ခဏလောက်ငြိမ်သက်ပေးပါကွာ………………….

ကာရံMay 14, 20131min01

ခဏလောက်ငြိမ်သက်ပေးပါ နာကျည်းချက်တွေထိုးနှက်နေတဲ့ လူ့လောကအလည်မှာ သောကတွေဗလာပွနဲ့ စီးဆင်းနေတဲ့ မျက်ရည်စက်တွေအောက်မှာမင်းတစ်ယောက် ဘယ်လိုနှလုံးသားနဲ့ လျှောက်လှန်းနေသလဲ ကြည့်စမ်းပါဦး အိုမင်းနေတဲ့ မိဘတွေ လမ်းဘေးတစ်နေရာမှာ နေရောင်ကိုအမိုးလုပ်ထမင်းတစ်စုပ်ရဖို့ တောင်းခံနေရတဲ့အဖြစ်ကို မင်းတို့ကြည့်ပြီး ဟားတိုက်ရယ်တက်နေပြီလား အကြင်နာတရားကင်းမဲ့တဲ့ မြို့ပြကြီးအလည်မှာ လူဖြစ်လာခဲ့ရတဲ့ငါကလည်း ရလိုက်တဲ့အမုန်းဒဏ်တွေကို ကုသနေဆဲဘဲလေ မီးစာကုန်နေပါပြီ အလင်းရောင်ငွေ့ငွေ့လေးအောက်မှာ အသက်ရူသံကို မနည်းကြားယောင်နေမိပြီ တရားသောလောကကြီးလား မတရားသော သဘောတရားများလား အတ္တတွေခင်းထားတဲ့ လမ်းကိုငါလျှောက်လှမ်းခဲ့မိမှန်း သိလိုက်တဲ့အချိန်က နောင်မှတလို့ ရနိုင်ကောင်းလားလေ  ပြစ်သွားသူက မှားနေသလားပြစ်ထားသူက သွားနှင့်လေပြီလား မျက်ရည်ကို အဖော်ပြု အော်အခုတော့ ငါလည်းသွားရမယ့်လမ်းက ခက်ခဲလွန်းလှပါတယ်

အော်…..လောက လောက မတရားသော မောဟ ခင်းထားတဲ့ သောက အနင်းများတဲ့ မာန ကာရံထားတဲ့ အတ္တ အမှန်မရှိတဲ့ ဥပေက္ခာ မုဒိတာဆိုတာ လွန်စွာဝေး သံသရာဘေးမှကင်းဝေးအောင် ငါဘယ်လို ကြံဆောင်ရပါ့မလဲလေ………..

ခင်းထားတဲ့လမ်း ဆူးများခဲ့မှန်းသိတဲ့တစ်နေ့

မင်းပေးခဲ့တဲ့ လက်ဆောင်တွေက အဖြူရောင်ပိတ်ပါးထက်မှာ

အမှားကင်းတဲ့ မေတ္တာပန်း အစဉ်လန်းဆန်းနိုင်ပါစေနော်………..

                              ပိတောက်မိုး

One comment

  • မောင် ပေ

    May 17, 2013 at 11:15 am

    သမီးရည်းစားချိန်းတဲ့အချိန်
    လှုပ်ရွနေရင်တော့
    မလွယ်တာကလား

    Reply

Leave a Reply

Your email address will not be published.