ဗီလိန်

sniqueAugust 3, 20101min03

လက်ခုပ်သံတွေ ဆူလောင် ပေါက်ကွဲ

မိုး စက် တွေ တွဲ လဲ ခို တဲ့ မိုးကြိုး ည တစ်ည ထဲ

ခေါင်းကို ငုံ ပြီး ဂါရဝသာ ပြုလိုက်ရတယ် ။

မကျေနပ် နိုင်သေးဘူး

ဒါပေမဲ့ လဲ ငါ့ရှေ့ မှာ ကန် ့လန် ့ကာ ကျ ခဲ့ပြီ လေ

ငါ့အခန်း ငါ့ကဏ္ဏ ဒီ နေ ရာ မှာ ပြီးဆုံး ပြီ

ဇာတ် မနာ နာ အောင် ရေးခဲ့တဲ့ ဇာတ်ဆ ရာ

ကျုပ်မှာ လူကြမ်းလုံး လုံးကို ဖြစ်လို ့

ရှုစားသူတွေအတွက် နောက် ရ ရက် အထိ ကျုပ်မကောင်းကြောင်းကို ပြော နေကြဦးမယ်

နောက်တော့ လဲ ကျုပ်ဆိုတဲ ့ဗီလိန် တစ်ကောင် ကို ခင်ဗျား တို ့မေ ့သွား မှာ ပါ

ကျုပ်နေရာမှာ အခြား အခြားသော ပို ပြီး ပြောင်မြောက် တဲ့ အခိုင်းခံ ချက်တွေ နဲ ့

ကပြမဲ့ သူ တစ်ယောက် ခင်ဗျား တို ့ရှေ ့မှာ အသုံးတော်ခံ ဦးမှာ ပါ

ပုခက်တွင်း နဲ ့ သချိုင်း တွင်း တွင်း ၂ တွင်း ကြားထဲ ဖြတ်လျှောက်တဲ ့ကာ လ မှာ

ကျုပ်က ယုတ်မာ ပြ လိုက်ရ ကောက်ကျစ်ပြ လိုက်ရ နဲ ့

အဲဒါတွေက ကျုပ်လုပ်ချင်လို ့ ကျုပ်ဖြစ်လို ့ မဟုတ် ဘူးဆိုတာ

ခင်ဗျားတို ့ကို နားလည်စေချင်တယ်။
အသက် တစ်ချက် ရှု တိုင်း အမုန်း တစ်ခါ ခံရတယ်

ကြမ္မာ နဲ ့ ကျုပ် နေ ့နဲ ့မသင့် ခဲ့တာ

ဇာတာ ထဲမှာတောင် အမည် သညာ ခေါ် စရာ က ဗီလိန် ဖြစ်နေခဲ့တာကိုး

နာမည် က လဲ ဆပွတ်မကိုက်

ဒီတော့ ဒိကောင့် ဘဝ မှ မမုန်း ဘယ်သူ ့ဘဝ သွားမုန်းကြမလဲ

လူအဖြစ် အသက် ရှု မိ ခဲ့တာ မှား ခဲ ့တာ ကိုးးးး။။။။။။

3 comments

  • etone

    August 3, 2010 at 8:51 am

    ဒါလေးလည်းတစ်မျိုးကောင်းတာပဲ ။ မင်းက စာရေးဆရာလုပ်မှာလား။

    Reply

  • snique

    August 3, 2010 at 12:36 pm

    စာရေးဆရာ တော့မလုပ်နိုင်သေးပါဘူး ဗျာ။ ကျွန်တော်ဓာတ်ခံနဲ ့ သိသလောက်လေး ခံစားမိ သလောက်လေး ပဲပြန်ရေးတာပါ။

    Reply

  • sususan

    August 3, 2010 at 1:23 pm

    ရေးထားတာမဆိုးပါဘူး..စာရေးဆရာလုပ်ပါ..

    Reply

Leave a Reply

Your email address will not be published.