မှောင်ပိတ် ခံစားမှု (၂၄)

SawAungJune 21, 20131min05

မျက်တောင်တွေ တစ်ဖျတ်ဖျတ် ခတ်နေတဲ့ကြားက
အဲသည်အချိန်ကလေးအတွင်းမှာ ကျွန်တော်သူ့ကိုသတိရမိတယ်
မေလဆိုရင် သူကျွန်တော့်ဘဝထဲကထွက်ခွာသွားတာ (၂၄)နှစ်
ဘာမှမသိလိုက်တဲ့ သူ့အရိပ်အငွေ့အသက်တွေကို
စိတ်မှန်းနဲ့ ကျတော်ခံစားတမ်းတနေတုန်းပဲ။

သူကျွန်တော့်အပေါ် နွေးထွေးခဲ့မှာပါ
သူကျွန်တော့်ကို ပဲ့ကိုင်ခဲ့မှာပါ
မှန်းဆခံစားရင် သူဟာကျွန်တော့်ကို အားပေးသူ။

လောကဒဏ်ကြားမှာ ကျွန်တော်လမ်းလျှောက်ဆဲပါ
(၂၄)နှစ်အကြာမှာ သူဘယ်ရောက်သွားသလဲ။
သူဟာ တစ်ခါတစ်ခါ ကျွန်တော့်အနားရောက်ရောက်လာတယ်။
တစ်ခါ တစ်ခါ ကျွန်တော့်နားကပ်ပြီး စကားတစ်ခွန်းပြောတယ်။

ဘဝဆိုတာ ဒီလိုပဲ သားရဲ့……………တဲ့။

……………………
……………………….
တကယ်တော့ သူခေါ်တဲ့ သားဆိုတဲ့အသံတောင်
မမှတ်မိတဲ့ ကျွန်တော့်အဖြစ်မှာ
မှောင်ပိတ်ခံစားမှုထဲက တစ်စုံတစ်ရာကို
ကျွန်တော်ရှာဖွေကြည့်တယ်………။
……………..
(၂၄)နှစ်ဆိုတဲ့ အတိုင်းအတာမှာ
ဖေဖေဟာ…………..ကျွန်တော့်ဘဝထဲမှာ
အလင်းတန်းတစ်ခုအဖြစ်တည်ရှိနေဆဲပဲ…….။
…….
မှောင်ပိတ်တဲ့ခံစားမှုထဲမှာပေါ့……။

ရင်နှင့်ရင်း၍
အောင်မိုးသူ
ဧပြီ ၃ရက် ၂၀၁၃ခုနှစ်
ကွယ်လွန်သူဖေဖေ (၂၄)ပြည့်အမှတ်တရ

5 comments

  • KZ

    June 21, 2013 at 9:12 am

    တွေး ကို မတွေးရဲ တဲ့ ခံစားမှုမျိုးမို့ ကိုယ်ချင်းစာ ဝမ်းနည်းစွာပဲ ဖတ်သွားတယ်။ 🙁

    Reply

  • kyeemite

    June 21, 2013 at 3:15 pm

    စိတ်မကောင်းစရာပါလားဗျာ… 🙁

    Reply

    • aung moethu

      June 21, 2013 at 4:45 pm

      🙁 ဒီလိုပါပဲ…. အစ်ကိုရာ

      Reply

  • ဦး ကြိမ်

    June 21, 2013 at 3:28 pm

    အထိမ်း အကွပ်မဲ့ စွာ လမ်း လျောက် ခဲ့ရတဲ့ နေ့တွေ ကို ပြန်သတိရတယ် အောင် မိုးသူ………။

    Reply

  • အလင်း ဆက်

    June 22, 2013 at 8:58 pm

    လောကဒဏ်ကြားမှာ ကျွန်တော်လမ်းလျှောက်ဆဲပါ

    ကျွန်တော်လည်း……

    Reply

Leave a Reply

Your email address will not be published.