ချစ်ခရီး တစ်ထောင့်ငါးရာ

ကာရံMay 1, 20131min02

poem7

မငိုပါနဲ့ချစ်သူ ငါ့နှလုံးသားက

မျက်ရည်စက်တွေ တားဆီးဖို့အင်အား

မွေးဖွားခြင်း မရှိသေးလို့ပါ

မမုန်းပါနဲ့ချစ်သူ ငါ့အပြုံးတွေက

အခုမှ အနှယ်ထိုင်ခါစမို့ပါ

မမေ့လိုက်ပါနဲ့နော်

ချစ်ခဲ့တဲ့ နေ့ရက်လေးတွေက အခုဆို

တစ်ထောင့်ငါးရာ ပြည့်ခါနီးမို့ပါ

မကြင်နာရင်နေပါချစ်သူ

ငါ့ရင်မှာ ချစ်မယ့်သူက

မင်းတစ်ယောက်ဆိုတာ

အမှတ်ရတဲ့တစ်နေ့

ငါခင်းပေးတဲ့ ပန်းနုရောင် ချစ်ခရီးလမ်းလေးကို

အလည်တစ်ခေါက် ကြိုလှမ်းနိုင်မယ်လို့ မျှော်လင့်ရင်း

                                       ပိတောက်မိုး

2 comments

  • အရိပ်စစ်

    May 2, 2013 at 2:27 am

    မငိုပါနဲ ချစ်သူ
    ဟုတ်..မငိုပါဘူး ချစ်သူ..
    အားပေးသွားပါတယ်နော်

    Reply

  • kyeemite

    May 3, 2013 at 1:29 pm

    တစ်ထောင့်ငါးရာ
    သကောင့်သားခမျာ
    မစောင့်အားပါ
    တအောင့် သွားမှာ။ :kwi:

    Reply

Leave a Reply

Your email address will not be published.