ပေါလိုက်တဲ့ ဆင်မ်းကဒ်တွေ

candle .August 2, 20131min016

    Cambodia မြေကို ခြေချလိုက်တယ်ဆိုရင်ဘဲ လေဆိပ်ပတ်ဝန်းကျင်နားမှာ သန် ့ရှင်းရေး အမတစ်ယောက် ဖုန်း သုံးလုံးနဲ ့အလုပ်ရှုပ်နေတာ မြင်လိုက်ရတော့ အံ့ဩမိတာပေါ့ ။

Candle တို ့များ ငါးသိန်းတန် ဖုန်းလေးတောင် အနိုင်နိုင်ရယ်လေ ။ ( အဲ့တုန်းက နှစ်သိန်းတန်ဖုန်းက ပေါ်သေးဘူးရယ် ) ။

နောက်နေ ့မနက်မှာ အရင်တည်းကရောက်နှင့်နေတဲ့ မြန်မာ GM က ဖုန်းဝယ်ဖို ့စီစဉ်ပေးတော့မှ  အော် ဒါ့ကြောင့်ကိုး ။

ဆင်မ်းကဒ်တစ်ခုကို  1500 Riel     

လက်ရှိ ဒို ့နိုင်ငံနဲ ့တူတူပါဘဲလို ့ထင်သွားလား ။ တစ်ကယ်က 1500 ပေးရတာချင်းတူတယ် ။

သူတို ့ဆီမှာ      1$ = 4000 Riel  ( လွန်ခဲ့တဲ့တစ်နှစ်ခွဲနဲ ့အခု တူတူဘဲ ဘာမှမပြောင်းလဲ )

မြန်မာပြည်မှာ   1$ =  820 ကျပ်  ( လွန်ခဲ့တဲ့တစ်နှစ်ခွဲကပါ  ။ ယခု ……)

မြန်မာငွေနဲ ့တွက်ရင် ဆင်မ်းကဒ် တစ်ခုကိုပျှမ်းမျှ  300 ကျပ်ပေါ့ ။ (ကော်ဖီမစ် သေးသေးလေး သုံးထုပ်ဝယ်လို ့ရတယ် ) ။

ငွေဖြည့်ကဒ်က အနည်းဆုံး  1$  

အပေါစား ဟန်းဆက်နဲ ့သုံးမယ်ဆိုရင်   6$  လောက်လက်ထဲမှာရှိရင် ဖုန်းကောင်းကောင်းသုံးလို ့ရတယ် ။ ကြိုက်တဲ့နိုင်ငံကို ခေါ်လို်က် ဒိုင်းကနဲရောက်တယ် ။ အသံကလည်း ကြည်လင်ပြတ်သားတယ် ။

တစ်ပတ်တစ်ခါ  100% , 50% အစရှိတဲ့ ပရိုမိုရှင်နယ်ဘောနပ်စ် ကလည်းရှိသေးတယ် ။ ဘောနပ်စ်ရက်ရောက်မှ ဖုန်းငွေဖြည့်  5$  ဖြည့်ရင်  10$  ရတယ် ။ မူရင်း 5 $ ကိုပြည်ပပြောပြီး ဘောနပ်စ်  5$  ကိုပြည်တွင်းပြော ။ ကဲ မမိုက်ပေဘူးလား ရွာသူ ရွာသား အမျိုးများတို ့ရေ ။ 

မြန်မာပြည်တွင်လည်း များမကြာမီ လူတန်းစားမရွေး ဖုန်းအသုံးပြုနိုင်လိမ့်မည်ဟုမျှော်လင့်မိပါသည် ။  သို ့သော် ဘယ်နေ ့မှန်းမသိ ။

အော် တစ်ခုရှိသေးတယ် သူတို ့ဆီမှာ ဖုန်းကိုဘယ်သူကမှ ဟန်လုပ်စရာ ကြွားဝါစရာ ပစ္စည်းတစ်ခုအဖြစ်အသုံးမပြုကြပါ ။ Candle တို ့ဆီမှာရော ။

 

 

 

16 comments

  • Ko chogyi

    August 2, 2013 at 7:01 pm

    “ မကြာမီ လာမည်မျှော်”
    ဪ အဲဒီလို ကြော်ငြာခဲ့တဲ့ ကိုသားကြီးလည်း သွားရှာပြီ။

    Reply

    • candle .

      August 5, 2013 at 1:07 pm

      ဟုတ် .. Ko Chogyi ရေ မျှော်ရလွန်းလို ့
      ညောင်ရေအိုးနှင့် နင်လားငါလား 🙂

      Reply

  • အလင်း ဆက်

    August 2, 2013 at 8:50 pm

    ဒီညနေ…
    1500 တန် ဆင်းကဒ်ရောင်းတယ်ဆိုတဲ ့.. ဖုန်းအရောင်းဆိုင်မှာ. ဝင်မေးကြည့်တာ..
    1500 တန် GSM ကဒ် တစ်ကဒ်ကု်ိ…
    တစ်သိန်းလေးသောင်းလောက်..နဲ ့ရောင်းနေတယ်..။
    ———-
    CDMA 800 ကတော့…
    တစ်ကဒ်ကို… 85000 တဲ ့လေ..။
    ———-
    1500 တန် မဲဖောက်ရောင်းပေးတဲ ့.. ကဒ်များ..
    ဈေနှုန်ကြားပြီး…
    ခေါင်းမူသွားပါကြောင်းးး

    ————————————–
    :kwi:

    Reply

    • candle .

      August 5, 2013 at 1:14 pm

      အလက်ဆင်း ပြောမှသိရတယ်
      1500 ကျပ် =140000 ကျပ်
      ပေါက်ဈေးက အဲလောက်တောင်လား ဟယ်
      စိတ်နာတယ် 🙂

      Reply

      • အလင်းဆက်

        August 5, 2013 at 8:26 pm

        တကယ် အဲဒီလောက်ဖြစ်နေတာ..ဗျ။

        အစိုးရက
        ၁၅၀ဝတန် ဆင်းကဒ်တွေကို
        မှောင်ခို ရောင်းချသူတွေ ရဲ့ ဈေးကွက် လက်ဝါးကြီးအုပ်မှု ကာကွယ်တဲ့အနေနဲ့
        ၁၅ ရက် အတွင်း
        အသုံးမပြုရင်
        အလိုအလျောက် လိုင်း ပိတ်သိမ်းမယ် ဆိုပြီး စီစဉ်လ်ုက်တယ်

        အခု ၁၅၀ဝ တန် ဆင်းကဒ် ကို
        တစ်သိန်းကျော် နဲ့ ရောင်းနေတဲ့ဆိုင်တွေက လည်း အကြံကောင်းတယ်

        ဆင်းကဒ်ထဲ ငါးထောင် ဖိုး ငွေဖြည့်ထားပြီး ရောင်းနေတယ်။
        တစ်သိန်း သုံးသောင်း နဲ့ ရောင်းမယ့် ကဒ်ကို
        ၁၃၅၀၀ဝ နဲ့ရောင်းတယ်။ ငွေငါးထောင်ဖိုးဖြည့်ပြီးသား ကဒ် ပေါ့ ။

        =============
        ဖြစ်နေတာ..
        ဖြစ်နေကြတာ…

        Reply

  • ကြာ ညောင်

    August 2, 2013 at 9:39 pm

    မျို လို့ ဆို့ လို့ ဝမှမဝသေးတာ
    သားစဉ်မြေးမြစ်ထိအောင်………..။

    Reply

    • candle .

      August 5, 2013 at 1:18 pm

      ဘယ်လောက်ဖြည့်ဖြည့်
      ပြည့်နိုင်မည်မထင် 😛

      Reply

  • uncle gyi

    August 2, 2013 at 10:34 pm

    ကျုပ်တို့ဆီလည်းလာတော့မှာပါဗျ
    ဒါပေမဲ့အလကားပေးမယ်ဆိုတဲ့သူကိုချန်ခဲ့တာလေးတခုတော့ခွင့်လွှတ်
    သူတို့လို၁၅၀ဝနဲ့ရောင်းမယ်ဆိုတဲ့သူတွေကိုမှရွေးချပေးတာ

    Reply

    • candle .

      August 5, 2013 at 1:20 pm

      ဟိ.. သူကြီးစကားနဲ ့ပွားကြည့်ရရင်တော့
      နှစ်တစ်ထောင်ကျိန်စာ 🙂

      Reply

  • မဟာရာဇာ အံစာတုံး

    August 3, 2013 at 8:07 am

    နိုင်ငံဂျားတိုင်းပျီဒွေမှာဒေါ့ဖင့် ….
    အိုက်ဂလို သုံးရဒါဒွေ တန်ဒယ် …
    ပေါရရင် …
    ရဒဲ့ လခနဲ့ လောက်အောင် သုံးနိုင်ဒယ် ….
    ရေဂဲသစ်သာ ဝယ်မယ်ဆိုရင်တောင် လဂရဲ့ လေးဘုံတစ်ဘုံလောက်ပဲ ချိမလား မသိဘူး …
    ဒီမှာဒေါ့ ဒီလို မီဟုတ်ဝူးးးး
    ဖြတ်စား လာဒ်စား လုပ်စား ဒါဒွေ များပီး …
    ဈေးဒွေဂ မတန်တဆ ဖစ်နေဒယ် …
    အခုဘဲကျိဘာအုံး … ၁၅၀ဝ တန် ဆင်မ်းကဒ် တစ်ကဒ်ကို ၁ သိန်း ကျော်ဒဲ့ ….
    ကျားလို့မှ ကောင်းဂျဒေးရဲ့လား အရပ်ကတို့ရဲ့ ….

    Reply

    • candle .

      August 5, 2013 at 1:24 pm

      ကြားလို ့ကောင်းပါတယ် ခြောက်မျက်နှာရယ်
      ချပေးတာတစ်ဖွဲ ့ လုပ်စားတာတစ်ဖွဲ ့ ဟဲဟဲ

      Reply

  • koyinmaung

    August 3, 2013 at 9:25 am

    ကြားကာလ ဟိုမရောက် ဒီမရောက် အချိန် လုပ်စားနေကြတာပါ….
    တယ်လီဖုန်း ပေါလာယင် တိမ်ကေားသွားမဲ့ပစ္စည်းကတော့ နာရီပါ…
    တရုတ်ပြည်ရောက်ခါစက နာရီပါတ်တာဆိုလို့ ကျနော်တို့မြန်မာတွေနဲ့
    တရုတ်အဖိုးကြီးတွေဘဲ ရှိတယ်..
    ကျန်တဲ့သူတွေကတော့ နာရီသိချင်ယင် ဖုန်းကနာရီကိုဘဲကြည့်ကြတယ်…
    အယင်ကတော့ Nokia မှNokia အကောင်းဆုံးထားကိုင်ကြတာ..
    ခုတော့ I Phone တို့Samsungတို့ကို အကောင်းဆုံးထား ကိုင်ကြတာတွေ့နေရပြီ…
    ကျနော်တို့ကတော့ Huawei p1 ကိုသုံးကြည့်တာ သဘောကျတယ်…
    ကင်မရာတော်တော်ကောင်းတယ်…..
    တရုတ်ဖုန်းတွေထဲမှာတော့ xiao mi တို့ zte တို့ ထင်သလောက်မကောင်းဘူး…
    ပြင်ဆိုင်ကိုပြန်ပြန်ပို့ရတယ်..ဒီမှာကအာမခံရှိလို့အလကားပြင်ပေးကြပေမဲ့…
    မြန်မာပြည်မှာဆိုမလွယ်ဘူး..

    Reply

    • candle .

      August 5, 2013 at 1:28 pm

      နောက်တစ်ခုတိမ်ကောမည့်ပစ္စည်းက
      ပြည်တွင်းဖြစ် ပြက္ခဒိန်လား မသိဘူးနော်

      Reply

  • Mr. MarGa

    August 3, 2013 at 4:29 pm

    လာမည်…………..ကြာမည်…………….မျှော်…………

    Reply

    • candle .

      August 5, 2013 at 1:33 pm

      Thanks Mr MarGa 🙂

      Reply

  • manawphyulay

    August 6, 2013 at 8:15 am

    ၁၅၀ဝ တန် ကတ်က မဲမပေါက်ပဲ ရပ်ကွက်လူကြီးတွေ အလှည့်ကျယူနေကြတယ်။ ကံဇာတာကလည်း ကိုယ့်ဘက်မပါတော့ ခုဆို ဂျီ ၁၅၀ဝ တန်က အပြင်မှာ တစ်သိန်းခြောက်သောင်းထိ ဈေးရှိနေတယ်။ ပေါက်ပြီးရင်း ပေါက်တဲ့သူတွေပဲ ထုတ်ရောင်းနေကြသလားပဲ။

    Reply

Leave a Reply

Your email address will not be published.