ကိုယ်နဲ့လိုက်မယ့်အလုပ်…

maypearlJuly 30, 20101min01

ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်မယ့်အလုပ်ကို ရွေးချယ်ရတာ ဘဝမှာအလှည့်အပြောင်းကြီးတစ်ခုကို ရင်ဆိုင်ရသလို ကြီးကျယ်လှပါတယ်။ ဆန္ဒနဲ့ဘဝထပ်တူ ကျပြီး ပျော်ရွှင်နေသူတွေက လက်ချိုးရေလို့ရပါတယ်။အလုပ်ရွေးတာမှားလေခြင်းလို့ နောင်တရနေကြသူတွေကလည်း တစ်ပုံတပင်ပါ။ ဒါလေးတွေဖတ်ကြည့်ပါဦး။

၁။  အရင်ဆုံးကိုယ့်ကိုယ်ကိုယ် မေးကြည့်ရမယ့် မေးခွန်းတွေက ကိုယ်ကဘယ်လို အလုပ်မျိုးလုပ်ချင်တာလဲ။ကိုယ့်ဝါသနာနဲ့ကိုက်ညီရဲ့လား။လစာကောင်းတဲ့အလုပ်ကိုလိုချင်တာလား။ လစာကောင်းတိုင်းရော အလုပ်မှာ အဆင်ပြေမယ်လို့ထင်လား။ ဒီအလုပ်ကို ရေရှည်လုပ်နိုင်ပါ့မလား။

၂။  ဒုတိယအဆင့်အတွက်ကတော့ အဲဒီမေးခွန်းတွေအတွက် မိမိကိုယ်တိုင်အဖြေရှာတာပါပဲ။ ကိုယ့်ရဲ့မျှော်မှန်းချက်၊ ထင်မြင်ချက်တွေနဲ့ ဒီမေးခွန်းတွေကို ဖြေကြည့်ပါ။

၃။  ကိုယ့်အတွက်သေချာပြီထင်တဲ့ ကိုယ်ဘာလုပ်ချင်တယ်ဆိုတာ သိရပြီဆိုရင် အဲဒီအလုပ်မှာ လက်ရှိလုပ်ကိုင်နေကြတဲ့ လူတွေနဲ့တိုင်ပင်ပါ။ သူတို့ရဲ့အတွေ့အကြုံတွေ၊ လက်တွေ့လုပ်ဆောင်နေရတာတွေဟာ ကိုယ်မှန်းထားတာနဲ့ ကိုက်မကိုက် ဆန်းစစ်ပါ။

၄။  နောက်ဆုံးအဆင့်မှာတော့ ကိုယ်ရှာနေတဲ့အလုပ်ကို ဘယ်မှာတွေ့နိုင်မလဲဆိုတာ လေ့လာပါ။ ကြော်ငြာတွေထဲမှာ အွန်လိုင်းတွေပေါ်မှာ ရှာကြည့်ပါ။ လုပ်ငန်းခွင်ဝင်နေတဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုလည်း မေးမြန်းကြည့်လို့ရပါတယ်။

(Myanmar Times အတွဲ ၂၄၊ အမှတ် ၄၇ရ ပါ သဲသဲထွေးရေးသားသောစာအား ပြန်လည်ဖော်ပြပါသည်။)

One comment

  • doekalay

    September 13, 2010 at 9:10 am

    အပြင်မှာလည်းတကယ်တွေ ့နေရသလို ကိုယ်ကိုတိုင်လည်းလက်တွေ ့ကြုံတွေ ့နေရပါတယ်. ဘဝမှာဖြစ်ချင်တာတွေဖြစ်မလာဘူး။ လုပ်နေရတဲ့ အလုပ်နဲ့ ဝါသနာနဲ့ တခြားစီလုပ်နေရတဲ့ လူတွေအများကြီးလည်းတွေ့ ့ဖူးတယ်…..ဝါသနာနဲ ့အလုပ်တထပ်တည်းဖြစ်တဲ ့သူဆိုတာရှိတော ့ရှိတယ်..ရှားတယ်……..အဲ့ လိုမဖြစ်စေဖို ့အံဝင်ဂွင်ကျဖြစ်ဖို ့အလုပ်တခုလုပ်တော ့မယ်ဆိုမိမိနှင် ့အံဝင်ဂွင်ကျဖြစ်မဖြစ်သေချာစဉ်းစားစေ လိုပါတယ်……..

    Reply

Leave a Reply

Your email address will not be published.