မျဉ်းပြိုင်

Mahar MyanmarAugust 17, 20131min06

မျဉ်းပြိုင်

 

တိုက်ဆိုင်မှုရှိလျှင်
းးနားလည်မှုတွေ လွဲခဲ့သလား
မင်းနဲ ့ကိုယ် ကြား    …

းးကိုယ်တို ့က
မျဉ်းပြိုင်နှစ်ကြောင်းပဲ
ကဲ ဒါဆို
မျဉ်းပြိုင်ရဲ့ သဘာဝ
ပြောပြပါရစေ ။

းးဘယ်တော့မှလဲ မဆုံ
ဒီထက်လဲ မကွာဝေး
ပုံမှန်လေး ညီနေတယ် ။

းးမျဉ်းပြိုင်ရဲ့သဘာဝ
မင်းနားလည်ပေးနိုင်ရင်
တံတိုင်းတွေ ဘယ်လိုခြားခြား
ဖြိုဖျက်စရာ လိုမလားကွယ် ။

းးမလိုတာတွေ မလုပ်ချင်ပါနဲ ့
အပို တွေ ဆို ထုတ်ပစ်စမ်း  ပါ

ဒီမှာဘက်ကနေ
ဖယ်ခွာထွက်  စရာလည်းမလိုပါဘူး
မင်းလဲ  ချန်စရာ   မလို
ကိုယ်လဲ ကျန်စရာ  မလို
ဒီ အတိုင်း လေး ပဲဆို

မဖြစ်နိုင်ဘူး   လား   ။

းးပေးနိုင်တာနဲ ့
ရချင်တာ  မတူလို ့လား
ကျိုးပျက်သွားတဲ့ မျဉ်းပြိုင်
သဘာဝမှ မကျ
ဒါ အဖြေမှန် မဟုတ်ဘူး
သူငယ်ချင်းရယ် ။

းးအဖြေမှန် ရဖို ့လည်း ဝေး
အနေမှန် ကြဖို ့လည်း ဝေး
မျဉ်းပြိုင်ရဲ့ သဘာဝ
မင်းနားလည်မပေးနိုင်တော့
တံတိုင်းတွေ မရှိလည်း ပိုဝေး
အတိူင်းအရှည်မသိပဲ ကွာဝေး

းးမလိုတာတွေ မင်းလုပ်ခဲ့
ဒီမှာဘက်ကနေ
ဖယ်ခွာထွက်သွားတော့
မင်းလဲ ချန်ထားရစ်ရတယ်
ကိုယ်လဲ ကျန်ခဲ့ရစ်ရတယ် ။

းးဒီအတိုင်းတိုင်းလေးကို
ဘယ်တော့မှ ပြန်မရောက်တော့
အတိုင်းအဆမဲ့ ကွာဝေး
ဆွေးမြေ့ကျိုးပျက်သွားတဲ့

မျဉ်းပြိုင်လေးတွေ  အတွက်1045245_136066686601333_233189260_n
ပို၍ ့ ့ ့ ့ ပို၍ ့ ့ ့

ဝေး  လို့       …     ကွာ     ။       ။

 

မကုမာရီ

6 comments

  • အလင်းဆက်

    August 17, 2013 at 10:08 am

    မျဉ်းပြိုင်က နေ
    မျဉ်းပူး လေး ဖြစ်အောင်
    ကြိုးစားးးး
    အတူ ကပ် သွားပေါ့ကွယ်

    🙂

    ========
    ကဗျာ အလှ ကို
    ရှုစားသွားပါတယ်နော်

    Reply

  • ရွှေမိုးတိမ်

    August 17, 2013 at 11:34 am

    မျဥ်းပြိုင်ဆိုပေမယ့်လည်း အနားမှာရှိနေခွင့်လေးရနေတော့ တော်သေးတာပေါ့နော် ။

    ကဗျာလေး ဖတ်သွားတယ်ရှင့် 🙂

    Reply

    • Mahar Myanmar

      August 19, 2013 at 10:12 am

      ဟုတ်တယ် အနား မှာ ထာဝရ ရှိ ခွင့် ရမယ်..
      ဒါပေမယ့်.. ထိခွင့် မရှိဘူး

      Reply

      • Mahar Myanmar

        August 19, 2013 at 10:13 am

        တော်သလင် း
        ကျ တော့
        ပူးသပေါ့ ကွယ်
        မျဉ်း တွေ ပြောပါ တယ်

        Reply

  • lele kyi

    August 17, 2013 at 3:55 pm

    မျဉ်းပြိုင်နှစ်ကြောင်း က အင်ဖက်နတီ မှာ ဆုံတယ်တဲ့။ တခါတလေ မဖြစ်နို်င်ဘူး ဆိုတာတွေ ဖြစ်လာနိုင်ပြီး။ သေချာပါတယ်ဆိုတဲ့ အရာတွေ လည်းပျောက်ပျက်တတ်သေးတာပဲ။ အရာအားလုံးကို အတူတူပဲလို့ကြည့်လို့မရပါဘူး။ အခြေအနေ။အချိန်အခါ နဲ့ ကြိုးစားအားထုတ်မှုနဲ့လဲသက်ဆိုင်ပါတယ်။ ကိုယ့်ရဲ့ အယူအဆနဲ့လဲ သက်ဆိုင်မယ်လို့လဲထင်ပါတယ်။
    ဒါနဲ့ မကုမာရီ က ကဗျာရေးတဲ့ ဆရာလေးလား။ ဆြာမဟာ က သူ့ဆီက အလစ်သုတ်လာတာလား။

    Reply

    • Mahar Myanmar

      August 19, 2013 at 10:08 am

      လီလီကျီ ညည်း နော် ..
      အသရေ ဖျက် မှု နဲ့ သူကြီး တိုင် လိုက် မယ်..နော်
      လူ ကို များ အိုးစွပ် ခွက် စွပ်.. အလစ် သုတ် မယ့် မျက်နှာ လား
      မဟာ မြန်မာ ဆို တာ…

      နောက် ဆို ကုမာရီ ( ဆရာလေး မဟုတ် ) အတွက် ..ဘုန်းကြီး ကျောင်း ဘေး က ကျုပ် ခြံ ဝိုင်း လေ.. အဲဒီ ဘေး နား မှာ မြေနေရာ ပေး ဖို့ သူဂျဲ တောင် ပြောပြီး ပေါ့
      ရွာ ကို လာ ဖို့ လေယာဉ် လက်မှတ် ပေး ပြီး ပြီ
      ဘယ်လို စီး ရမှန်း မသိ လို့ တဲ့ ..
      လေယာဉ် အစီး သင် နေ တယ် ..
      တတ် ရင် ရွာ ရောက်ပြီ…
      မနာ လို မဖြစ် နဲ့ နော်.. ငိငိ

      Reply

Leave a Reply

Your email address will not be published.