စံနစ်နဲ့ တိုင်းပြည်ကိုပြင်ချင်ရင် စနစ်ကို တပြည်လုံးလေ့ကျင့်ပါဝင်ရမည်။

myanmar democratMay 17, 20131min011

ခင်မင်ရသော တိုင်းရင်းသား လူငယ်တို့

 

မြန်မာဒီမိုကရက်လေ့ကျင့်ရေးကျောင်းကို ကျွန်တော်တို့အငြိမ်းစားဆရာဆရာမ များ ပူးပေါင်းတည်ထောင်ဖွင့်လှစ်ပါသည်။

ဒီမိုကရေစီပညာပေးအစီအစဉ်များ အလွန်ချို့တဲ့အားငယ်နေသည့် ဒီမိုကရေစီ ပူပူနွေးနွေး လမ်းမကြီးပေါ်တွင် ပညာပေးတာဝန်ကြေပြွန်လိုကြပါသည်။

ကျွန်တော်တို့ ကျောင်းကို မည်သည့် ပါတီကြီးတစ်ခုခုကို မျှ ကိုယ်စားမပြုဘဲ ဖွင့်လှစ်ထားရာ အငြိမ်းစား များချွေးနည်းစာဖြင့်တည်ထောင်ပါသည်။

 

ထင်သာမြင်သာရှိသည့်အပါတ်စဉ် ဆွေးနွေးပွဲများကိုလည်း ပြုလုပ်ပါသည်။သို့သော်အလွန်ထူးခြားသည့် ဒီမိုကရေစိမိတ်ဆွေများ လာရောက်ခြင်းအားနည်းပါသည်။

ဒီမိုကရေစီမိခင်၏ကိုထောက်ခံနေသည့် ဒီမိုကရေစီဘိုးအေကြိးကလည်း သူ၏လှုပ်ရှားမှုများတွင် ကျွန်တော်တို့ကျောင်းကို အလွန်မေ့တတ်သော သူဖြစ်နေပါသည်။

ပြည်တွင်းအန်ဂျီအိုများစွာကလည်းသူတို့အစီစဉ်များကိုလာရောက်ရန်ဖိတ်ကြားလေ့မရှိကြပါ။ကျွန်တော်တို့ကျောင်း၏သင်ကြားမှုများမှာထူးခြားနေသလားထင်မိသည်။

အစိုးရလုပ်မည် အာဏာလိုချင်သည် အုပ်ချုပ်ရေးပြင်မည် စစ်အာဏာရှင်ကိုအစားထိုးမည့်သူများအတွက်နှင့် နယ်အသီးသီးက

တိုင်းရင်းသားညီအစ်ကိုများမောင်နှမများ တွက် ကျွန်တော်တို့ကျောင်းသည့်အလွန်အတွေ့အကြုံကြိးမာ းသည့် အငြိမ်းစားဆရာဆရာမများ ၏

ပြည်သူ့ရေးရာစီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးပညာများကို စုစုပေါင်း သင်ကြားချိန် နာရီ၆ဝဖြစ်နားလည်စေပါသည်။

 

ကျွန်တော်တို့ကျောင်းသည် မည်သည့် တစ်ဦးတစ်ယောက်လက်ဝေခံမဟုတ်သလို မည်သည့်နိုင်ငံခြားက အကူအညီလဲ ယနေ့ထိမယူသေးပါ။

အစိုးရနှင့်လဲမပါတ်သက်ပါ။သင်ကြားသည့်ဘာသာရပ်များကတော့ ကျေးရွာလေးတစ်ရွာ ရပ်ကွက်ငယ်လေးတစ်ခုကို ပြီပြင်အောင်အုပ်ချုုပ်မည့်သူများမွေးထုတ်ရန်

ရည်ရွယ်ပါသည်။ အမေရိကန်သမတကြီး အိုဘားမားသည် အလွန်အံ့အားသင့်ဖွယ်ကောင်းပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင်များသတိမမူမိသည့် သူ့မိန့်ခွန်းတစ်ခုမှ

အောက်ပါစာသားများကို ရန်ကုန်မြို့သိုလာရောက်စဉ်ပြောခဲ့ဖူးပါသည်။ မြန်မာပြည်တွင် ကျေးရွာနှင့်အောက်ခြေရပ်ကွက် များ ၆၀၀၀ဝကျော်ရှိနေပါသည်။ထိုထိုသော

အောက်ခြေများဒီမိုကရေစိအနှစ်သာရကိုနားလည်ကာ ဖွံ့ဖြိုးတိုးတက်ရန် ဒီမိုကရေစီအလေ့အကျင့်များ စွာကို လေ့ကျင့်ပေးရမည်ဆိုသည့်အချက်ဖြစ်ပါသည်၊။

 

ယနေ့ နိုင်ငံရေးဆိုင်ရာ ပါတီများစွာနှင့်ပါတီဝင်များစွာတို့သည် အခြေခံဥပေဒပြင်ရေးနှင့်လွှတ်တော်နိုင်ငံရေးအာဏာကိုမက်မော ဖမ်းရမ်းဆုပ်ကိုင်ရန်သာ အကြိမ်ကြိမ်

ကြိုးစားနေသော်လည်းဒိမိုကရေစီုပြန့်ပွားရေးနျင့်လူထုဒိမိုကရေစီဆိုင်ရာအောက်ခြေလိုအပ်ချက်များစွာကိုဖြည့်စွမ်းပေးရန် အစီအစဉ်မရှိသေးပါချေ…

ဒီမိုကရေစီ အစိုးရတစ်ရ့ပ် ပေါ်လာသော်ငြားလည်း အလုပ်များနေသဖြင့် မြန်မာတိုင်းရင်းသားအများစုကြီးမှာ ဒီမိုကရေစီကို စာလုံးပေါင်းတတ်ယုံဖြစ်နေပါသည်။

 

စီမံခန့်ခွဲရေးသင်တန်းပေါင်စုံကလည်း ကပက်စီတီးဘေဒင်များသင်နေရာ အားလုံး ဗေဒင်မေးတတ်လာပါသည်။မြန်မာ့နိုင်ငံရေးကို ဗေဒင်မေးတတ်သူနှင့်ဖြေသူများ

များလာပါသည်။သို့သော် ကျွန်တော်တို့အားထုတ်နေသည် ့ စစ်သားအစိုးရဖယ်သွားသည့်အချိန်မှာ အရပ်သား အုပ်ချုပ်ရေးသမားများ သူတို့ထက်သာပါ့မလားဆို

သည့်စိုးရိမ်စိတ်ပါ။

ယနေ့လူထုအတွင်း အစိုးရဆိုသည်မှာ ရပ်ကွက်မှ ကျေးရွာကအစပြင်ရမည်ဆိုသည်ူ့ယုံကြည်ချက်ကို လူငယ်များကြားမှ ပြည်ထုဆန္ဒဖြည့်စွမ်းမှုပြင်းပြသည့်

မည်သည့် ခေါင်းဆောင်လောင်းများကို မဆို အဓိက ထားသင်ကြားပေးမည်ဖြစ်ပါကြောင်း စိတ်ဝင်စားမှုရှိသူများ ဆက်သွယ်နိုင်ပါသည်။

 

မြနိ်မာဒီမိုကရက်သင်တန်းကျောင်း

နည်လှည့်သင်ကြားရေးအဖွဲ့

ဖုန်း 0973121632

အီးမေးလ် -myanmardemocrat@gmail.com

www.facebook.com/myanmardemocrat trainee

 

11 comments

  • ကထူးဆန်း

    May 18, 2013 at 12:04 pm

    စိတ်ဝင်စား စရာပါ ။
    အထူးသဖြင့် ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ကိုယ်မှ ကိုယ်စား မပြု ဆိုလို့ အားပေးပါတယ် ဗျို့ ။

    Reply

    • ကထူးဆန်း

      May 18, 2013 at 12:06 pm

      အဲ facebook တော့ ဝင်လို့ ရဘူးရယ်
      Sorry, this page isn’t available
      The link you followed may be broken, or the page may have been removed.
      အဲ့ဒါကြီးဘဲ ပေါ်ကြောင်းပါ

      Reply

  • ဦးဦးပါလေရာ

    May 18, 2013 at 12:28 pm

    နောက်တာလား တကယ်လား ဆိုတာ လေ့လာနေပါကြောင်း….

    Reply

  • ခရီးသည်ကြီး

    May 18, 2013 at 1:24 pm

    ဒီမိုကရေစီကို သင်တန်းပေးမယ်
    ဟုတ်လား ?????

    ဒါက သင်တန်းပေးဖို ့လိုလို ့လား
    ဆိုရှယ်လစ်တုန်းကလည်း ညဖက်တွေမှာ လယ်သမားတွေကစလို ့
    အားလုံးသင်တန်းတွေပေးတယ်
    မအောင်မြင်ဘူး
    ကိုယ် ့လူတို ့က အခုထိသင်တန်းပေးဖို ့ဘဲစဉ်းစားနေပါလား
    ပုံစံခက်ထဲက မထွက်သေးပါလား

    Reply

  • ကျုပ်ကဒေါ့ …
    ဒီမိုနဲ့ ပတ်သက်ရင် ဒီမိုဖက်တီး ပဲ သိဒယ် ..
    ဒါတောင် ကြားဖူးနားဝနဲ့မို့ သိဒါရယ် …
    ခုလို သင်ဒန်း ချိဒယ်ဆိုဒေါ့ ကောင်းဒါပေါ့ ..
    ဒါ့ထက် ဖရီးလား ???
    ထမင်း ကျွေးဒေးလားဟင်င်င် .. 🙄 :mrgreen:

    Reply

  • N@ng Ghi Ghi Joe Z

    May 18, 2013 at 1:43 pm

    အငြိမ်းစား ဆြာဆြာမများ
    ဘယ်ပါတီနဲ့မှ မပတ်သတ်
    ဘယ်အန်ဂျီအို ဆီကမှ ထောက်ပံ့ကြေးမယူသေး
    နာရီ-၆ဝ

    ကျုပ်က တော့ အဲ့သည့်အချက်ကလေးတွေပဲ ပြတ်ပြတ်ထင်ထင်ရှိတာပဲဗျ

    Reply

  • MaMa

    May 18, 2013 at 1:45 pm

    ်(စံနစ်နဲ့ တိုင်းပြည်ကိုပြင်ချင်ရင် စနစ်ကို တပြည်လုံးလေ့ကျင့်ပါဝင်ရမည်။)
    ဆိုတာကို စိတ်ဝင်စားတယ်။

    ကိုယ်တိုင်လည်း ဒီမိုကရေစီဆိုတာဘာလဲ။
    ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုလိုက်နာသင့်သလဲ၊
    ကျင့်သုံးသင့်သလဲ ဆိုတာကို သိချင်တယ်။

    ဒါပေမယ့်….. နာရီ၆ဝနဲ့ အကုန်တတ်သိသွားနိုင်တယ် ဆိုတော့ကာ
    တွေးရခက်ကြီး :eee:

    Reply

  • Ko chogyi

    May 19, 2013 at 11:07 am

    စနစ်ကို အကောင်အထည်ဖော်ဖို့
    လူကအဓိကပါ
    လူက မှန်မှန်ကန်ကန်အကောင်အထည်ဖော်မှ
    စနစ်က အောင်မြင်မှာပါ
    လောဘ၊ ဒေါသ၊ မောဟတွေဖုံးနေရင် အတ္တဆိုတာ တွဲပါမှာပဲ
    အဲဒါတွေ လွတ်အောင် လေ့ကျင့်ဖို့က တစ်ခုတည်းပါ
    တရားစခန်းဝင်ခိုင်းလိုက်။

    Reply

  • Mobile13

    May 19, 2013 at 12:56 pm

    တရားစခန်းဝင်တိုင်းလဲ ko chogyi ပြောသလိုဖစ်ဖို့တော့မလွယ်ဗျ ။
    ############
    ပို့စ်ပိုင်ရှင်ရေ အဆင်ပြေရင် ဒီ သင်ကြားပေးမယ့် အကြောင်းအရာ ဖြစ်ဖြစ် ကော့ ဖြစ်ဖြစ် ကျုပ်ဆီပို့ပေးလို့ ရမလားဗျ လေ့လာချင်လို့ပါ၊။။။။၊
    thakhinmobile@

    Reply

  • မောင် ပေ

    May 19, 2013 at 7:22 pm

    အဲ့ကျောင်း ကိုတော့ အခုမှ ကြားဖူးတာပဲ
    အခုလောလောဆယ်တော့ အိုင်အာ တက်ဖို ့ ကြိုးစားနေတယ်ဗျာ

    Reply

  • kyeemite

    May 20, 2013 at 11:51 am

    ကျုပ်အထင်တော့ ဒီမိုကရေစီအခြေခံသဘောတရားနဲ့
    ဒီမိုကရေစီအနှစ်သာရကိုနားလည်ကာ ဖွံ့ဖြိုးတိုးတက်ရန် ဒီမိုကရေစီအလေ့အကျင့်များ စွာကို လေ့ကျင့်ပေးရမည်ဆိုသည့်အချက် ကိုလက်ခံပါသည်
    အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများကို အရင်သင်ကြားလေ့ကျင့်ပေးနိုင်လျှင်
    သူတို့ထံမှတဆင့် ကျောင်သူားလေးများကို ဘာသာရပ်တစ်ခုအနေနှင့်(စာမေးပွဲစစ်စရာမလို)
    သင်ကြားပေးနိုင်လျှင် မြန်ဆန်စွာပိုမိုကျယ်ပြန့်သွားစေနိုင်မည်ထင်ပါဂျောင်းးးး

    Reply

Leave a Reply

Your email address will not be published.