ဒါဇင် ပလပ်စ်နှင့် တွေ့ဆုံခြင်း

စားကြမယ် လှူကြမယ် ဆိုတဲ့ KZ ရဲ့ ကြော်ငြာကောင်းမှုကြောင့် ဒီနေ့ မေဒေးနေ့ ပြည်သူ့ရင်ပြင် ဒါဇင်ပလပ်စ် အဖွဲ့ဆီ တွေ့ချင်လွန်းစိတ်နဲ့ ထွက်ခဲ့ပါတယ်..

ဒါပေမယ့် ပြည်သူ့ရင်ပြင်ဆိုတာ ကျနော်နဲ့မနီးစပ်လှတာမို့ ဘယ်နားရှာရမှန်းမသိ.. ဒါနဲ့ ကိုမိုက် ဆီကို လှမ်းအကူအညီတောင်းရပါတယ်. ကိုမိုက်ဆီက ကိုအမတ်မင်း ဖုန်းနံပတ်ရလို့ ဆက်လိုက်တော့ နောက်မိနစ် လေးဆယ်လောက်ဆိုရောက်မယ်တဲ့….

ဒါနဲ့ ကျနော်လည်း သားကောင်းကောင်းနဲ့ ဆိုင်တစ်ခုမှာထိုင်စောင့်ဖြစ်ပါတယ်. သိပ်မကြာခင် ဖုန်းထပ်ဝင်လာပါတယ်..

ကိုပီချိုကြီးတဲ့…

တွေ့မယ်ဆိုတော့ …. ကိုယ်ဘယ်မှာထိုင်နေတယ်.. ဘယ်နားပေါ့… လူချင်းမတွေ့ဖူးသူတွေ ဖုန်း ၃ -၄ ခါဆက်ပြီးမှ ဆုံဖြစ်ပါတယ်…

သူကလည်း အလှူရှိတယ်ဆိုလို့ ခဏပဲနေပြီး ပြန်သွားပါတယ်..

နောက်တစ်ခါ ဖုန်းဝင်လာပြန်ပါတယ်..

မိန်းကလေးအသံနဲ့…သူ့နာမည်ကို ကိုယ်ကသိပ်မရင်းနှီး..ဘယ်နားလဲ…ဘာဝတ်ထားလဲ.. ကျနော်ကလည်း ဘယ်နားမှာ ဘာဝတ်ထားတယ် … စသဖြင့် ဖုန်းဆက်တိုက်ပြောရင်း ၃မိနစ် ၄ မိနစ်လောက်မှာ တွေ့ကြပါတယ်..

နောက်တော့ အာဂ လာခေါ်မယ်ဆိုပြီး ခဏစောင့်.. နောက်ဆုံးတော့ ဒါဇင်ပလပ်စ် နဲ့ ဆုံဖြစ်ခဲ့ပါတယ်…

သား ကောင်းကောင်းက တစ်ဘူးဝယ်ပြီး စစားပါတယ်..

ကောင်းတယ်ဆိုပဲ…

ကျနော်ကတော့ ကိုရီးယားမင်းသမီးလေးတွေကို ကြိုက်ပေမယ့် ကိုရီးယား ထမင်းလိပ်ဆိုတာကြီးကို မစားတတ်ပါဘူး …

နေ့လည် ၂ နာရီခွဲမှာ နောက်ထပ် ၂ဘူးဝယ်ပြီး ပြန်လာခဲ့ပါတယ်…

ရန်ကုန် နေ့လည်က ပူပေမယ့် ..

ရွာသူရွာသားတွေနဲ့တွေ့ရတာ ပျော်မွေ့အေးချမ်းလှပါတယ်..

နောက်တစ်ခါဆုံကြဦးမယ်လေ… ပျော်ပျော် ပါးပါးပေါ့….

 

aaa

10 comments

  • အရီးခင်လတ်

    May 1, 2013 at 5:18 pm

    ပထမဦးဆုံး သတင်းအတွက် ပထဆုံး မှတ်ချက် (ဖြစ်မလားဘဲ)။ 😉
    စားလို့ကောင်းမဲ့ပုံဘဲဟေ့။ လုပ်နည်းလေးပါပြောပါလား။
    သားလေးက ချစ်စရာ အချောလေးဘဲ ကိုမျိုးရေ။

    Reply

  • P chogyi

    May 1, 2013 at 7:48 pm

    ကျွန်တော် ဒီပွဲမှာ မပါလိုက်ရလို့ စိတ်မကောင်းဘူးဗျာ။

    Reply

  • မကြည်ပြာ

    May 2, 2013 at 9:43 am

    ဦးမျိုးသန့်နဲ့ စကားကောင်းကောင်း မပြောဖြစ်လိုက်တာ အားနာတယ်ဗျာ။

    ဈေးရောင်းတဲ့ဘက် စိတ်စောနေလို့ပါ။

    နောက်တခေါက်လောက် အေးအေးဆေးဆေးဆုံချင်ပါသေးတယ်။

    ဒီတခါ ဒါဇင်ပလပ်စ် အလုပ်ရှုပ်တဲ့ပွဲမို့ ဘယ်သူနဲ့ မှ အချိန်ကျာကျာ မတွေ့လိုက် စကားမပျောလိုက်တာ

    စိတ်မကောင်းပါဝူးလို့ :kwi:

    Reply

  • kyeemite

    May 2, 2013 at 9:45 am

    မနေ့ကတော့ အလုံက မဟာအောင်မြေ(မိုးကုတ်)ဝိပဿနာဘုန်းကြီးကျောင်းမှာ
    ကျင်းပတဲ့ နွေးသီး(ရင်ငြိမ်းနွေး)ရဲ့ မင်္ဂလာဆောင်ရောက်နေတုန်း ကိုမျိုးသန့်ဖုန်းဆက်လာလို့
    ကိုမတ် နဲ့ချိတ်ပေးလိုက်တယ်…ဒါဇင်ပလပ်အဖွဲ့တွေလည်း မအားတဲ့ကြားက
    မင်္ဂလာဆောင်ကို အပြေးအလွှားလာအားပေးသွားပါသေးရဲ့…ချီးကျူးပါတယ်
    ဒါဇင်ပလပ်ရေ…

    Reply

  • ဦးကြောင်ကြီး

    May 2, 2013 at 9:49 am

    သားကောင်းကောင်း
    စားကောင်းဂျောင်း
    ဖျားယောင်းချောင်း
    ငါးပေါင်းရောင်း…

    Reply

  • နွယ်ပင်

    May 2, 2013 at 11:25 am

    ဦးမျိုးသန့် ရေ အခုလို အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ချင့် …
    နွယ်ပင်တို့ လိုက်လာတဲ့ အချိန်မှာ ပြန်သွားပြီလို့ ပြောလို့ နောက်တစ်ခါများ
    အချိန်ရရင် ဆုံချင်ပါသေးတယ်ချင့် …

    Reply

    • Myo Thant

      May 2, 2013 at 11:53 am

      ဟုတ်ကဲ့ပါဗျာ

      Reply

  • TNA

    May 2, 2013 at 5:08 pm

    နောက်ကျမှတိ ဝမ်းနည်းပါဘိ။

    Reply

  • surmi

    May 3, 2013 at 10:12 am

    အဲ ့ဒါ သဂျီးကြောင် ့ !!!!
    သူ ့ရွာဝင်မရတာနဲ့ဘဲ
    ဘာဘာ ဘာမှမသိတော ့ဘူး
    နောက်တစ်ခါ ….. မကျေပွဲနွဲမယ်ဗျို ့

    Reply

  • Mr. MarGa

    May 3, 2013 at 11:47 am

    စိတ်ပဲရောက်တယ်
    လူကမရောက်
    ဘယ်ရောက်ပါ့မလဲ ဒီ မိုင်သုံးရာကျော်ကို နတ်တို့တန်ခိုးနဲ့ မကျော်နိုင်လို့လေ :harr:

    Reply

Leave a Reply

Your email address will not be published.