♥♥♥♥♥♥♥ ရင်ကွဲရာသီ ♥♥♥♥♥♥♥

လူစိုးJune 7, 20131min011

တနွယ်ငင်လို့ တစင်ပါ
အကြင်နာ ရင်မှာ မမင်တာလား

အတူသိပ်ချစ်ခဲ့စဉ်က
သူစိတ်ညစ်ရင် အားပေး
အနားလေးမှာ မခွဲခွာ
အမြဲသာ အစဉ်ရှိ
သင်ကြည့်တက်ရင်တော့ မြင်မယ်ထင်မိတာပေါ့..။

ဟိုအရင်ချစ်ခဲ့စဉ်က
သူငိုရင် ကမ္ဘာပျက်သုန်း
အမှောင်ဖုံးပေမယ့် အလင်းဆောင်
ငို ရီ ပြုံး ပျက်လုံးအစုံသုံးလို့
သူပြုံးမှ ပျော်တက်သူက
ဘဝကို ပြင်လို့ အလှကိုဆင်
မေတ္တာချင်းယှဉ်ရင် နိုင်မယ်မထင်..။

မေတ္တာတွေ တိုးလာတော့
သစ္စာတွေ ရင်ဝယ်ပျိုးပါရော့
သံယောဇဉ်လွန်း တင်တဲ့ကြိုးက
တင်းလွန်းလို့ ပြတ်တာလားကွယ်

မနေတတ်ပေမယ့် ကျေနပ်ပါရဲ့
ဗွေရတတ်ဖြာ အပူမီးတော့
လွင်တီးခေါင် လေပူရိုင်းလို
ရင်ငွေ့ကို တစ်ခါတိုးတိုင်း
ဆိုးလို့ လှိုက်လောင် ..။ ။

@လူစိုး

(ဆုံးအောင် ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ ဝမ်းစာမပြည့်စုံသေးတော့ လိုအပ်ချက်တွေ ရှိမှာပါပဲ
သည်းခံခွင့်လွှတ်ပြီး ဖတ်ပေးကြပါနော် )

11 comments

  • ဦး ကြိမ်

    June 7, 2013 at 4:27 pm

    နှလုံးသားနဲံ့ခံစားအားပေးသွားတယ်နော်………လူဆိုး

    Reply

    • လူစိုး

      June 9, 2013 at 9:42 am

      ကျေးဇူးပါ ဦး ကြိမ်

      Reply

  • ရာမည

    June 7, 2013 at 8:18 pm

    ကဗျာပြခန်းမှာပါ ရေးသားစေချင်ပါတယ်

    Reply

  • ဗုံ ဗုံ

    June 8, 2013 at 10:28 am

    ကောင်းလိုက်တာ ကဗျာပြခန်းကို ပို့ပါလား အူးလေးရဲ့ ….

    Reply

    • လူစိုး

      June 8, 2013 at 4:37 pm

      ဟုတ် ပို့ပေးပါ့မယ် ဗုံဗုံ ဘယ်ကို ပို့ရမလဲ မတိလို့ 😀 အောက်ကမေးနဲ့ပို့လိုက်ပါ့မယ်

      Reply

    • လူစိုး

      June 8, 2013 at 5:15 pm

      အားပေးလို့ ကျေးဇူး ပို့လိုက်ပါပီ ခင်ငှ 😀

      Reply

  • မောင် ပေ

    June 8, 2013 at 12:32 pm

    ရင်ကွဲရာသီ
    ဂွင်ထဲမှာအီ
    ဆင်ဖဲလာမည်
    ကင်ဆွဲကြာရီ
    အင်ဘဲမြာကြည်

    Reply

  • may july

    June 8, 2013 at 1:15 pm

    အားပေးသွားပါတယ်ဗျာ …

    Reply

  • အလင်း ဆက်

    June 8, 2013 at 4:19 pm

    ပြခန်းဆီကို..ပို ့လာမယ့်…..
    ကလူစိုး ရဲ ့ကဗျာတွေကို..
    မျှော်နေပါတယ်….။

    ပြခန်းဝင်ကဗျာလေးများ…အဖြစ်…ပါဝင်ပံ့ပိုးချင်တယ်ဆိုရင်ဖြင့်..
    alinsett.art@gmail.com ကို… ကဗျာများပေးပို ့နိုင်ပါကြောင်းးးးးး

    လေးစားစွာဖြင့်
    အလင်းဆက်

    Reply

  • အလင်း ဆက်

    June 8, 2013 at 4:22 pm

    အော်. ပြောရမှာလေး..ကျန်ခဲ့လို ့…။
    ကဗျာ ပြခန်းအတွက်.. ကဗျာ ပံ့ပိုးမယ်ဆိုရင်လေ…
    ကိုယ့်စိတ်ကြိုက် ဖန်တီးထားတဲ့ ဒီဇိုင်း /
    ဖန်တီးပြီးသား ဆိုရင်.. ပိုကောင်းပါတယ်လို ့…။
    🙂

    Reply

    • လူစိုး

      June 8, 2013 at 5:08 pm

      ဒီဇိုင်းလေးနဲ့တော့အဆင်ပြေဘူးဗျာ လုပ်ထားတာလေးတော့ ရှိတယ် ပို့ပေးလိုက်မယ် း)

      Reply

Leave a Reply

Your email address will not be published.