အကြော် အကြော်..

ムラカミMay 16, 20131min035

တကယ်ဆို ကိုယ်တွေက မျိုးရိုးအစဉ်အဆက် ပြည့်စုံချမ်းသာတာပါ

လောကကြီးအကြောင်း…. ဆင်းရဲသားတွေဘယ်လိုရုန်းကန်ရတယ်ဆိုတဲ့အကြောင်း…..

သိချင်စိတ်လေးတခုကြောင့် ခုလို သူများတိုင်းပြည်မှာ

ဖွတ်ကလိဒင်္ဂါးမဖြစ်စလောက်လေးနဲ့ အပျင်းပြေအလုပ်လုပ်နေတာပါ

အခုလဲ ဖူးခက်ကအပြန် ဘာလီဘက်ဆက်သွားမလို့

လေယာဉ်ပေါ်မတက်ခင် ပါလာတဲ့ ipadလေးကို

အထုပ်သယ်ပေးတဲ့ ခလေးမလေးကို လက်ဆောင်ပေးခါနီးလေးမှာ ဒီစာကိုရေးလိုက်တာပါ

ချမ်းသာတယ်ဆိုတာကိုသိလိုက်လို့ ကိုယ့်ကိုကိုယ် သိမ်ငယ်မသွားကြပါနဲ့နော်

သူငယ်ချင်းအားလုံးကို အရမ်းခင်ပါတယ်

ဆင်းရဲသားလဲလူပါပဲ….

ကိုယ်တွေလို သိပ်ချမ်းသာတဲ့လူတွေလဲ လူပါပဲ

ကိုယ်တွေက အဆင့်တန်းမခွဲခြားတတ်ပါဘူး

 

(just for fun) 😀 😀 😀

Fust Copied from Paing P@ing
https://www.facebook.com/winpaingsoe11?hc_location=stream

LolZZz

 

 

35 comments

  • Mon Kit

    May 16, 2013 at 10:53 am

    ဒီကလေးမ တော်တော် နာမည်ကြီးတာဘဲ..
    ခုလေးဘဲ ဖွဘုတ်မှာ သူမ ပေ့ချ် ကို ဝင်ကြည့်ဖြစ်တယ်..
    နို့မို့ဆို မိဂီ ဘာတွေရေးထားလဲ သဘောပေါက်မှာ ဟုတ်ဘူး.. ခွိ..

    :harr:

    Reply

    • N@ng Ghi Ghi Joe Z

      May 17, 2013 at 6:51 am

      Just for Fun ပါဗျာ..
      ကျုပ်တို့ ဖ-ဘ ရပ်ဝန်းက ဟာသလေးတချို့ပါ…

      :harr:

      Reply

  • ရာမည

    May 16, 2013 at 11:05 am

    :mrgreen:
    မိုက်တယ်ဗျာ ကွက်တိဘဲ

    Reply

    • N@ng Ghi Ghi Joe Z

      May 17, 2013 at 6:52 am

      အားပေးသွားဒါ ကျေးကျေးပါ ရဲကိုကို
      ဟိုခေါင်းပြတ်ကိစ္စလေးလည်း ညန်ညန် တင်ဘာအူး နောင်နောင်ရယ်..
      ညီဘွားဒို့မှာ မျှော် တလင့်လင့်ငဲ့လေး….

      :kwi:

      Reply

  • ဆူး

    May 16, 2013 at 11:50 am

    အကြော်သည် က ဗူးသီးကြော် ငှက်ပျောကြော် ထင်နေတာ.. မီးရထားပေါ်မှာ အထုတ်နဲ့ လှည့်ရောင်းတဲ့ အာလူးကြော်တဲ့..
    အတွေးကောင်း အရေးကောင်း..

    Reply

    • N@ng Ghi Ghi Joe Z

      May 17, 2013 at 6:58 am

      မနောက်ပါနဲ့ အစ်မရယ် … ကျော်က အကြော်ကြိုက်တယ်ဗျ…
      .
      .
      .
      .
      .
      .
      .
      .
      .
      .
      သင်ချာဝင့်ကြော်… စားဂျင်ယို့
      :harr:

      Reply

      • ဆူး

        May 17, 2013 at 12:49 pm

        ဒါနဲ့ ဖဘ မှာ.. အဝတ်မပါတဲ့ လက်၅ချောင်း ထောင်ပြနေတဲ့ ချာတိတ် တယောက် ရဲ့ ပုံခေတ်စားနေတယ်.. ဘာတဲ့.. ဆင်းရဲလို့ အဝတ်မဝတ်ဘူး ဆိုလား..

        Reply

  • ခင်ခ

    May 16, 2013 at 12:48 pm

    လူကို လူလို့ဘဲ သဘာဝကျစွာ မြင်သင့်ပါ၏ပေါ့ဗျာ။

    Reply

    • N@ng Ghi Ghi Joe Z

      May 17, 2013 at 9:02 am

      ကိုခရေ ..လူကို လူလို့ မြင်ကြပါတယ်ဗျ… မြင်လို့လည်း လူပီသစွာ ခံစားပြီး တုန့်ပြန်မှုတွေ ပေးကြတာပေါ့ဗျာ..
      အောက်က ကောမန့် မှာတော့ အသေးစိတ် တို့ထိထားပါရဲ့ဗျို့ (C/D အဘဖော)

      ခင်တဲ့

      :harr:

      Reply

  • Mr. MarGa

    May 16, 2013 at 2:13 pm

    အစက ဘာမှန်းမသိဘူး
    တစ်ရက်ကျော်ကျော်လောက် တွေ့လိုက်မှ သဘောပေါက်တာ
    ဆိုတော့
    သူ့ဟာသူ ဘာပဲဖြစ်ဖြစ်
    သူ့လမ်းကို သူဖောက်တယ်လို့သာ……….

    Reply

    • N@ng Ghi Ghi Joe Z

      May 17, 2013 at 9:04 am

      အူးသဂျားရေ …
      သူရို့ဒွေ လမ်းဖောက်တာတော့ ဖောက်ပေါ့ဗျာ …
      ဂနန်း စတိုင်လို လူပြောများချင်သလား လဲလဲလဲလဲ လို လူပြောများချင်သလား တော့ ချိန်ပေါ့…

      အာဟိ
      (ရီရလို့ ရေးတယ်မှတ်ပါ)

      :harr:

      Reply

  • လင်းဇော် ထက်

    May 16, 2013 at 2:26 pm

    မနေ့ကတည်းက အငယ်ကောင်၂ကောင် ရဟတ်ယာဉ်တယောက်တစီးယူသွားတာ ပြန်မလာသေးဘူး
    ခုတော့ ကျူပ်တယောက်တည်းရေခဲချောင်းရောင်းနေရတယ်

    Reply

    • N@ng Ghi Ghi Joe Z

      May 17, 2013 at 7:01 am

      ဓါတ်ခဲကုန်ရင် ပြန်လာပေးပါလိမ့်မယ်ဗျာ…အေးချေးသာ ရေခဲချောင်းရောင်းဘာ..
      :harr:

      ကျနော်တောင် မနေ့ညက ဖလာရီ တစီး တက်နင်းမိလို့ ခါးကျိုးသွားသေးတာရယ်..
      အိုက်ဒါဂျောင့် ဂနေ့ ကော်ပြန့်လိပ်ရတာ စိတ်မပါဘုရယ်

      :kwi:

      Reply

  • မင်းမင်း

    May 16, 2013 at 3:02 pm

    အဟိ အဟိ အဟိ ။ကိုယ်လဲမခွဲပါဘူးးးး

    Reply

  • TNA

    May 16, 2013 at 5:40 pm

    မယ်ဂီ့ရယ်။ ညီးချမ်းသာလဲ ခင်တယ်အေ။ ညီး အင်္ကျီ မပါလဲခင်တယ်အေ။ ညီး အိုင်ပက် ကျုပ်ကိုပေးရင် ပိုခင်တယ်အေ။ ( ဒါပေသိ ညီးအထုပ်တော့ကျုပ်သယ်ဝူးအေ )

    Reply

    • N@ng Ghi Ghi Joe Z

      May 17, 2013 at 8:11 am

      ဟိုက် ..
      အကျင်္ ီ နဲ့ အားမရလို့ ..ဘောင်းဘီပါ ချွတ်ရိုက်ထားဒယ်ခည …ဟိ..

      Reply

      • TNA

        May 17, 2013 at 3:01 pm

        တင်ရဲရင်တင်လေ။ အားရပါးရ မန့်ပေးရမပေါ့တွယ်။ ငှဲငှဲ။

        Reply

  • ရွှေ ကြည်

    May 16, 2013 at 6:45 pm

    အို အားငယ်လိုက်တာနော် ငါ့ထက်လည်းချောတယ် ငါ့ထက်လည်းချမ်းသာတယ်ဆိုပါလား မနာလိုဘူး ဟွန်းးး :harr:
    (သူ့ ကိုဝေဖန်သူတွေက အဲ့လိုကြောင့်တဲ့ဆိုလို့ ဘာမှ ပြောရဲဘူးကွယ် :mrgreen: )

    Reply

    • N@ng Ghi Ghi Joe Z

      May 17, 2013 at 9:05 am

      အောက်မှာ အသေးစိတ် တို့ထိထားပါသကွီ ..(တိန်- ပြောရင်းညှီပြန်ဘီ)
      ဖတ်ကျိဘာအူး

      :harr:

      Reply

  • MaMa

    May 16, 2013 at 7:42 pm

    ကြော်ငြာကောင်းပုံက ဆီသန့်နဲ့ကြော်တယ်ဆိုတာလည်းပါသေးတယ်။
    ကိုယ်တိုင်က အကြော်ကြိုက်သူမို့ အဲဒီစာကြောင်းကို အတော်စိတ်ဝင်စားသွားတာ။ :harr:

    Reply

    • N@ng Ghi Ghi Joe Z

      May 17, 2013 at 8:59 am

      မာမားရေ .. Trend တခုရဲ့ အစ လို့ ပြောရမလားမသိဘူးခည..။
      လူတိုင်း ဆယ်လစ်ဗျစ်တီ ဖြစ်မယ် သို့သော် ၁ဝမိနစ်ပဲခံမယ် ဆိုတဲ့ အဆိုအမိန့်
      မှန်လာတဲ့ သဘောပေါ့..။ သို့သော် ပေါ့လေ.. ကိစ္စရပ်ခပ်ထွားထွား ဖြစ်လာတဲ့အခါမှာ
      လက်ရှိ ဆပ်ပြာပူပေါင်း ဆယ်လစ်ဗျစ်တီတွေရဲ့ အရေး အပြော ဆိုတာမျိုးက
      အလွန် Trigger ဖြစ်စေတတ်တာကလားဗျ…။ ရီရင်းမောရင်း သတိချပ်ဖို့ပါခည…။

      Reply

  • Foreign Resident

    May 17, 2013 at 4:24 am

    ဂီဂီတောင် စိုင်းစိုင်း ကနေ နာမည်ပြောင်းလိုက်ရတယ် ။
    ဒီ သမီးလေး ကလည်း တော်တော် ပွဲဆူစေတာပဲ ။
    ခေသူတော့ မဟုတ် ( ငယ် ချော ဖြူ လေးပေကိုး ကွယ့် ) ။

    Reply

  • N@ng Ghi Ghi Joe Z

    May 17, 2013 at 8:55 am

    ကဲပါလေ ..အတည်ပြောပါ့မယ်… တကယ်လည်း စိတ်ထဲက ရီစရာတခုလို့ပဲ သဘောထားလို့ ရီစရာလည်း ရေးဖစ်
    တင်ဖြစ်တာပါ.. (သည်ပိုစ့် copy/paste ထဲရောက်နေတာက ရွာမှာ မနေတော့တဲ့ ဟာသဉာဏ်သိပ်ကောင်းတဲ့
    ကဗျာရေးသူ ရွာသူတယောက်ရဲ့ status ကို ကူးယူလာလို့ပါ.. -ဒါလည်းဖော်ပြထားပြီး )


    ရီစရာ ဆိုတာ အနှီ ချာတိတ်မကို သက်သက် ကွက်ပြီး ရီတာမဟုတ်ပါဘူး… ဖြစ်ရပ်ကို ရီချင်မိတာပါ..။
    သူမ၊ သူမ ပိတ်သတ်များ၊ သူမကို မုန်းတီးရေးသားသူများ အပါအဝင်ပေါ့..။

    ကိုးကားရရင် ယနေ့ နာမည်ကြီးနေတဲ့ သဂျီးတို့ဆီက စကားမပီတဲ့ ဟိုအဆိုတော်လေး ဆဲတဲ့သီချင်းထဲပြောသလိုပေါ့..။

    လွတ်လပ်ခွင့်ရှိတယ်.. ကြိုက်တာရေး ကြိုက်တာတင်လို့ရတယ် ဆိုတာ
    မှန်ပါတယ် ဒါ ပေမယ့်…ဆင်ဆာမရှိရဘူး ဆိုပေမယ့် ဘောင်တွေ ရှိသေးတယ် ဆိုတာပါ။
    ဆိုပါတော့ အများပိုင်နေရာမှာ ကြိုက်တာလာတင်မယ် ဥပမာ +17 ဖြစ်နေမယ်ဆိုရင် မကောင်းပါဘူး မသင့်တော်ပါဘူးကွာ ဆိုပြီး
    အပြောခံရမယ် ရှုံ့ချခံရမယ်..။ Leagal မဖြစ်တာ လာတင်ရင် လည်း ထိုနည်းလည်းကောင်းပဲ..။ ဒီနေရာမှာ ပြောစရာ ရှိတာက
    ကိုယ်ပိုင် အဝန်းအဝိုင်း (Blog, FB Wall စသည်မှာ) တင်ရင်တော့ သိပ်ပြဿနာမရှိ ။ သို့သော် အများပိုင် Space လိုမျိုး
    လူတကာ ဝင်ရောက်မယ့်နေရာမျိုးဆိုရင်တော့ .. လူတကာကို ချပြရင် လူတကာ (ချီးမွမ်းကဲ့ရဲ့) ၂ခုလုံး ခံရမယ် ဆိုတာပါပဲ..
    ကိုယ့်အပြုအမူနဲ့ ပတ်သတ်တဲ့ ရှုမြင်ပုံအရ လို့ ဆိုပါတော့…
    ဥပဒေသ။ ။ မခံနိုင်ရင် အများပိုင် နေရာမှာ မတင်နဲ့ .. ကိုယ့် ဘော်ဘော်တွေချည်းရှိမယ့် ကိုယ့်အဝန်းအဝိုင်းမှာတင်။
    တချို့တွေရဲ့ တုန့်ပြန်ပုံက အားကြီး ရိုင်းစိုင်းတာ တွေ့ရဖူးရဲ့ … အချီးမွမ်းခံနိုင်ရင် (ခံချင်ရင်) အဝေဖန်လည်း ခံနိုင်ရမယ် ခံရနိုင်ခြေ
    ရှိမယ်ဆိုတာကို သိထားပြီး(သဘောပေါက်လက်ခံပြီးမှ) ခင်းကျင်းပေါ့ဗျာ ..။ ထားပါလေ.. ကာယကံရှင်ကို ဝေဖန်ချင်တာ မဟုတ်လို့
    ဒီကိစ္စထား .. တခုပဲ ..ယုံရခက်ကြီးပါခည(ကိုယ်ပိုင်အမြင်)

    အထက်က ကိစ္စမှာ .. ယုံဖို့ခက်တဲ့ .. (လိမ်တယ်ညာတယ်မပြောဘုနော..ဟုတ်ချင်ဟုတ်မယ် ဟုတ်ချင်မှလည်းဟုတ်မယ်အခြေအနေ)
    ကိုခံယူရာမှာ ယနေ့ ဆိုရှယ်နတ်ဝါ့ခ်သုံး လူတန်းစား (အနည်းငယ်တော့ သာမန်လက်လုပ်လက်စားထက်မြင့်သူ-တနည်း-အင်တာနက်သုံးတတ်သူ-
    စာဖတ်သူ-ခေတ်ကို မျက်ခြေမပြတ်သူ-ဘိုလိုအနည်းဆုံး တီးမိခေါက်မိသူ- ငယ်ရွယ်သူ) အဲ့သလို လူထု အတွင်းမှာတောင် အနည်းဆုံး လူတန်းစား-၅မျိုး ကွဲထွက်သွားတာတွေ့ရတယ်။


    ၁။ ဘယ်လိုမှမခံစားရသူ

    – အေးဆေးပါဗျာ .. သူလုပ်ချင်တာ ရေးချင်တာ ဖတ်ချင်တာ သူ့ဟာသူလုပ်နေမယ် …ဖွတာပွတာ စိတ်မဝင်စားဘူး(ဝါ) သတိမပြုမိဘူး ပေါ့..။


    ၂။ နည်းနည်း ဘဝင်မကျသူ

    – ချဉ်ပါတယ်အေ လောက်တော့ ရေးလိုက်မိမယ့် လူမျိုးဆိုပါတော့ ..(ဝန်ခံပါရဲ့ ..ကျနော် အဲ့သည့်ထဲပါပါတယ်)
    လောင်ထားတာ တွေ့ရင်လမ်းကြုံရင် တော့ ဝင်ဟားမပေါ့ ..ကျန်တာတော့ မေ့မေ့ပျောက်ပျောက်ပဲ ..
    (လောင်တာနဲ့ လှောင်တာ မတူသေးပြန်ဘူးခည..)


    ၃။ အတော်ကြီး ဘဝင်မကျဖြစ်ပြီး ဆဲစာလေးများချီးမြှင့်သူ

    – ဒါတော့ လွန်သွားပြီ ထင်ပါတယ်..။ သူ့ဟာသူ ရေးတာပြောတာ မကြိုက်ပိုင်ခွင့် ရှိမယ်။ ကိုယ့်အဝန်းအဝိုင်းမှာတော့ ချဉ်ခွင့် ရှိပေမယ့်
    ဝေဖန်တိုက်ခိုက်တဲ့ Page ထောင်တာမျိုး .. စောင့်ကြည့်ကဲ့ရဲ့တာမျိုးအဆင့်ကို ဆိုလိုတာပါ.. ဥပမာပေးရရင် ဈေးထဲက ကိုယ်နဲ့
    ကတောက်ကဆ ဖြစ်ခဲ့တဲ့ ဈေးသည် (သူမှားလား ကိုယ်မှားလားကတပိုင်းနော)ကို ကိုယ့်မိသားစုတွင်းတော့ ..အဲ့ကောင်မ ယိုင်းထှာအေ..
    လောက်တော့ ပြောခွင့်ရှိပေမယ့် .. ရပ်ကွက်ထဲလှည့်ပြီး ဘယ်သူ့ဆီ ဈေးမဝယ်နဲ့သိလား ဆိုပြီး အတင်းလည်ပြောတာကတော့
    လွန်တဲ့အပိုင်းဖြစ်သွားပြီ လို့ ဆိုလိုတာပါဗျ..။


    ၄။ အနည်းငယ်ထောက်ခံသူ

    ဟုတ်တာပေါ့ မှန်တာပေါ့ ..လိုက်ခ်လောက် လုပ်သူ ကောမန့်ဖြင့် အားပေးသူများ ကိုဆိုလိုပါသည်။
    ဟုတ်ပါသည် သူတို့ ယုံကြည်ပိုင်ခွင့် ရှိပါတယ် .. သူတို့မှန်မယ်ထင်တာ ပြောနိုင်ပါသည် .. သည်လူများလည်း
    အစွန်းမရောက်လို့ ယူဆပါသည်။


    ၅။ မျက်စိမှိတ်ယုံသူများ (ဝါ) တန်ပြန်တိုက်စစ်သမားများ

    ၃ က ပုဂိ္ဂုလ်ကျော်တွေကို ပြန်လည်သမသူများ အုပ်စုပါပဲ ..။ ထောက်ခံတာ ယုံကြည်တာ လွန်ကဲလာလွန်းရင်လည်း
    မျက်စိမမြင် ဖြစ်တတ်သလိုပါဗျာ ..။
    ဘာဂျီးပဲဖြစ်ဖြစ် (ကိုယ်တိုင်လည်း သေချာမသိသော်ငြား) ငါတို့ အကြော်သည်မလေးကို မထိနဲ့ ကွ .. ဆိုတော့..
    အော်.. အပြင်မှာလည်း မသိ ၊ မမြင်ဖူး ၊ ကာရကံရှင်အစစ်ဟုတ်မဟုတ်လည်း မသေချာ .. ယုတ်စွအဆုံး ဒီအကောင့်ကို
    လူဘယ်နှယောက်ဝင်သုံးနေသလဲ လည်း မသိဘဲ ..အော်..ကွယ် ကြံကြံဖန်ဖန်..

    ၁ ကနေ ၅ အထိ မရေးခင်မှာ အနှီ FB လူတန်းစားဟာ လက်လုပ်လက်စားထက် အနည်းဆုံး(အနည်းဆုံး) မြင့်တဲ့အလွှာက လူတွေပါ
    လို့ပြောထားတာ ရှိပါတယ်။ အဲ့ဒါနဲ့ ဆက်စပ်ပြီး ပြောရရင် ၃ နဲ့ ၅ တွေ တအားများတာ ၊ မူရင်းကိစ္စရပ်တောင်ပျောက်ရှသွားပြီး
    သူတို့ကြားက အမုန်းစစ်ပွဲ ကြီးထွားခဲ့တာ (တချို့တလေ) ကျုပ်တို့ ပဂေးကြီးတွေလို့ သတ်မှတ်ထားသူတချို့တောင် တိုက်ပွဲဝင်ကြတာ
    တွေ့ရတော့ …အော်.. ဒီအလွှာတောင် ဂလောက် လွယ်လွယ်လေး ဦးနှောက်ဆေး ခံရနိုင်တယ်ဆိုရင် ဆိုတာလေး တွေးမိတာပါဗျာ..။

    ၂နှစ်လောက်ပဲ ပြန်ရစ်ကြည့်ရအောင် ..။ ကလေးမလေးတယောက် အထူးကု ဆေးခန်းတခုမှာ ဆုံးပါးတယ်။ ဂိုဏ်းစတားဆန်ဆန် ပြစ်မှုတွေ
    မြို့လည်ကောင်မှာဖြစ်တယ်။ ကြွက်သေမတတ် နန်းချင်စရာလေးကို ထောက်ပံ့ခဲ့ကြတယ်။ အနောက်ဘက်ကမ်းရိုးတန်းမှာ ပရမ်းပဒါဖြစ်တယ်။ နောက်တော့ အလယ်ပိုင်းမှာဖြစ်တယ်။ ဖလားဆိုတာ ဘာတုန်းမေးရမယ့် အသင်းက ကစားသမား အာရှဝက်ဘ်ဆိုက်မှာ လူအားအပေးဆုံး
    (အကောင်းဆုံး ဆုရတယ်) ။ The Lady Vs The GaGa ပြိုင်ပွဲ အားပါးတရနိုင်တယ်။ သာမန်ပြည်သူမပြောနဲ့ ..
    ဟော ..အဘ-တို့ကတောင် အွန်လိုင်းက ကလောင်တချောင်းကို ကော်မရှင်ဖွဲ့ပြီး စစ်ယူရတယ် ဆိုတဲ့အထိ ဖြစ်သေးတယ်..။

    အဟတ်
    အခုကိစ္စကော ဘာထူးလို့လဲ …။ ကျုပ်တို့လူမျိုးက တယ် ရိုးသကိုးးးးး

    P.S ရီစရာမို့ ရီရလို့ ရေးပါသည် … ပျော်လို့ ရီချင်းတော့ မဟုတ်ပါ။
    ထပ်ပြောရရင် ကာယကံရှင် ကို ဆိုတာထက် ဖြစ်ရပ်ကို သရော်ကြည့်တာပါလို့ပဲ ပြောချင်ရဲ့ဗျို့..။
    ဒီပိုစ့်ကို အပျော်ပဲ ဖတ်ဖတ်-ဝင်ရေးရေး
    အကောင်းမြင်ပီးပဲ ဖတ်ဖတ်-ဝင်ရေးရေး
    အဆိုးမြင်ပြီးပဲ ဖတ်ဖတ်-ဝင်ရေးရေး
    အတွေးပွားစရာအဖြစ်ပဲ ဖတ်ဖတ်-ဝင်ရေးရေး

    ကျေးကျေးပါဗျို့ ..

    တော်သေးဘီ
    ခင်တဲ့ ..

    Reply

    • ရွှေ ကြည်

      May 17, 2013 at 6:05 pm

      နံပါတ် (၂) ပါဗျို့ နည်းနည်းချဉ်တယ် ဆင်းရဲတယ်ဆိုတဲ့စကားကိုထည်လဲသုံးပြီး မြူနေတာကို ကြည့်မရတာ
      ဆင်းရဲတယ်ဆိုတာ အသုံးချခံဖြစ်သွားရတာကိုက ဆင်းရဲသားတွေကိုလှောင်ပြောင်နေသလိုပဲ။ ဒါပေမယ့်သူလုပ်ချင်တာလုပ် ကိုယ်လည်းမကြိုက်မကြည့်ရုံပေါ့ကွယ် 😆

      Reply

  • ဦးကြောင်ကြီး

    May 17, 2013 at 9:27 am

    အကြော်
    စပေါ်
    မတော်
    တလျော်
    လဟော်
    နမော်
    ဂဒေါ်
    သချော်..

    Reply

  • awra-cho

    May 17, 2013 at 12:34 pm

    ချစ်စရာ ကောင်းတဲ့ ကလေး တယောက် တွတ်တီးတွတ်တာ ပြောတယ်လို့ပဲ မှတ်ယူထား လိုက်တာပေါ့ ဗျာ၊
    ချစ်ချာလေးပါဂျာ.

    Reply

  • kyeemite

    May 17, 2013 at 1:28 pm

    နားလယ်ဘူးဂျာ..သိပ်မြင့်နေဒယ် :harr:

    Reply

  • kai

    May 17, 2013 at 1:37 pm

    တပါတ်…
    ၂ပါတ်..
    ၃ပါတ်..
    လည်နေပြီ..
    တခွက်ထဲနဲ့.. ဘာမှန်းမသိ.. လည်နေပြီ…. :harr:

    Reply

    • N@ng Ghi Ghi Joe Z

      May 17, 2013 at 1:46 pm

      လည်လိုက်သမှ ခုထိအရှိန် သိပ်မသေချင်သေးဘု
      ဖဘ ရပ်ဝန်းမတော့ ..သူကလေးက မဟာဆန်သူယီးထက် ပိုမွှေ့သွားတာတော့ အသေအချာပဲ …
      ဒါနဲ့ ဘင်းဂလားဒေ့ရှ်က အမျိုးဒေရော .. ဘယ့်နှယ့်နေတယ်မသိဘု…
      ကိုယ့်ဆြာဒွေကတော့ ကိုယ့်ဆီမဝင်လို့ ဆိုပီး အောင်ပွဲကြီးများတောင် ခံနေလိုက်ကြသေးးးး
      အော်.. ဟိုကလည်း အသက်တွေ ဘဝတွေပါဗျာ..ကောင်းတဲ့လူကောင်းမယ် ဆိုးတဲ့လူဆိုးမပေါ့..
      မုန်တိုင်းက လူရွေးမွှေ့မှာမှ မဟုတ်တာ..
      သခင်မျိုးဟေ့ ..တာကီလာ ..အဲ့လေ သာကီဝင်

      :harr:

      Reply

      • ရွှေ ကြည်

        May 17, 2013 at 6:06 pm

        ထောက်ခံပါ၏

        Reply

  • အရီးခင်လတ်

    May 17, 2013 at 2:40 pm

    အထဲ က မှတ်ချက်တွေကိုတော့ နောက်မှ ပြန်ဖတ်မယ်။
    မျက်စိရှေ့ ရောက်လာတဲ့ စာမို့ ဝင်ဖတ်ပြီး ကို့လို့ကန့်လန့် မန့်ချင်လို့လာလို့။

    Post က ဟာသမှန်း သိပါတယ်။
    စကား ရှည်ချင်လို့ ပါ အေ။

    အဲဒီ ipad ကို သုံးဖို့ ဆိုတာဟာ အနည်းဆုံး မီးမှန်တဲ့ နေရာဖြစ်မှ ရေရှည်သုံးနိုင်မယ်။
    ipad ကို ရသွားတဲ့ ကောင်မလေး အိမ်မှာ မီးမရှိ ရင် အဲဒါကြီးကို ရလို့ သူ့အတွက် အကျိုးရှိမှာမဟုတ်။ ဝိုင်ဖိုင် မရှိရင်လဲ တွေ ကောင်းကောင်း မသုံးနိုင်။
    အဲဒါတွေ ဆက် ရဖို့ လုပ်ရင်း အဲဒီ မိန်းကလေး ဘဝ ပျက်သွား မှဖြင့်။

    တကဲ့ လက်တွေ့ မှာ ပိုက်ဆံ ချမ်းသာပြီး အလှူဖြစ်ပြီးရော စိတ်ထားနေသူတွေ အတွက်ပါ။
    တကယ်ဘဲ ကူညီချင်ရင် ကိုယ်ပေးတာ ဟာ သူ့အတွက် ဘယ်လို ဘယ်လောက် အကျိုး ရှိမယ် ဆိုတာလေး
    အပြီးအထိ အကျိုးရှိအောင် ကူညီမယ် ဆိုတာလေး ဆက်တွေးကြဖို့။
    နာမည် ရဖို့ လူအထင်ကြီးဖို့ ဘဲ မလှူဖို့။
    တစ်ခါတစ်ခါ ကိုယ် ပံ့ပိုး လိုက်မှ သူများ မှာ ပိုပြီးဒုက္ခရောက်သွားတာတွေ တွေးမိလို့။
    😆

    Reply

  • lele kyi

    May 17, 2013 at 6:36 pm

    ကျမ က နံပါတ်(၁)။ ဘယ်လိုမှမခံစားရသူ။ ဟီးဟီးမခံစားရဟန်ဆောင်သူ။

    Reply

  • bigchef

    May 17, 2013 at 10:22 pm

    ကျတော်ကတော့ ဘယ်လိုမှမခံစားတတ်ဘူး ထဲမှာပါမယ်ထင်တယ် ။စသတိထားမိတာက စစ်သားတွေ နဲ့ဓာတ်ပုံရိုက်ပြီးတင်လိုက်တာက စပြီး ဖေ့ဘုတ်မှာနည်းနည်း စပွ လာတာ. နောက်တော့ အကြော် ရောင်းတာပေါ့လေ. ဒါလဲ အဆန်းမဟုတ်ဘူး. အဲဒီကောင်မလေးနေ တဲ့ဒေသက ရှမ်းတွေ တော်တော်များများ က အိမ်တွင်းမှု လုပ်ငန်းတစ်ခုမဟုတ် တစ်ခုတော့ လုပ်ကြတာပဲ.ဥပမာ အရက်ချက်တာတို ့ တို ့ဖူးလုပ်တာ တာမျိုးပေါ့. အဲဒါက ရိုးရာလုပ်ငန်း လိုဖြစ်နေတာ။အဲဒါတွေကိုရိုက်ပြတော့လဲ ဘာမှ မထူးဆန်းဘူး။ကျတော်တောင်ကြုံလို ့ အရက်ချက်နည်းမေးလိုက်သေးတယ်။နောက် ပြီး အဲဒီဒေသက လူတွေ မှာ သူဌေး အမျိုးတွေ ရှိတတ်ကြတယ်. ကျောက်သူဌေးတွေပေါ့ ။မန်းတလေးတို ့ဘာတို့ မှာနေတာများတယ်.ကျတော့် ဘကြီးတောင်ကျောက်အောင်လို ့မန်းတလေးမှာ အချေခြဘူးသေးတယ်။ဒါတွေက ဘာ မှ အထူးအဆန်းမဟုတ်ပါဘူး။ အဲဒီ ချမ်းသာတဲ့ အမျိုးတွေ ကြားမှာ နေနေရတဲ့ သူက သိမ်ငယ်စိတ်ဝင်ပြီး သူဆင်းရဲတာကို ခဏခဏရွတ်ပြ နေတော့ လူ အမြင်ကပ်လာပုံ ရတယ်ထင်တယ်။ ကျတော် တောင်ရွာပြန်ရင် အရက်ချက်တဲ့ အိုးကြီးပိုက်ပြီး ဆငိးရဲ လို ့အရက်ချက် ရောင်းနေရြ့ပီလို ့ ဂေဇက်မှာတင်အုံးမယ်.ဆဲတော့ဆဲကြနဲ့နော်။း)

    Reply

  • Mobile13

    May 18, 2013 at 1:09 am

    ကွန်မန်းနဲ့ ပို့စ်နဲ့ မှားတင်သလား အောက်မေ့ရတယ်……..
    အပျင်းပြေ အပျော် ဗဟုသုတရလိုခြင်းငှာ ဝေဖန်ထောက်ရှု့လိုခြင်းအငှာ
    ဝင်ဖတ်သွားပါတယ်……………..

    Reply

Leave a Reply

Your email address will not be published.