ဘဝဆိုတာ (၁/၂၀၀၈)

အာဂJune 15, 20131min07

အသက် ၅ဝ ကျော် အထိ
အဖေကတော့ ဘဝ အကြောင်းပြောလို့ကောင်းတုန်း
ကျွန်တော် က၂၄ နှစ် ဘဝ အကြောင်း
ဘယ်အထိပြောရဦးမလဲ..။

ပန်းကလေးတွေ
ဖူး…ပွင့်….ဝေ…ကြွေ
သွားတာဘဝလား…။

ကျွန်ုပ်တို့ရဲ့ ရည်မှန်းရာဘဝများက ဘာပါလဲ..။
အကောင်းစားကားနဲ့ အကောင်း စားဖုန်း
တစ်လုံး ဟာ လူသားတစ်ဦးရဲ့ ဘဝလား..။

ဆန့်ကျင်ဘက် လိင် တစ်ယောက်ရဲ့
ချစ်ခြင်းဟာလည်း ဘဝ လား..။

ကလေးတစ်ယောက်ရဲ့ လိုချင်မှု ငိုငြီးသံက
ဘဝလား..။

အာဏာပင်ထက် အသီးအပွင့် ဝေစေနိုင်တာကရော
ဘဝများလား..။

ငါလိုချင်တဲ့ ဘဝကရော ဘယ်လိုဘဝ မျိုးလဲ
သေချာတာကတော့……….။

7 comments

  • ကျနော်တို့ မွေးကတည်းက သေသည်အထိ …
    တွေ့ကြုံနေကြရတာတွေဟာ ဖြစ်တတ်တဲ့ အရာတွေပါပဲ။
    ဒါကိုပဲ ဘဝ ရယ်လို့ ဆိုနိုင်လေမလားပဲ။

    “ဖြစ်တတ်၏” ထို့ကြောင့် “ဘဝ” မည်၏ ….။

    ++++++++++++++++++++++++++++

    ဒါနဲ့ …
    ခီညား လိုဂျင်ဒဲ့ ဘွက ဘယ်လိုညိုးဒုန်းဟင်င်င် … 🙄

    Reply

  • မောင် ပေ

    June 15, 2013 at 7:39 pm

    ဘဝဆိုတာ
    ညလိုကညာ
    ရဆိုတစ်ခါ
    ခဏတိုဘာ
    မလှပိုကာ

    Reply

  • အလင်း ဆက်

    June 15, 2013 at 9:53 pm

    ဘဝ ဆိုတာ..
    ဘ + ဝ = ဘဝ
    ဘ = ကြာသပတေးနံ = ၅
    ဝ = ဗုဒ်ဒဟူးနံ = ၄

    ဘ + ဝ = ၅ + ၄ = ၅၄

    မသင်ကာမှု ပုဒ်မ …..

    😆

    Reply

    • ကြက်အူလှည့်

      June 17, 2013 at 7:35 am

      ဘဝ ဆိုတာ ၅၄ ဆိုရင် ၅၄ ဆိုတာ ဟို ဘွားတော်ရဲ့ အိမ်နံပါတ်..
      သည်တော့ ကောက်ချက်ချ..
      ဟိုဘွားတော်သည် ရှင်သန်မှု ဖြစ်တည်မှု …ဘဝ..

      ကွိကွိ…

      Reply

      • Mr. MarGa

        June 17, 2013 at 8:30 pm

        နောက်တစ်နည်း ပြန်တွေး
        ဘွားတော်သည် မသင်္ကာမှုနှင့် ဆက်စပ်နေ

        Reply

  • KZ

    June 17, 2013 at 8:33 am

    မသိဘူး::::::::
    ဘဝ ဆိုတာ ဘာလဲ မစဉ်းစားအားဘူး::::
    ကြည့်ရမဲ့ ရုပ်ရှင်တွေ….
    ဖတ်ရမဲ့ စာတွေ ….
    လုပ်ချင်တဲ့ စတုပစ် အလုပ်လေးတွေ…..
    တွေ့ရမဲ့ လူတွေ …..
    ကြုံရမဲ့ ဖြစ်ရပ်တွေ …… အတွက် …..
    (ကြားဖောက်မသေသေးရင်) သက်တမ်းတစ်ဝက်ကုန်နေပြီဖြစ်သော ကျုပ်အတွက် အချိန်တွေ အရမ်း နည်း နေပြီမို့။
    :mrgreen:

    Reply

Leave a Reply

Your email address will not be published.