ကျေးဇူးတရားနှင့် လူ့အခွင့်ရေး အဟေဟေး

ကျုပ်အဘ နဲ့ ကျုပ်အမေ ဘာညာဘညာကွိကွကွိကွ ကျုပ်လူဖြစ်လာတယ်ပေါ့နော

ထိုအခါ သူတို့ကျေးဇူးတွေ ကျုပ်အပေါ်မှာရှိတယ်လို့ဆိုကြပြန်ရော

မိဘတို့မေတ္တာ ချစ်သော သူတို့သားသားလေး ကျုပ်ကို နာမည်တစ်ခုပေးလေရဲ့

လက်ရှိ ကျုပ်နာမည် မိုက်ကယ်ဂျော်နီအောင်ပု တော့ဟုတ်ဘူး

ဆိုတော့ကာ

မိဘကျေးဇူးရယ် သူတို့ပေးတဲ့နာမည်ရယ် ကျုပ်ရဲ့အခွင့်အရေးရယ်

နိဂုံးချုပ်ရရင်တော့ ကျုပ်ရဲ့ မိဘတွေပေးတဲ့နာမည်ကို မကြိုက်လို့ပြောင်းခြင်းဟာ မိဘကျေးဇူးကန်းရာကျသလား

ကျုပ်ရဲ့ဘဝကို မိဘတွေပေးထားနဲ့နာမည်နဲ့ဘဲ သေသည့်တိုင်အောင် အဆုံးသတ်ရမလား

ကျေးဇူးတရားနဲ့ လူ့အခွင့်ရေး အဟေဟေး

4 comments

  • ရာမည

    June 12, 2013 at 12:38 am

    ပြောချင်တာက ဒီအကြောင်းအရာဟုတ်ပုံမရဘူး ။
    ဘာကိုများဆိုလိုတာပါလိမ့်
    လက်ရှိဖြစ်ပျက်နေတဲ့ပြဿနာတွေနဲ့ တနည်းတဖုံပတ်သက်ပါလိမ့်မယ် ။
    စဉ်းစားစရာတွေတော ့ပေးပြန်ပြီလားဦးအောင်ဘုရယ်
    :mrgreen:

    Reply

  • အရီးခင်လတ်

    June 12, 2013 at 1:48 am

    ကျုပ်က စေတနာ နဲ့ နာမည်အကြောင်း သတိပေးတာကို ဒင်းက လူ့အခွင့်အရေးတွေ ဘာတွေ နဲ့ ဇာချဲ့နေပါတော့လား။
    👿

    😆

    Reply

  • မောင် ပေ

    June 13, 2013 at 12:18 pm

    ကျုပ်လဲ မျိုးဆက်သစ်ရဖို ့
    ဘာညာကွိကွ ရဦးမှာပါကလား
    ဟီ ဟိ

    Reply

  • ဦးကြောင်ကြီး

    June 18, 2013 at 10:43 am

    နင်ကိုမွေးတုံးက သေရည်အရက် သောက်ဖို့ မသင်ပေးလိုက်ဖူး.. အဲဒါကို နင့်ဆိတ်နဲ့နင် မျိုဆို့မူးယစ်တော့ အခွင့်အရေးလား ကျေးဇူးတရားလား .. ဘာလားညာလား ငမူးကောင်ရဲ့…

    Reply

Leave a Reply

Your email address will not be published.