ပင်တဂွန်မှ iphone နှင့် Android စနစ်များကို အသုံးပြုရန် စဉ်းစားလာခြင်း

Mr WorldWideJune 5, 20131min01

ယခုအခါ အမေရိကန်ကာကွယ်ရေးဌာနသည် Apple ၏ ဝင်းဒိုးစနစ် (အထူးသဖြင့် iphone နှင့်  ipad တို့၏ ဝင်းဒိုးစနစ်) များကို ၎င်းတို့၏ ကာကွယ်ရေးဆိုင်ရာ ကွန်ရက်ချိတ်ဆက်မှုအတွက် အသုံးပြုရန် စိတ်ဝင်စားလျက်ရှိသည်။ ထို့အတူ  Android ၏ လုံခြုံရေးစနစ်များနှင့် နောက်ဆုံးပေါ်   Blackberry ၏ စနစ်များကိုလည်း သဘောကျနှစ်ခြိုက်လျက်ရှိပါသည်။

The_Pentagon_January_2008

အဓိကနှစ်ခြိုက်ရသည့် အကြောင်းရင်းမှာ ယင်းကိရိယာများသည် ကာကွယ်ရေးကွန်ရက်အတွင်း သတင်းအချက်အလက်များကို ဖြန့်ဝေခြင်းနှင့် လက်ခံခြင်းတို့ကို လွယ်ကူစွာလုပ်ဆောင်နိုင်ခြင်းကြောင့် ဖြစ်သည်။ ၎င်းကိရိယာများကို နှစ်ခြိုက်သဘောကျသော်လည်း လုံခြုံရေးဆိုင်ရာ သံသယများရှိနေသောကြောင့် ကွန်ရက်နှင့် ချိတ်ဆက်အသုံးပြုမည်မဟုတ်ပဲ ပုံမှန်ကိစ္စရပ်များတွင်သာ အသုံးပြုလာနိုင်ပါသည်။ ယခင်က ကာကွယ်ရေးဌာနတွင် Blackberry မှ ပြုလုပ်ပေးထားသော စမတ်ဖုန်းများကိုသာ အသုံးပြုခဲ့ကြသည်။ ကာကွယ်ရေးဌာနအနေဖြင့်Blackberry ဖုန်းပေါင်း ၅ သိန်းခန့် အသုံးပြုခဲ့ပေသည်။ ၎င်း၏နေရာတွင်  iphone နှင့် Android ဖုန်းများဖြင့် အရေးတကြီး အစားထိုးအသုံးပြုမည် မဟုတ်ပေ။ သို့သော် ကာကွယ်ရေးဌာနမှ လိုအပ်သော လုံခြုံရေးဆိုင်ရာဆော့ဖ်ဝဲ ၃ ခုအား iphone နှင့် Android ဖုန်းတို့က ဖြည့်ဆည်းပေးမည်ဆိုလျင် လာမည့်နှစ်အနည်းငယ်အတွင်း၌  Blackberry ဖုန်းများအသုံးပြုနေမှုသည် ရပ်တန့်သွားမည်ဖြစ်ပေသည်။ ဤသို့ iphone နှင့် Android ဖုန်းများကို စိတ်ဝင်စားသဘောကျလျက်ရှိသော်လည်း ကာကွယ်ရေးဌာန၏ ကွန်ရက်အတွင်း အသုံးပြုခြင်းကိုမူ ခွင့်ပြုထားခြင်း မရှိသေးပေ။
ယခုအခါ အမေရိကန်တပ်မတော်သည် စစ်မြေပြင်များတွင် ဆဲလ်ဖုန်းကွန်ရက်ကို ချိတ်ဆက် အသုံးပြုလျက်ရှိသော်လည်း စစ်ဘက်သုံး Wifi စနစ်များပေါ်ပေါက်လာသောကြောင့် ၎င်းဆဲလ်ဖုန်းအသုံးပြုမှုကဏ္ဍမှာ ရပ်တန့်သွားတော့မည်ဖြစ်သည်။ ဆဲလ်ဖုန်းအသုံးပြုမှုစနစ်သည် အကြမ်းခံနိုင်မှုနှင့် လုံခြုံစိတ်ချရမှုများကြောင့် ကာလကြာရှည်စွာ အသုံးပြုခဲ့ခြင်းဖြစ်သည်။ ကာကွယ်ရေး ကွန်ရက်အတွင်း ဖုန်းများအသုံးပြုမှုသည် လွယ်ကူလုံခြုံသော ကိစ္စရပ်တစ်ခု မဟုတ်သော်လည်း ¤င်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လျက်ရှိနေကြပါသည်။

Source: www.strategypage.com/htmw/articles

One comment

  • kyaw hteik

    June 5, 2013 at 10:43 pm

    အသိ တစ်​ခုတိုး​စေ​သောပို့ဖြစ်​လို့ ဖတ်​မှတ်​သွားပါ​ကြောင်​းပါ
    ခင်​ဗျာ။

    Reply

Leave a Reply

Your email address will not be published.