သဒင်းစဂါး အတင်းပွား news

အမျိုးတားဒမိုကရေစီ အဖွဲ့ချုပ်မှ ရွေးကောက်ပွဲအနိုင်ရလျင် ညွှန့်ပေါင်းအစိုးရဖွဲ့မည်ဟု ဗဟိုအလုပ်မှုဆောင် တဦး၏ ပြောဆိုချက်နှင့် စပ်လျဉ်း၍ ပါတီဥက္ကဌ ဘွားဒေါ်ဂျီးမှ အာရ်အက်ဖ်အေ သတင်းထောက် မေးခွန်းကို ဖြေကြားရာတွင် ယခုအချိန်သည် စောသေးကြောင်း ညမိုးချုပ်မှ ပြန်လာခဲ့ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။ သို့သော် အာရ်အက်အေသတင်းဒေါက် မိုက်ကယ်ဂျော်နီအောင်ပု ညနေပိုင်းရောက်သည့်အခါ ဘုံဆိုင်တခုတွင် အမူးလွန်မှောက်လဲ နေခဲ့သဖြင့် အဆိုပါ အင်တာဗျူး မလုပ်ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာပြည်တွင် စီမံကိန်းများ ဆောင်ရွက်နေသည့် တလုပ်ကုမ္မဏီများ ပွင့်လင်းမြင်သာမှုရှိရန် ကူမြူနစ်ပါတီမှ ညွှန်ကြားခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် တလုပ်မလေးများ ဘီကီနီရေကူးဝတ်စုံ ယူနီဖောင်း ပြောင်းလဲဝတ်ဆင်ကြရာ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားသူများ လွန်စာနှစ်ထောင်းအားရ ဖြစ်ကုန်ကြောင်း ဒေါက်တာချက်ကြီးဆိုက်တွင် မူဗွီဖိုင်နှင့်တကွ အသေးစိတ် ကွက်ကွက်ကွင်းကွင်း တင်ဆက် ထားသည်။

မြန်မာ့ပညာရေး တိုးတက်စေရန် ဗြိတိသျှကောင်စီ စပွန်ဆာဖြင့် ပညာရေးဒုတိယဝံကျီး ဒေါက်တာချက်ကြီး ဦးဆောင်သည့် လေ့လာရေးအဖွဲ့ အင်္ဂလန်သို့ သွားရောက်လေ့လာရာ လိင်ပညာရေးကဏ္ဍကို ပထမဆုံး ရွေးချယ်မှုသည် တိုက်ဆိုင်မှုသက်သက် ဆိုခြင်းအား ယုံကြည်ရန် ခက်ခဲဂျောင်း ဒေါက်တာချက်ကြီးဝက်ဆိုက် ပုံမှန်တက်ရောက် ကြည့်ရှုနေသူ တက္ကသိုလ် မနုဿဗေဒ ပါမောက္ခတဦးမှဆိုသည်။

ပြည်ပမှ တင်သွင်းလာသော ကားများကို ဓါတ်ဆီ၊ဒီဇယ်အင်မှ သဘာဝဓာတ်ငွေ့ စီအင်န်ဂျီသို့ ပြောင်းလဲ တပ်ဆင်ပြီး နောက်တဆင့်အဖြစ် လေယဉ်ပျံအင်ဂျင်များအား ပြောင်းလဲတပ်ဆင်ရန် ကြိုးစားနေကြောင်း မြန်မာ့ ရေနံနှင်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ပြောဆိုသည်။ အဆိုပါ စီမံကိန်းအောင်မြင်ပါက အမေရိကန်နိုင်ငံ နာဆာ အာကာသ အေဂျင်ဆီ၏ ဒုံးပျံ၊ ဂြိုလ်တုများတွင် အသုံးပြုရန် နည်းပညာ လွှဲပြောင်းပေးအပ် ရောင်းချမည်ဖြစ်ပီး မြန်မာ့ဓာတ်ငွေ့ ကမာ္ဘပတ်မွှေ့ရမည် ကြွေးကြော်သံဖြင့် သံဓိဌာန်ချ ဆောင်ရွက်နေကြောင်း သိရှိရသည်။

ဂဇက်သဂျီး သမက်ဆု ချီးမြှင့်ပေးအပ်ခြင်းခံရသော ကကြောင်ကြီးအား လူသားစင်စစ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးလိုက်ကြောင်း၊ ၎င်းလက်မှတ်ဖြင့် မည်သည့်အိမ်၊ဆိုင်မဆို ဖရီးအက်ဖ်အိုစီ စားသောက်ခွင့်ရှိကြောင်း သို့သော် ဂဇက်ရွာအတွက် ကိုယ်ပိုင်မြေ မဝယ်နိုင်မချင်း အာဏာမတည်သေး၍ စိတ်မပူကြရန် သက်ဆိုင်ရာ သတင်းထုတ်ပျံထားသည်။

ရေအရင်းအမြစ် စီမံခန့်ခွဲရေးသိပ္ပံ တည်ထောင်ခြင်း အဓိက ရည်ရွယ်ချက်အား ပြည်ဒေါင်ဇုဝံကျီး ဦးစိုးသိန်းမှ ပြောကြားရာ၌ ရေ၏အရင်းနှင့် အဖျားကို သိပ္ပံနည်းကျ ခွဲခြမ်းလေ့လာ ဖော်ထုတ်ရန်ဟု ဆဲဗင်းဒေးဂျာနယ်တွင် ဖော်ပြသည်။ သို့သော် ထိုပြောဆိုချက်မှာ ရုပ်နာမ်ဓမ္မသဘော မြစ်ရေအလျဉ် တသွင်သွင်စီးနေခြင်း ဥပမာနှင့် ကွဲလဲနေကြောင်း သာသနာရေးဝံကျီး ဗိုလ်ချုပ်ဟောင်း ဦးဓါးမမှ သတိပေးထားသဖြင့် ပြည်သူလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရဖွယ် ရှိနေသည်။

ကြေးမုံဂျီး (ခ) အီတွန့်ဗွမ်မှ ဦးကြောင်ကြီးအား အနိုင်ကျင့်၍ ဝါးတားသုတေသန ပြုလုပ်စေခိုင်းနေဗုံ..
တရုတ် မူစလင် ကြေးမုံဂျီး (ခ) အီတွန့်ဗွမ်မှ ၉၆၉ဦးကြောင်ကြီးအား အနိုင်ကျင့်၍ ဝါးတားသုတေသန ပြုလုပ်စေခိုင်းနေဗုံ..

9 comments

  • ရာမည

    May 10, 2013 at 12:05 pm

    ကြေးမုံကြီးက မွတ်ဆလင်ဖြစ်သွားပြန်ပြီလား :mrgreen:

    Reply

  • မယ်ဘုတ်

    May 10, 2013 at 12:26 pm

    ဂဇက်သဂျီး သမက်ဆု ရတာတောင် မြေတစ်ကွက်က မပိုင်သေးဘူးလားဗျ .. :kwi:

    Reply

  • ဆူး

    May 10, 2013 at 2:17 pm

    ဒါနဲ့ စကားမစပ်.. ကြေးမှုံကြီးနဲ့ ကြောင်ကြီး ဘယ်အကောင်က အထက် အောက်လဲ.. မကွဲမပြား ဖြစ်နေလို့..

    Reply

  • kyeemite

    May 10, 2013 at 3:30 pm

    သဒင်းစဂါး
    အငြင်းမပွား
    ထမင်းမစား
    အရင်းမများ
    အပျင်းမဖါး
    ကမြင်းမလား
    မင်းစဉ်းဇား။

    Reply

  • မောင် ပေ

    May 10, 2013 at 7:59 pm

    တော်ဝင်ကြောင်ကြီး
    မှောင်လျှင်ဗြောင်တီး
    စောင်မြင်ပြောင်ဖြီး
    ယောင်ချင်လျှောင်ကီး

    Reply

  • အလင်းဆက်

    May 10, 2013 at 9:18 pm

    ယခုအချိန်သည် စောသေးသဖျင့်…..
    မနက်စောစော ကွန်နက်ရှင်ကောင်းမှ ပြန်လာပါဦးမည်…။
    ဟီဟိ

    Reply

  • နေဝန်းနီ

    May 10, 2013 at 10:07 pm

    သတင်းပြောတာမှ မဟုတ်ပဲ ကိုလျှောင်ကီးရဲ့ ဗြားဟာက အတင်းချည့်ပဲ…..။
    မှတ်ချက် …..။ ဒေါက်ချာချက်ကြီး ဆိုဒ်မရှိဒေါ့ပါ….။ ပျက်သွားပါပီ ကြောင်ကြီးဆိုတဲ့ဆိုဒ်တစ်ခုပေါ်နေတယ် ရမ်းမဖြီးနဲ့ ဒါဗြဲ ………..။

    Reply

  • MaMa

    May 11, 2013 at 7:02 am

    ပထမဦးဆုံးအနေနဲ့ သတ်ပုံမှားယွင်းမှုများအတွက် သတ်ပုံအဖွဲ့က ကန့်ကွက်ပါတယ်။
    ဒုတိယအနေနဲ့ ရွာထဲမှာ စားသောက်ဆိုင်ဖွင့်ဖို့ အစီအစဉ်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ပုလင်းပို့
    အဲ- သတင်းပို့ပါတယ်။
    နောက်ဆုံးကတော့………..
    မြန်မာစာလုံးသစ်တီထွင်ဖန်တီးမှု့ဆုကို သဂျီးမှ သဂျီးသားမက်အား ပေးအပ်ကြောင်း မခိုင်လုံသောအတင်းဌာနမှ အတင်းရရှိပါသည်။ :harr:

    Reply

  • Crystalline

    May 11, 2013 at 5:36 pm

    ဟိုတာက Fox TV
    ဒီဟာက Cat News :mrgreen:

    Reply

Leave a Reply

Your email address will not be published.