သက်သေပြယုဒ် ဖြစ်တည်ခဲ့ရာ

မပြုံးကြတဲ့ အမုန်းများနဲ့

လက်တွဲကိုဖြုတ် ကျောကိုခိုင်းကာ

တစ်ယောက်မျက်နှာ တစ်ယောက်မှာ

မမြင်ချင်ပါ ဆိုလာသူနှစ်ဦး

ပြိုင်တူမှိုင်းပေါ် ရပ်မိပြန်တော့

ဖက်ကာငိုပွဲ ဆင်ကာနွဲပြီး

သူသွားကိုယ်သွား ဆိုနေငြားလည်း

နှစ်ယောက်နင်းထား ခြေထောက်များက

သက်သေပြယုဒ် ဖြစ်တည်ခဲ့ရာ

ငါတို့တကယ် မမုန်းပြီမို့

အရေးကြီးတော့ သွေးနီးကြသည်

ခရိုနီ။

 


“မလေးရှားနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေသော မြန်မာ မိသားစုများ ဘန်ကောက် နှင့် စင်ကာပူမှ ပြန်မည် ဆိုပါက Golden Myanmar လေကြောင်းလိုင်းမှ အခမဲ့ စီးနင်းခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။

Golden Myanmar လေကြောင်းလိုင်းသည် ဘန်ကောက် ၊ စင်ကာပူ ၊ ရန်ကုန် – မန္တလေး ခရီးစဉ် ပြေးဆွဲနေခြင်းကြောင့် ရန်ကုန် နှင့် မန္တလေး ခရီးစဉ် နှစ်ခုလုံး အား အခမဲ့ စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
စီးနင်းလိုသူများ သည် မလေးရှား နိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေသူများဖြစ်ကြောင်း မြန်မာ သံရုံးထောက်ခံချက် ပါရှိရမည် ဖြစ်ပြီး လေယာဉ်လက်မှတ် အခမဲ့ ပေးမည် ဖြစ်သော်လည်း လေဆိပ် ဝန်ဆောင်ခ များကို စီးနင်းသူမှ ပေးဆောင်ရမည် ဟု Golden  Myanmar လေကြောင်းလိုင်းမှ တာဝန်ရှိသူက ပြောသည်။

Golden Myanmar လေကြောင်းလိုင်းကို ဆက်သွယ်လိုပါက စင်ကာပူ ဖုန်း နံပါတ် ဝ၀၆၅ – ၉၁၈၂၉၃၉ဝ ၊ ဘန်ကောက် ဖုန်းနံပါတ် ဝ၀၆၆ -၂၁၃၄၇၉၃၈ / ၂၁၃၄၇၉၃၉ / ၈၄၉၉၀၆၀၉ဝ သို့ ဆက်သွယ်နိုင်ပြီး Email ဖြင့် ဆက်သွယ် မည် ဆိုပါက www.gmairlines.com သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။´´

“မလေးရှားနိုင်ငံတွင် ရောက်ရှိ၍ အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသူ/သားများအားလုံးအတွက် Asian Wings လေကြောင်းလိုင်းအနေဖြင့် ကူညီထောက်ပံ့မှုများဆာင်ရွက်ပေးနိုင်ရန် စတင်ဆောင်ရွက်လျက်ရှိပြီး မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများအနေနှင့် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာ၍ မိမိတို့ နေရပ်သို့ပြန်နိုင်ရန်အတွက် Asian Wings လေကြောင်းလိုင်းအနေဖြင့် ပြေးဆွဲလျက်ရှိသော ပြည်တွင်းခရီးစဉ်များအတွင် အခမဲ့လိုက်ပါစီးနင်းနိုင်ရန်အတွက် စီစဉ်ပေးမည်ဖြစ်ပါသည်။

ဆက်သွယ်ဆောင်ရွက်လိုပါက Public Relation Department (ဖုန်းနံပါတ် ဝ၁-၅၁၅၂၅၉၊ ၅၁၅၂၆ဝ လိုင်းခွဲ – ၁၀၅) သို့တိုက်ရိုက် မေးမြန်းနိုင်ပါသည်။´´

“အဲပုဂံက မလေးရှားရောက်မြန်မာများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာပါက သက်ဆိုင်ရာဒေသများသို့ သွားရောက်နိုင်ရန်အတွက် အဲပုဂံလေကြောင်းလိုင်းများတွင် အခမဲ့စီးနင်းခွင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

“ကျမတို့က International လေကြောင်းလိုင်းမဟုတ်တဲ့အတွက် သူတို့ ပြန်လာမှာကို သွားခေါ်လို့မရပါဘူး ၊ ဒါပေမယ့် မလေးရှားကိုရောက်နေတဲ့ မြန်မာတွေမှာ နယ်တွေက များတဲ့အတွက် သူတို့ ပြန်ရင် အဆင်ပြေအောင် ကျမတို့ အဲပုဂံ ပြည်တွင်း လေကြောင်းလိုင်းမှာ အခမဲ့ စီးနင်းခွင့်ပြုသွားမှာပါ ” ဟု အဲပုဂံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မြန်မာများအနေဖြင့် အဲပုဂံ လေကြောင်းလိုင်း PR ဌာန (ဖုန်း- ၅၀၄၂၈၄ ) သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မလေးရှားရောက်ဗမာများပြန် လာနိုင်ရေးအတွက် ထူးဖောင်ဒေးရှင်းက ကနဦးဒေါ်လာ ၁သိန်းလှုဒါန်းမည်ဖြစ်ကြောင်းသိရသည်။´´

 

အခုလိုသတင်းတွေဖတ်ရတော့ ကိုယ့်လူမျိုးတွေအတွက် ဝမ်းမြောက်မိပါရဲ့ ………………..။
ငြိမ်းမောင်
13.6.2013

2 comments

  • မင်းမင်း

    June 13, 2013 at 4:55 pm

    ဘာပဲပြောပြော

    ဘာပဲပြောပြော

    လတ်တလောကိစ္စကို အဆင်ပြေအောင်

    မြန်မြန်အကူအညီပေးတဲ့အတွက် ချီးကျူး

    ပါတယ်။ ဟိုလိုဒီလိုဝေဖန်နေရမဲ့အချိန်မဟုတ်

    ဘူးလို့ထင်ပါတယ်။ ဒုက္ခရောက်နေသူများနေရာ

    မှာဝင်ပြီးခံစားမိပါတယ်။ကောက်ရိုးတမျှင်လဲ……

    Reply

  • မောင် ပေ

    June 13, 2013 at 7:52 pm

    သူဌေးကြီးတွေ ပါဝင်ကူညီလှူဒါန်းလာတဲ့ သတင်းများကို ဖတ်ရတာ ဝမ်းသာပီတိဖြစ်ရပါ၏။

    Reply

Leave a Reply

Your email address will not be published.