကို လူချင်း ၊နစ်ချင်းမသိပေမယ့် အားကျစွာနဲ့ ခင်မင်စွာနဲ့ စောင့်ဖတ်နေတဲ့သူတစ်ယောက်ရှိပါကြောင်းသတင်းစကားနဲ့အတူ…..ရွာသားတွေအားလုံးကိုဒီပိုစ့်လေးနဲ့နှုတ်ဆက်လိုက်ပါတယ် ။

 

ချစ်ခင်လျက်

ဆုမြတ်

25 comments

  • အရီးခင်

    August 29, 2013 at 3:36 pm

    သိနေတယ်လေ။
    ဒါကြောင့် ကဆာမိ ကို သတိပေးနေရတာ။
    သရဲ ဆိုပြီး အပြေး ကွင်းလုံးကျွတ် သွားမစိုးလို့။ 😉
    အိမ်ထဲကနေ ချောင်းကြည့်နေသူ တွေ ရှိပါတယ် ဆိုတာ။

    ရွာလမ်းကို ရဲရဲ သာ ထွက်ခဲ့ပါ “ဆု” ရေ။
    အရီး တို့ အားလုံးက ဝမ်းသာအားရ ကြိုဆိုပါတယ်။
    မျက်တောင်တုအပြီး တစ်ခြား ဘာအတု သုံးသေးလဲ ပြောပါဦး။
    ( jk ) 😛

    Reply

    • nozomi

      August 29, 2013 at 4:13 pm

      အတု တွေ က စိတ်ဝင်စားဘို့ ကောင်းမယ်
      ပြောစရာရှိရင် အရီး တင် တိုးတိုးလေး မပြောနဲ့နော အားလုံး သိအောင် ပြောပြ

      လူသုံးပစ္စည်းတင် အတု ရှိတာ မဟုတ်ဘူး
      ရွာထဲ မှာလဲ တစ်ခါတစ်လေ ရွာသား အတုတွေ ပေါ်လာတတ်တယ်

      Reply

      • ဆုမြတ်မိုး

        August 29, 2013 at 4:32 pm

        @nozomi ကျွန်မကတော့ရွာသားအတုမဟုတ်ပါဘူးနော် ။ ရွာထဲမှာ active မဖြစ်တဲ့သူမို့ မိတ်ဆက်ရတာတောင်အားကခပ်ငယ်ငယ်ပါ ။ း)

        Reply

        • nozomi

          August 29, 2013 at 4:43 pm

          ရွာသား အတုဆိုတာ ဒေါ်မိုး ကို ပြောခြင်း မဟုတ်ပါ
          ပို့စ် ၁ဝ ပုဒ် တင်ထားတာ ဘယ်လိုလုပ် အက်တစ် မဖြစ်ဘူး ပြောနိုင်မလဲ

          တစ်ခါတစ်လေ သူပုန်တွေ ရွာသားယောင် ဆောင် အတုလုပ်ဝင်တာကို သာ ပြောတာပါ

    • ဆုမြတ်မိုး

      August 29, 2013 at 4:29 pm

      အရီးရယ်…မျက်တောင်တုတောင်နပ်မှန်တဲ့သူမဟုတ်ပါဘူး ။ အလှပြင်ဖို့နေနေသာ ခေါင်းစုတ်ဖွားနဲ့ရုံးချိန်မှီအောင်မနည်းကုန်းရုန်းထရတဲ့ဘဝပါ ။ း) ကြိုဆိုပေးတာကျေးဇူးပါရှင့် ။

      Reply

  • Mr. MarGa

    August 29, 2013 at 3:56 pm

    ဆု ရေ
    ဆု ကသာ active မဖြစ်ဖူး ပြောတာ
    blog မှာ များ ရေးထားတာ ဖတ်လို့ရယ် မကုန် 😉
    စကားမစပ်
    သဂျီး စကားအရ ပြောရရင်
    ရွာကလေး မဟုတ်တော့ဘူး
    မြို့ ဖြစ်နေပြီ တဲ့
    သဟာကြောင့်မို့
    မန်းဂဇက် ရွာကြီးမှလဲ
    ဆု ကို ကြိုဆိုပါကြောင်း :kwi:

    Reply

    • ဆုမြတ်မိုး

      August 29, 2013 at 4:34 pm

      blog မှာပဲအချိန်ယူပြီးစာရေးဖြစ်နေတာမို့ ရွာဘက်ကိုစာဖတ်ရုံ ၊ တခါတခါပိုစ့်တွေရှဲရုံကလွဲရင် active သိပ်မဖြစ်တာပါ ဦးမာဃရယ် ။ ဂေဇက်မြို့ကြီးကနေ ကြိုဆိုပေးတာကျေးဇူးတင်ပါတယ်နော် ။

      Reply

      • Mr. MarGa

        August 29, 2013 at 5:18 pm

        အဲဒီ blog က စာတွေကို ဒီဘက်ပို့လို့ ရတယ်နော့
        ဘသူမှ မတားဘူး :mrgreen:

        Reply

  • Inz@ghi

    August 29, 2013 at 4:15 pm

    အော်. မှတ်မိနေတဲ့နာမည်ကြီးကလည်းကွယ်.
    အန်းနီးဝေး. ဝဲလခမ်း ဘာ

    Reply

    • ဆုမြတ်မိုး

      August 29, 2013 at 4:35 pm

      အဲဒီပိုစ့်လေးကိုသဘောကျတော့ နာမည်နဲ့တွဲမှတ်မိနေတာပါ း)

      Reply

  • KZ

    August 29, 2013 at 4:20 pm

    မျက်တောင်တုလေးကို ကြိုဆိုပါတယ်။
    :mrgreen:

    Reply

    • ဆုမြတ်မိုး

      August 29, 2013 at 4:37 pm

      မျက်တောင်ခရေစီဖြစ်သူချင်းချင်းမို့ cheers ပါနော် း) :mrgreen:

      Reply

      • KZ

        August 29, 2013 at 4:43 pm

        မှတ်မိလို့ ဝမ်းသာပါတယ်။
        :mrgreen:

        Reply

      • ရွှေတိုက်စိုး

        August 30, 2013 at 11:04 am

        အိုသများတို.လဲ အတု ခရေစီပါနော်………(မျက်တောင်င်င်င်င်)…. ငှိငှိ..

        Reply

        • မဟာရာဇာ အံစာတုံး

          August 30, 2013 at 12:31 pm

          သများလည်း ဒက်ဒီ နဲ့ တူတူဘဲ ..
          အတု ခရေစီဘဲ …. ဟီးးဟီးး

  • surmi

    August 29, 2013 at 8:08 pm

    ဂျီး​တော်​​​လေး …
    ရွာနဲ့​ဝေး​နေတဲ့ ကျုပ်​ကို မှတ်​မိ​နေ​ပေးတာ ​ကျေး​ကျေး​နော
    ဟို​နေ့ကမှ FB မှာ​တွေ့လို့ LIKE လုပ်​ထား​သေးတယ်​
    ကျုပ်​လည်​း ​ကောမန်​့ ​ပေးတာအားနည်​းတာ ​တောင်​းပါန်​ပါ​ကြောင်​းးး 🙂

    Reply

  • Ma Ma

    August 30, 2013 at 8:51 am

    မိုး ကောင်းကင်ကပေးသော ကောင်း မြတ် သော ဆု တွေနဲ့ ပြည့်ပါစေ ဆုမြတ်မိုးရေ လို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။

    ဘလော့မှာ ရေးတယ်ဆိုကတည်းက စာရေးအား မနည်းဘူးဆိုတာ ခန့်မှန်းမိတယ်။
    (ကိုယ်ကိုယ်တိုင်တော့ ဒီရွာထဲရောက်မှ စာဖတ်ဖြစ် ရေးဖြစ်တာမို့)

    အရောင်စုံ အရွယ်စုံ လူမျိုးစုံ ဘာသာစုံ ရှိနေကြတဲ့ သဂျီးခိုင် အုပ်ချုပ်သော ဒီမိုဂေဇက်ရွာကြီးက ကြိုဆိုပါတယ်။

    ကွန်မကောင်းလွန်းလို့ ချောင်းကြည့်ပေါက်ကပဲ ကြည့်နေရတဲ့ ခုလိုရက်တွေမှာ …..
    အခုလို စာရေးအားကောင်းသူ စာကောင်းတွေ ရေးနိုင်သူတစ်ယောက် မှတ်ပုံတင်စာရင်းသွင်းတာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။

    အပေါ်က သိကြားမင်း ပြောသလိုပဲ…….
    အဲဒီ blog က စာတွေကို ဒီဘက်ပို့လို့ ရတယ်နော့
    ဘသူမှ မတားဘူး :mrgreen:

    နို့မို့ဆို ကဆာမိပြောသလို ရွာက သရဲခြောက်တော့မှာစိုးလို့။ :eee:

    Reply

  • kyeemite

    August 30, 2013 at 9:21 am

    နံက်စောစော
    နှင်းသောသောတွင်
    ရွာသို့ဝင်သည်
    အသင်ရွာသား
    မိတ်ဆွေများတို့
    အိပ်ရာမထ
    မနိုးကြလား
    အော်သံ ခေါ်သံ
    ကျုပ်အသံကို
    ခွန်းတုန့်မပြန်
    မမြင်ပြန်ရ
    ရွာမှာတိတ်ဆိပ်
    လူခြေတိတ်သည်
    အမှန်စင်စစ်
    အဖြစ်သနစ်ကား
    ရွာသူသားများ
    အိမ်တွင်းပုန်းကာ
    ချောင်းကြည့်နေရာ
    ထွက်ခဲ့ပါတော့….. 😀

    Reply

  • ဆုမြတ်ရေ…
    အမွန်လည်း အခုတလော ရွာပြင်က ပတ်ချောင်းဖြစ်နေတာပါ… ချောင်းတာတောင် ဟိုတစ်ကွက် ဒီတစ်ကွက်ရယ်..တစ်ရွာလုံးမနှံ့ဘူး… 🙂

    စာတွေရှာဖတ်တယ်ဆိုလို့ ဝမ်းသာလုံးတောင် ဆို့သွားတယ်.. :mrgreen:

    သဂျားတို့ အန်တီမမတို့ပြောသလို ဘလော့ကစာတွေကို ဒီဘက်ကိုပို့ပေးပါဦးနော်.. ချောင်ထဲကတော့ ထိုင်မကြည့်ပါနဲ့လားလို့… 🙂 အခုတလော ချောင်ထဲထိုင်တဲ့သူတွေများလို့ ရွာသရဲခြောက်တော့မယ်လို့ အော်နေကြပီ.. ဟိ…

    Reply

  • Wow

    August 30, 2013 at 10:56 am

    အတူပေါင်းပီး မျက်တောင်တု အချိုးပြေပြေတပ်ကြတာပေါ့ကွယ်… :kwi:

    Reply

  • ခင် ခ

    August 30, 2013 at 3:29 pm

    ကလေးဘဝက အိမ်ထဲက ချောင်းကြည့်တယ် အပြင်ကို။
    အရွယ်လေးရလာတော့ အိမ်ရွှေ့ထွက်ထိုင်ပြီး အပြင်ကိုကြည့်တယ်။
    ဒီထက်အရွယ်ရကာ အပျိုဖြစ်တော့ အပေါင်းအဖော်ရှိရင် အပြင်ထွက်ကာ ဟိုဟိုဒီဒီသွားတယ်။
    အဲ ဒီထက်ပိုပြီး အရွယ်ရလာတော့ “ဟဲ့ မိ……..ရေ မိုးချုပ်တော့မယ် အိမ်ပေါ်မတက်သေးဘူးလား တစ်နေကုန် လမ်းပေါ်မှာကြည်ဘဲ´´။
    အခု ဂဇက်ကိုရောက်လာကြသော သူတွေလည်း အဲလိုပါဘဲ နှမငယ်ရေ။

    Reply

  • cobra

    August 30, 2013 at 4:57 pm

    ဝမ်းသာအားရကြိုဆိုပါကြောင်း…………..
    ဒါနဲ ့ အမကရော
    အတုလားအစစ်လား
    ဟင်……..
    🙂

    Reply

  • အလင်းဆက်

    September 1, 2013 at 2:26 pm

    သားသား ရဲ့ နာမည်လေးလည်း မှတ်မိနေတယ်ပေါ့
    ဝမ်းသာမိပါအိ

    ခင်မင် လျက်ပါဗျ

    :kwi:

    Reply

  • ရွှေမိုးတိမ်

    October 22, 2013 at 3:40 pm

    ဆုမြတ်ရေ … ဒီကလဲ အတူတူပါပဲ ။ အိမ်ထဲကနေချောင်းကြည့်လိုက် ၊ ရွာလမ်းထဲစမ်းလျှောက်ကြည့်လိုက် ၊့ ရွာသူ ရွာသား အကို အစ်မတွေအိမ်ဘက် ဝင်လည်လိုက်နဲ့ ဆုမြတ် နဲ့ ဘွတူ ပါပဲလို့ ။ 😀

    Reply

  • မဆုမြတ်ရေ
    ကျနော်စာတွေကို အမြဲဖတ်တယ်ဆို့လို့ ကျေးဇူးတင်ကြောင်းပြောပါရစေ။
    ဖေစ်ဘုတ်မှာ ကျနော်အနေများလို့ ကျနော် ကိုလဲ အက်ပေးပါခင်ဗျာ
    ကျနော် က အဲဒီမှာလဲ ကိုပေါက် ပါဘဲ။
    စတော်ဘယ်ရီပုံနဲ့ပါဘဲ။
    မိတ်ဆွေဖြစ်ပြိးသားဆိုရင်တော့ ကျနော်မစေ့စပ်လို့သာ မှတ်လိုက်ပါ

    Reply

Leave a Reply

Your email address will not be published.