အမုန်းမြို့တော်မှ လွမ်းချစ်သူ

ကာရံApril 30, 20131min01

သနားတက်တဲ့ ငါ့နှလုံးသားလေးက

အခုတော့ အရှုံးသမားဘဝကို ပိုင်ဆိုင်လေရော့သလား

ရင်နှစ်အောင်ချစ်ခဲ့ပြီးမှ ရနံ့ပြယ် ရွှက်ကြွေသည့်ပမာ

အပြုံးတရားကို ရင်မှာပိုက် မုန်းမြို့တော်ချစ်စခန်းက

ထွက်လှန်းဖို့ ငါအချိန်တန်လေရော့သလား ချစ်သူရေ

မင်းရင်နာအောင် ငါမလုပ်ခဲ့ပေမယ့်

ပေးဆပ်ခဲ့တဲ့ ချစ်ခြင်းတွေကတော့ ခါးသီးတဲ့မိုးစက်ပမာ

မင်းထင်ရက်လေရော့သလားကွယ်

အမှတ်မထင် အရှိုက်မိခဲ့တဲ့ ပဲ့တင်သံ အပြန်ခရီးက

သစ္စာမရှိတဲ့ မင်းအတွက်တော့ ပျားရည်စက်ချစ်ခရီး ဖြစ်မယ်ထင်နေရော့သလား

ရင်မှကြွေသော မျက်ရည်စက်တွေက မင်းရဲ့ချစ်မှတ်တမ်းမှာ

ငါ့သက်သေမှတ်တိုင် စိုက်ထူဖို့ နေရာမကျန်ရော့လေသလား

ခြေရာဖျောက်မေတ္တာတိမ်တိုက်အောက်မှာ လေလွှင့်သွားတဲ့

ချစ်ပန်းတိုင်လေးက အခုတော့  ဘယ်ကမ်းဆိုက်ကပ်နိုင်တော့မလဲလေ

တစ်ခဏအလည်လာသူမဟုတ်ပေမယ့်

ရောက်ခဲ့တဲ့ အမုန်းမြို့တော်ထဲက အခုတော့လေ လွမ်းချစ်သူ ဖြစ်ရှာလေရော့မယ်ထင်တယ်

                                                              ပိတောက်မိုး

One comment

  • အလင်းဆက်

    May 2, 2013 at 2:08 pm

    ကဗျာတွေ
    စာတွေ နဲ့
    ပျော်ရွှင် မှူ တွေ
    ရှာတွေ ့နိုင် ပါစေ
    သူငယ်ချင်းလေး ရေ

    Reply

Leave a Reply

Your email address will not be published.