ချော်လဲရောထိုင်…ပြီးတော့ပြန်မထတာလား

ဦးဘလက်စကားလေးယူသုံးရရင်…

ကျောင်းဒကာ… ကျောင်းဒကာမတို့ရေ…

ပြောပြန်ရင်လဲ ကြောင်ဝတုတ်လို့ခေါ်တဲ့ ဂါဂါးကြီးက လွန်ရာကြနေပြန်ပေဦးမပေါ့…

၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ… အီဂျစ်မှာ အစိုးရဖြုတ်ချရေးဆန္ဒပြပွဲ လူထုအဓိဂရုန်းတွေဖြစ်တဲ့အခါကျတော့

အီဂျစ်အစိုးရက သူ့နိုင်ငံနဲ့ချိတ်ဆက်ထားတဲ့ အင်တာနက်ကော်နတ်ရှင်ကို ကမ္ဘာသိဖြတ်ချခဲ့ပါတယ်တဲ့…

ဒါမျိုးများ… ကျွန်တော်တို့ မြန်မာအစိုးရကသာသပေါ့ဗျာ…

၂၀၀ရခုနှစ်၊ စက်တင်ဘာလမှာ ဖြစ်ခဲ့တဲ့… သံဃာတော်တွေဦးဆောင်တဲ့ ရွှေဝါရောင်လူထုလှုပ်ရှားမှုတုန်းက

မြန်မာအစိုးရက မြန်မာ့အင်တာနက်ကော်နတ်ရှင်ကို…

တိုးတိုးတိတ်တိတ်… တနည်းပြောရရင်… ခိုးကြောင်ခိုးဝှက်… ဖျက်ချခဲ့ဖူးသတဲ့လေ…

အစိုးရကတရားဝင်မပြောပေမယ့်… မြန်မာပြည်သူလူထုထုံးစံအရ…

မိမိတို့နဲ့ထိုက်တန်လို့ရထားတဲ့အစိုးရလုပ်နေမှန်း… သိရှိနားလည်နေပေမယ့်…

အင်္ဂလိပ်လို Transparency… မြန်မာလို ပွင့်လင်းမြင်သာမှုမရှိတဲ့ အစိုးရလက်ထက်မို့…

ကျိတ်ခံခဲ့ရတာကိုးဗျ… ထားပါလေ…

mpt

 

 

 

 

 

ဖြစ်ချင်တော့… ၂၀၁၃ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့က မြန်မာနိုင်ငံကို ဖျာပုံမြို့နားကနေသွယ်တန်းထားတဲ့ SeaMeWe-3 ဆိုတဲ့

ပင်လယ်အောက်က ဖိုက်ဘာကေဘယ်ကြီး ပြသနာဖြစ်လို့… မြန်မာနိုင်ငံ အင်တာနက်နှေးနေရကြောင်း…

ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရအသစ်ကနေ နိုင်ငံပိုင်တင်စာတွေကတဆင့်…

နိုင်ငံသားပိုင်မီဒီယာလုပ်ငန်းတွေကတဆင့်… တိုင်းသိပြည်သိကြေငြာခဲ့သကိုး…

State Seal

 

 

 

 

 

 

 

 

 

 

 

အဲဒီတော့ ဒေတာတွေနဲ့ယှဉ်ပြီးပြောကြရမယ့်အချိန်ရောက်ပြီးပေါ့ဗျား…

ကျောင်းဒကာ… ဒကာမတို့ရေ…

မြန်မာနိုင်ငံကို အင်တာနက်ဆားဗစ်ပေးနေတဲ့ ပြည်ပကုမ္ပဏီပေါင်း (၆)ခုရှိပါသတဲ့…

နည်းပညာအရပြောရမယ်ဆိုရင်… ကျွန်တော်တို့အားလုံးက အဲဒီကုမ္ပဏီ (၆)ခုလုံးကို တစ်ပြိုင်နက်ချိတ်ဆက်ထားတယ်လို့ မယူဆစေချင်ဘူး…

ဥပမာဗျာ… ရန်ကုန်က ISP-A ကို ချိတ်ဆက်ထားနေချိန်မှာ မန္တလေးက ISP-B ကို ချိတ်ဆက်ထားမယ်လို့ ယူဆလို့ရနိုင်ပါတယ်…

 

45558.traces.all_.ASedges.upstreamsof45558

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အဲဒီတော့

(၁) Hutchison လို့ခေါ်တဲ့ ဟောင်ကောင်အခြေစိုက် ISP ကြီးပေါ့… (ဦးကျောက်ရေ… မြန်မာနိုင်ငံအင်တာနက်မကောင်းတာ ခင်ဗျားတို့နဲ့လဲဆိုင်သနော…)

(၂) NTT လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ရောင်းစားသူကြီးပေါ့…

(၃) ထိုင်းနိုင်ငံအခြေစိုက် CAT ISP ပါ… (ဆြာဂျော်နီအောင်ပုတော့ လက်သရမ်းလိုက်ပြီထင်ပါ့…)

(၄) စလုံးမှာအခြေစိုက်တဲ့ StarHub … (ဟော… ပရောဂထဲမှာ ဂါဂါးလေးပါလာပြီ…)

(၅) PCCW လို့ခေါ်တဲ့ ဟောင်ကောင်အခြေစိုက်ပါပဲ… (ဦးကျောက်ကတော့ တစ်မှုတိုးပြီး…)

(၆) နောက်ဆုံးကတော့ TM Net ဆိုတဲ့ မလေးရှားကြီးတွေပေါ့ဗျာ… (ရွာထဲက ဘယ်သူရှိတုန်းဟေ့…)

သူတို့ (၆)ခုဆီကနေ မြန်မာနိုင်ငံအစိုးရက မသေစာအင်တာနက်လေးကို Service ယူထားတယ်ဆိုပါတော့…

တစ်နည်းအားဖြင့် သူတို့က မြန်မာနိုင်ငံအင်တာနက်ရရှိရေးအတွက် ကျွန်တော်တို့ကို ဝန်ဆောင်မှုပေးတယ်ပေါ့ဗျာ…

ကဲ… ဟုတ်ပါပြီ…

အပေါ်က ပုံလေးကို ပြန်ကြည့်လိုက်ရအောင်…

အဲဒီပုံလေးဟာဆိုရင် မြန်မာနိုင်ငံဟာ… ကမ္ဘာကြီးနဲ့ဆက်သွယ်ထားတဲ့ အချက်အလက်အသွားအလာ (Data Traffic) တွေပါ…

၂၀၁၃ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့ကနေ… ၂၀၁၃ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့အထိ မှတ်တမ်းတင်ထားတဲ့ဟာပေါ့ဗျာ…

အဲဒီမှာ မြင်သာအောင် ကျွန်တော် အနက်ရောက်ဘောင်ခတ်ပြထားပါတယ်…

၂၀၁၃ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့ နောက်ပိုင်းလေးမှာ မြန်မာနိုင်ငံရဲ့ ချိတ်ဆက်မှု တစ်ဝက်လောက်ကျသွားပါတယ်…

SeaMeWe-3 ပျက်သွားလို့ပါ… ကျုပ်တို့အစိုးရ မလိမ်ပါဘူး…

ဒါပေမယ့်… ၂၀၁၃ခုနှစ်၊ ဇူလိုင်လ (၂၅)ကနေ… ဩဂုတ်လ (၁)ရက်နေ့မတိုင်ခင်အထိ… ကျွန်တော်တို့ SeaMeWe-3 မကောင်းတဲ့အတွက်…

SeaMeWe-3 နဲ့ ချိတ်ဆက်ထားပုံရတဲ့ စလုံးက StarHub ရယ်… ဟောင်ကောင်က PCCW ရယ်ဟာ ချိတ်ဆက်မှုပြတ်တောက်သွားခဲ့တယ်…

(သေချာပါပြီ… ဦးကျောက်နဲ့ ဂါဂါးလေး လက်ချက်ပါပဲ…)

 

ဩဂုတ်လ (၁)ရက်ကနေ (၅)ရက်နေ့လောက်အထိက Bandwidth တွေမငြိမ်တဲ့အနေအထားမျိုးဖြစ်နေပြီးတော့

ဩဂုတ်လ (၅)ရက်နေ့… GMT (၂)နာရီ… မြန်မာစံတော်ချိန် နေ့လည် ၂နာရီခွဲလောက်အချိန်ကနေ… GMT (3:15)… မြန်မာစံတော်ချိန် ၃း၄၅လောက်အထိ…

အင်တာနက်ဆက်သွားမယ်အားလုံး ပြတ်တောက်သွားတယ်လို့ သိရပါတယ်…

အကုန်လုံးတော့ ကုန်ပြီ…

Aug5

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အဲဒီနောက်ပိုင်းမှာတော့… ဩဂုတ်လ (၇)ရက်လောက်ခန့်ကနေ…

ကျွန်တော်တို့… SeaMeWe-3 ချိတ်ဆက်မှုပြန်ကောင်းသွားပြီး… ရှိသမျှ Service တွေ ပြန်ကောင်းနေပြီလို့…

အပေါ်က Chart က သက်သေခံနေပါတယ်…

ဒါပေမယ့်…

အဲဒီ Chart ရှေ့ပိုင်းနဲ့ နောက်ပိုင်းကို ယှဉ်ကြည့်ကြရအောင်…

အရှေ့ပိုင်းမှာ ရှိသမျှ ISP တွေကနေ ဒေတာသုံးတာဟာ မျှတနေပြီး…

နောက်ပိုင်းမှာ…  TM Net, StarHub & Hutchison သာ Bandwidth ကို အပြည့်အဝသုံးနေပြီးတော့…

ကျန်တဲ့ ISP (၃)ခုက Bandwidth ကို မြန်မာနိုင်ငံက အသုံးပြုမှု အလွန်နည်းပါးသေးတယ်လို့ ဆိုရမယ့်အခြေအနေပါ…

အဲဒါဆိုရင်… ဘာ့ကြောင့်ပါလိမ့်…

မြန်မာပြည်ကနေ နိုင်ငံတကာနဲ့ ဒေတာအသွားအပြန်လုပ်နေတဲ့ Chart ကိုကြည့်လိုက်ပါဦး…

45558_MM-1

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဩဂုတ်လဆန်းကနေ ထိုးကျသွားပေမယ့်…

အခုအချိန်မှာ ပြန်ပြီးတော့ ပုံမှန်အနေအထားပြန်ရောက်နေပါပြီ…

Chart အရဆိုရင်တော့… ၂၀၁၃ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့နောက်ပိုင်းကစပြီး… မြန်မာ့အင်တာနက်ချိတ်ဆက်မှုက ပုံမှန်ပြန်ဖြစ်နေပါပြီ…

 

ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ မြန်မာအစိုးရက China Unicom နဲ့ ကုန်းတွင်းပိုင်း ဖိုင်ဘာကေဘယ်ချိတ်ဆက်မယ်လို့ တရားဝင်ကြေငြာခဲ့ပါတယ်…

burma-pipelines1

 

 

 

 

 

 

 

 

 

 

 

 

ဘယ်လိုချိတ်ဆက်မလဲဆိုတော့ ကျောက်ဖြူကနေ တရုတ်ပြည်၊ ကူမင်းနဲ့ နန်ကျင်းကို ဆက်သွယ်မယ့် ရေနံပိုက်လိုက်ရယ်…

သဘာဝဓာတ်ငွေပိုက်လိုင်းတို့နဲ့အတူ… ဖိုက်ဘာကေဘယ်ကိုပါ တစ်ခါတည်းထည့်ပြီးသွယ်တန်းမယ်လို့ ဆိုပါတယ်…

ဒါဟာလဲ မြန်မာနိုင်ငံ အင်တာနက်ပိုမိုမြန်ဆန်လာရေးအတွက် အတော်လေးအားတက်စရာပါ…

 

အော်… ဒါထက်… ခွေးဝမ်းသာအောင် လေလည်ပြတာလေးခဏထားပြီး…

တစ်ခုလောက်စဉ်းစားကြည့်ရအောင်ဗျာ…

အခု ဩဂုတ်လ (၁၆)ရက်ဖြစ်နေပါပြီ… ကျွန်တော်တို့ ကော်နက်ရှင် ပုံမှန်ပြန်ဖြစ်နေပြီလား…

ကိုယ့်ဟာကိုယ် မေးခွန်းလေးတွေ ကိုယ်စီမေးကြည့်လိုက်ရအောင်ဗျာ…

တကယ်လို့ Data Chart တွေအရ အင်တာနက်ကောင်းနေပါပြီလို့ဆိုလို့ရနိုင်ပေမယ့်…

တကယ်တန်း နိုင်ငံတွင်းမှာ အင်တာနက်မကောင်းသေးဘူးဆိုရင်တော့ဖြင့်…

ဒီမေးခွန်းကို MPT ၏ အထက်၌ရှိသောသူများမှသာ… ဖြေဆိုနိုင်ပါလိမ့်မယ်… ခင်ဗျား…

 

ခင်မင်လျက်-

ဂါဂါးကြီး

 

Credit :

Renesys, the authority in global Internet intelligence

Fotos : From Internet

Words : BlackChaw, Mandalay Gazette.

17 comments

  • Wow

    August 16, 2013 at 12:51 pm

    ကောင်းဝူး… ကောင်းဝူး အဝိုင်းကြီးလည်နေလိုက် လုံးဝရပ်သွားလိုက်…
    ကျောက်စ်နဲ့ ဆွိ ဘီလိုလုပ်ထားဂျလဲ မသိဝူး :mrgreen:

    Reply

  • အလင်းဆက်

    August 16, 2013 at 12:57 pm

    နည်းပညာ ဗဟုသုတ ရပါတယ်
    ကိုဂါးကြီးရေ ။
    ပိုစ့်လေးအတွက် ကျေးဇူးပါ ။

    မြန်မာပြည် မှာ ကျွန်တော် သုံးနေရသလောက်တော့
    အင်တာနက် ကော်နက်ချင် ကောင်းနေပါပြီ ။
    အတော်လည်း မြန်နှုန်း မြင့်ပါတယ်

    လေဖြတ်ထားတဲ့ ပတ်ကျိ လေးကို
    ခြေတပေါင်ကျိုး လမ်းလျှောက် ခိုင်းထားသလို ကို
    မြန်တာပါ ။

    :kwi:

    ========

    ချစ်ခင်လေးစားလျက်

    Reply

  • garfield

    August 16, 2013 at 1:05 pm

    ငင်!!!
    တာမီး မှာ ဘာ အပြစ်မှ မရှိပါဘူး ကိုဂျီးဖက်။
    မယုံရင် တာမီး ဖေနဲ့မေကို မေးကြည့်ပါ။ 😀

    ISP (၃)ခုက Bandwidth ဆိုတာကို နားမလည်ပါဘူးးးးး

    မန်းလေး SP က Sandwich ကိုပဲ ကြိုက်ပါတယ်။

    ဒါနဲ့ ခုန က မွအိရဲ့ ချိစိ ဆန်းဒဝစ်လည်း စားချင်ပါတယ်။ 😀

    ဒီလောက်ရှင်းပြထားတာ မြန်မာလိုတောင် နားမလည်တဲ့ နည်းပညာတွေ က ဘာပုလို့ တာမီးကြောင့်ဖြစ်ရမတုန်းးးး
    ကျောက်(စ) ပဲနေမှာ။
    သူက စုံတယ်။ :mrgreen:

    Reply

  • မဟာရာဇာ အံစာတုံး

    August 16, 2013 at 1:05 pm

    ဪ …
    လတ်စသတ်တော့ …
    ဟိုနှီယောက် ကြောင့်ဂိုးးး
    ဟွန့် .. သူရို့ဒွေဂ ဖွဘုတ်နဲ့ ရွာထဲမှာ ပလူကို ပျံနေဒါဘဲ …
    ဒီမှာတော့ ဖွတ်ချက် ဖွတ်ချက် နဲ့ …
    လာလေဦးပေါ့ … ဟီးးဟီးး
    :mrgreen:

    ဟိုကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင်တော့ …
    နိုင်ငံတွင်း အင်တာနက် ကောင်းဖို့ထက် …
    အိတ်ကပ်တွေ ဖောင်းဖို့က သာပီး အရေးကြီးတယ် ထင်ပါ့ဗျာ …

    Reply

  • kai

    August 16, 2013 at 1:18 pm

    အဲဒီဘန်းဝသ်တွေက.. သုံးသုံးမသုံးသုံး… လစဉ်/နှစ်စဉ်ကြေးပေးရတာမဟုတ်လား….
    ဆိုတော့..
    တခုခုကြိတ်ပြီးကြံစည်နေတယ်… ဖြစ်နိုင်တာပဲ…။ :mrgreen:

    Reply

  • ဦးကျောက်ခဲ

    August 16, 2013 at 1:49 pm

    တိန်… အခုတလောမယ် ကျောက်စ် ဇာတာနိမ့်နေတယ်…
    ကြုံလို့ ကြွားရရင် PCCW Wireless 3G သုံးနေတာ၊ 1G ကို ၃မိနစ် မပြည့်ခင် ဒေါင်းလို့ပြီးပါတယ်၊
    ကျောက်စ်ကတော့ Data Analyze လုပ်တာ မကျွမ်းကျင်ပါဘူး၊ ဒါပေသည့် ဘဝတကွေ့မှာ၊ ပင်လယ်ရေအောက် SEABED CABLE အတွက် Burial Assessment Survey ဆင်းရတဲ့အလုပ် လုပ်ဖူးပါတယ်။ SEABED CABLE တွေကို အဓိက အားပေးကြတာတော့ ဒရွတ်ဆွဲ ငါးဖမ်းလှေတွေနဲ့ ရေလုပ်သားတွေပါ။ အခုလည်း ဖျာပုံနားမှာ ပြတ်သွားတာဆိုတော့ ဘယ်သူ့ ငါးမျှားချိတ်နဲ့ ငြိသွားတယ်မသိဘူး… (ကိုရင်ကမ်းဝေး လားမသိ ဟီ ဟိ)။
    ဟီး ဟီး… အချွန်နဲ့ မ လိုက်ဦးမယ်၊ သေဖော်တော့ မညှိနဲ့…
    ချန်ထားတဲ့ ISP (၃)ခုက VIP အတွက်ပါခင်ဗျား…. 😀

    Reply

    • Wow

      August 16, 2013 at 3:26 pm

      သေချာဘီ… မမကမ်းဟိုတစ်လောက ငါးသွားမျှားတယ်ကြားတယ်… အိုက်မာ cable ပြတ်တာဖစ်မယ်… မမကမ်းကို
      ဝိုင်းဆဲဂျဘာာာ :mrgreen:

      Reply

      • e tone

        August 16, 2013 at 4:51 pm

        အောင်မလေး ..အောင်မလေး … မပျော့စ်ဂျဘာနဲ့ …
        မမကမ်းမှာ အပြစ်မရှိကြောင်း သများ သိပါဒယ် … ။

        ဂယ်တော့ အိုက်ငါးက … မျှားလာတာ ဟုတ်ဘူး .. တူညားမျှားပြီးသားကို ပြန်ဝယ်ထားတာဒဲ့ … ။ခိခိ …

        ဒက်ဂလောက် ဒက်ဂလောက် …. :mrgreen:

        Reply

  • ရွှေမိုးတိမ်

    August 16, 2013 at 2:17 pm

    ကောင်းတေးဘူး ကောင်းတေးဘူး ။ ဒီကနေ့တော့ အရင်နေ့တွေကထက် နည်းနည်းပိုကောင်းတလိုပဲ။ အရင်နေ့တွေကဆို မနက်ခင်း ဆယ်နာရီလောက်ထိပဲ လိုင်းရတယ်ပြောရမယ်။ နောက်ပိုင်းကတော့ တုတ်တုတ်မှ မလှုတ်တော့ဘူး ။ ဖေ့ဘုတ်တွေဘာတွေဆိုလဲ ကိုယ်ရောက်တဲ့နေရာကနေ နည်းနည်းများလှုတ်လိုက်မိလို့ကတော့ ပရော်ဘလန်လုတ်ဒင်း ရယ် ဆာဗာနော့ဖောင်းရယ် နဲ့တွေ့ပြီသာမှတ် 🙂

    Reply

  • Shwe Ei

    August 16, 2013 at 3:50 pm

    အကိုဂျီး အနေနဲ့ပေါ့နော် အိုက်ဂလို ချော်လဲ ရောထိုင်ပီး ပြန်မထတာဟာ ဘာကျောင့်လို့ ထင်ပါသလဲပေါ့နော် :harr:

    Reply

  • TNA

    August 16, 2013 at 6:14 pm

    အင် ဟိုလူဒွေရုတ်ရုတ်ရှုပ်ရှုပ်လုပ်နေဒါနဲ့ အင်တာနက်လဲပျက်ကရောပဲလား။ အဝိုင်းလည်လိုက် ဂိမ်းက ၃၆ ကမတက်လိုက်နဲ့။ ခက်ဘီ။ လွတ်လပ်ရေးနေ့ရယ်ညန်ညန်ရောက်ပါဒေါ့။ အိုက်လာမှအင်တာနက်လဲကောင်း တော့မယ်ထင်ပါ့။

    Reply

  • Min Zarni

    August 16, 2013 at 7:13 pm

    မပေးချင်လို့ကိုမပေးဒါ ကွာဘာဖစ်တုန်း.
    ကြာဘာဒယ် အဲ့နတ်ဝေါ့ဆြာ ကို. အီး-ဥ နဲ့ ဆွဲစိ ကွာ.

    ဒက်ဂလောက် ဒက်ဂလောက်

    Reply

    • အရီးခင်

      August 16, 2013 at 8:24 pm

      ဒီ့ထက်တောင်ပိုသေး။ 😛

      Reply

  • Mr. MarGa

    August 16, 2013 at 8:19 pm

    အရေးပေါ်နဲ့ အရေးကြီး ကိစ္စတွေ ရှိသေးတာကိုး
    အဲ့ဒါတွေအတွက် ချန်ထားတာ နေမှာပေါ့
    အခုထိ ကျုပ်တို့မတော့ ကောင်းမကောင်း ဝေခွဲမရ ဖြစ်နေတယ်
    သိသိသာသာ ထူးမလာလို့

    Reply

  • ဦးကြောင်ကြီး

    August 17, 2013 at 10:11 am

    ပင်လယ်ဆက်ကြောင်းကတော့ တော်ရုံငါးလိပ်မိကျောင်းတွေကြောင့် မပျက်နိုင်ဘူး.. လုပ်ချင်းလုပ် ပင်လယ်နဂါး လုပ်တာဖြစ်မယ်… ကုန်းတွင်းဆက်ကြောင်းဆိုရင် ဘုမ္မိယတ် မြေဖုတ်ဘီလူးရန် ကြောက်ရတယ်… ဘုမ္မိနှစ်ထဲဝင်နေရင် သတိထားပါ… ဘုမ္မိကြီးနဲ့ ဘုမ္မိနှစ်ထပ်မိတဲ့ နှစ်ဆိုပိုဆိုးတယ်… ဘုမ္မိလေးကတော့ ခံသာတယ်..။ ဒီနှစ်ဘာနှစ်ပါလိမ့်.. 🙄

    Reply

  • kyeemite

    September 5, 2013 at 2:11 pm

    အခုထိ အင်တာနက်ကတော့ တက်လိုက်ကျလိုက်ပဲကြောင်ဝတုတ်ရေ…
    အလုပ်ရှုပ်တဲ့အခိုက်မို့ ဒီ ပို့စ်ကိုဘယ်လိုကျန်ခဲ့မှန်းမသိလိုက်ဘူး…
    ယနေ့ပို့စ်ကလည်းဒီနေ့မှတက်လာတော့ အခုမှမွှေကြည့်မိပါဂျောင်းးးး 🙄

    Reply

Leave a Reply

Your email address will not be published.