ပေးရတာနဲ့ ရလိုက်တာ(၁)

စူးရဲJuly 28, 20131min012

(w y) စိတ်ကြွဆေးပြားတဲ့….

ဒီဆေးရဲ ့အာနိသင်…သုံးစွဲတဲ့ လူတန်းစား ..နဲ့…. နောင်ဖြစ်လာမဲ့…သူ့ရဲ ့ဆိုးကျိုးတွေကို ကျွန်တော်ခန့်မှန်းမိပါတယ်….ခုခေတ်လူငယ်တစ်ချို ့က

လွယ်လွယ်ရတဲ့ပိုက်ဆံ နဲ့ လွယ်လွယ်ရတဲ့ဒီဆေးကို လက်တဲ့ စမ်းကြတယ် …မိမိရဲ ့စိတ်ကိုဒီဆေးနဲ့…အစားထိုးပြီးလောကကြီးကိုရင်ဆိုင်ခိုင်းနေကြတယ်…

မိမိ လုပ်နိူင်တာထက်…. မိမိ စွမ်းဆောင်နိူင်တာထက် ပိုပြီး …..ဖန်တီးပေးနိူင်သူ ဒီဆေးကို တန်ခိုးရှင်လိုကိုးကွယ်လာကြတယ်..အချိန်အကန့် အသတ် တစ်ခုရောက်ရင်တော့

ကျေးကျွန်တစ်ယောက်လို ကိုယ့်စိတ်ကိုပြန်ပြီးစေခိုင်းမဲ့ ဒီဆေးအတွက် ……လွယ်လွယ်နဲ့ ပိုက်ဆံ ရှာလို့ရပါ့မလား….သမာအာဇီဝ နဲ့ ရှာရမှာမဟုတ်တော့လို့

မုသာဝါဒကို အဖေါ်လုပ်ပြီး အဒိန္နဒါနာ ကံ ကို မြိန်ရည် ရှက်ရည် စားသုံးရတော့မှာပါ ..မြင်နေတဲ့ မျက်လုံးတွေ ကန်း ပြစ်ရတော့မှာပါ…လျောက်နေတဲ့ချေထောက်တွေ ဒူးထောက်….

ညွတ်ကျရတော့မှာပါ….တွဲထားတဲ့ လက်တွေ ဖြတ်ပြစ်ရတော့မှာပါ…..အသိတရားတွေအားလုံးကိုမီးရှို ု့ပြာချပြစ်ရတော့မှာပါ…..နောက်ဆုံး…..အချိန်မတန်ခင် ကျောခိုင်းအိပ်စက်

လောကကြီးကနေအပြီး ထွက်ခွာသွားရတော့မှာပါ…ခဏတာလူဖြစ်ရတဲ့  (ဘဝ ) ဒါနဲ့ပဲ တန်ဖိုးဖြတ်ကြမှာလား…။

 

 

 

 

 

 

12 comments

  • surmi

    July 28, 2013 at 10:31 am

    နာမည်​​ပြောင်​းလိုက်​​တော့ မျက်​စိ​တောင်​လည်​သွားရဲ့
    ကြာ​ညောင်​ဆို​တော့ ​ကြောင်​ညာ လို့ထင်​​နေတာ
    ခုမှ..
    စိန်​ခြူးကြာ​ညောင်​ဆိုတာ တွဲမိ​တော့တယ်​ 🙂

    Reply

  • TNA

    July 28, 2013 at 12:58 pm

    မိန်းကလေးတွေကပိုဆိုးတယ်။ အခုကိုပဲနှစ်ယောက်ရှိသွားပြီကိုယ့်နားမှာ စိတ်တောင်မကောင်းဘူး။ ပိုက်ဆံလွယ်လွယ်ရချင်တဲ့မိန်းကလေးတွေဘဝတခုလုံးပေးလိုက်ရတာ မနှမျောကြဘူး။ ဘယ်တော့မှနှမျောရကောင်းမှန်းသိမယ်မသိဘူး။

    Reply

  • ကြာ ညောင်

    July 28, 2013 at 1:12 pm

    ကျွန်တော်တို့ ရသလောက် ကယ်ကြမယ် ဗျာ….။

    Reply

  • KZ

    July 28, 2013 at 1:26 pm

    လူဖြစ်ရခြင်းရဲ့ တန်ဖိုးကို သေချာမတွေးမိလို့လားမသိဘူးနော်။
    နှမြောစရာ။ 🙁

    Reply

  • Mr. MarGa

    July 28, 2013 at 5:08 pm

    အသိ၊သတိ
    ဆုံးဖြတ်နိုင်တဲ့ ဉာဏ်ပညာ
    ဒါတွေ အားနည်းလို့ ဒီလိုတွေ ဖြစ်တယ်လို့တော့ ပြောချင်မိသလိုလို

    Reply

  • Ma Ma

    July 28, 2013 at 9:03 pm

    ဘရာဗိုပါ ကြာညောင်ရေ။
    အသိပညာပေးအကျိုးပြုစာပေးမို့ အားပေးပါတယ်။ 🙂

    Reply

  • သာမီး မသိဘူးတော့်..အဲ့ဆေးတွေကို…
    ခုခေတ် ကလေးတွေ သုံးနေကြတာလားဟင်င်… ဂယ်ပြောတာ…

    Reply

  • ကြာ ညောင်

    July 29, 2013 at 4:52 am

    မမရေ
    ကျွန်တော် သိသရွှေ ့ မြင်သရွှေ ့ဆက်ရေးသွားမှာပါ
    ကျနော့ ကိုယ်တွေ ့ ကျနော် ဖြတ်သန်းခဲ့ရ တဲ့ အကြောင်းတွေပါ
    စာမသွားလို့ ပိုင်းပြီးရေးပါရစေ…။

    Reply

  • kyeemite

    July 29, 2013 at 10:20 am

    မူးယစ်ဆေးဆိုတာကတော့ စ မစမ်းကြည့်တာအကောင်းဆုံးပါ
    ဖြတ်ချင်စိတ်ရှိရင်တော့ ဆေးရုံတက်ဖြတ်လို့ရပါတယ်..

    Reply

  • ကြာ ညောင်

    July 29, 2013 at 11:25 am

    ဟုတ်ပါတယ်…(မစမ်းကြည့်တာအကောင်းဆုံးပါပဲ)

    .ဆေးဖြတ်ချင်ရင်..တကယ်ဖြတ်ချင်တဲ့ (စိတ်) အဓိကရှိဖို့ပဲ လိုပါတယ်…။ကျန်တာတွေကဝိုင်းဝန်းပံ့ပ်ုးပေးဖို့ပဲ လိုပါတယ်…..ဆေးရုံမှာတက်ဖြတ်တိုင်းဆေးမပြတ်ပါဘူး…..။

    Reply

  • မဟာရာဇာ အံစာတုံး

    August 4, 2013 at 12:53 pm

    ခဏတာ မိန်းမောမှုအတွက်
    တစ်သက်တာ ဘဝကို ပေးအပ်လိုက်ရမယ်ပေါ့ ….
    မူးယစ်စေတတ်တဲ့ အရာဆိုရင် ဟုတ်ပါသေးတယ် …
    မူးယစ်စွဲလန်း စေတတ်တဲ့ အရာဆိုရင်တော့ဖြင့် ဝေးဝေးက ရှောင်သင့်တယ် …

    Reply

  • အလင်းဆက်

    August 5, 2013 at 9:09 pm

    အိပ်မက် ရိုင်း…
    အိပ်မက်ရိုင်းးးးး

    အဲဒိ သချင်းလေးကို သတိရသွားလို ့…။

    Reply

Leave a Reply

Your email address will not be published.