Gazette သဒင်းဆင်

လက်ပံတောင်း ဝမ်ပေါင်ကြေးနီးတောင် စီမံကိန်းအရေး ဆောင်ရွက်နေသော ခေါင်းဆောင်များအား အမှုပေါင်း မြောက်မြားစွာဖြင့် တရားစွဲမည့် စစ်ကိုင်းတိုင်းရဲအဖွဲ့၏ ကြေငြာချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် ဒီမိုကရေစီ တပ်ဦးခေါင်းဆောင် ဦးကြောင်ကြီးမှ စစ်ကိုင်းတိုင်းရဲမူးဂျီး အပါအဝင် ရဲရှစ်ယောက်အား ပြည့်တန်ဆာများအား မတရားဖမ်းဆီး ဖရီးဝါးမှု၊ တည်းခိုခန်း၊ အနှိပ်ခန်းများတွင် အခမဲ့ တည်းခိုပျော်ပါးမှု၊ အရက်ပုန်းချက်သူများထံမှ ငွေညှစ်မှု၊ စားသောက်ဆိုင် ဘီယာစတေရှင်များအား ဆက်ကြေးကောက်မှု၊ အချုပ်သမားများအား ထမင်းဖိုး ရေဖိုး မီးဖိုးတောင်းမှု၊ မင်္သကာသူများအား ရိုက်နှက်ငြင်းပန်း နှိပ်စက်မှု၊ လာဘ်ငွေရယူပြီး တရားရုံးသက်သေ လိမ်လည်ထွက်ဆိုမှု၊ အမှုဖွင့် အမှုပိတ်ခတောင်းမှု၊ ကာရာအိုကေဆိုင် ချဲဒိုင် အင်တာနက်ဆိုင်များမှ လစဉ်ကြေး လက်ခံမှု၊ ဘုရားပွဲ လောင်းကစားဒိုင်များနှင့် ပေါင်းစားမှု စသည့်အမှုပေါင်း တသောင်းခြောက်ထောင်ဖြင့် တိုင်ချက်ပြုလုပ် အမှုဖွင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်လုံးကျွတ် လူငယ်ညီလာခံ ကျင်းပရန် စီစဉ်နေရာ ကြံ့ဖွတ်ပါတီမှလည်း အားကျမခံ စဉ်ပြိုင်ညီလာခံအဖြစ် ပြီလုံးဂျွတ် လူလည်ညီလာခံ ပြုလုပ်မည်ဖြစ်ကြောင်း ကြံ့ဖွတ်ပါတီလူဂျီး ဦးပန်ကာမှ ပြောကြားသည်။

ဘွားဒေါ်ဂျီး သမဒဖြစ်ရန် အခြေခံဥပဒ ပြင်ပေးမည့်အပြင် သမဒဂျုပ်မူးဂျီး၊ ဒုသမဒဂျုပ်မူးဂျီး၊ သမဒဂျုပ်ကြီး၊ ဒုသမဒဂျုပ်ကြီး၊ သမဒဂျုပ်၊ သမဒမူးဂျုပ်၊ သမဒမူးဂျီးနှင့် ဒုသမဒမူးဂျီးတို့ပါ တိုးချဲ့ရန်ရှိကြောင်း သမဒရုံးဝံကျီး ဦအောင်မင်းမှ ဆွေးနွေးပွဲတခုတွင် ပြောကြားလိုက်ပြီး အနာဂတ်ကာလ သမဒနှင့် ညွှန်ချုပ် မည်သည့်ရာထူး ပိုမြင့်သည်ကို ဖြေကြားရန်မူ ငြင်းဆန်သွားခဲ့သည်။

နိုင်ငံဒေါ် သမဒဂျီး၏ စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲကျင်းပရာ ကမာ္ဘကျော် ဗီယာဂရာ အားဆေးတောင့်နှင့်အပြိုင် အစွမ်းပြနိုင်သော ဘဂျီးပေတံဆိပ် ဖီးကြမ်းငှက်ပျောသီးအား နိုင်ငမ့်စွမ်းဆောင်ရည်ဆု ပေးအပ်လိုက်ကြောင်း ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်မှု အခမ်းအနားတွင် ထိုးထိုးထောင်ထောင် ဖြစ်နေသော သမဒရုံးညွှန်ကြားရေးမှူး ဦးဇောက်ထိုးမှ ခါးအောက်တနေရာအား လက်ဖြင့်အုပ်လျက် နှားခေါင်းပွတ်ရင်း ကြေငြာသည်။

5 comments

  • kyeemite

    April 30, 2013 at 9:19 am

    သဒင်းဆင်
    ပုလင်းဖင်
    အတင်းဝင်
    ငပျင်းနင် :kwi:

    Reply

  • ဦး ကျောက်ခဲ

    April 30, 2013 at 9:26 am

    … ဘဂျီးပေတံဆိပ် ဖီးကြမ်းငှက်ပျောသီး…

    သူ့ချည်းသာလော…
    ABC အားတိုးဆေးနဲ့ပါ ဖယား… အား ဟိ
    :harr:

    Reply

  • ရဲစည်

    April 30, 2013 at 12:28 pm

    ကတောက်စ် … မန်းလေးသွားတာ … ကပေဆေးဖော်နေမှန်း မသိလိုက်ဘူးကွာ ..
    အူးကြောင် ပြောမှ အသိနောက်ကျတာ နာတယ်။
    အခြေခံအုပဒေပြင်ပီးရင်တော့ ဘွားတော်ဂျီးနဲ့အပြိုင် ကျုပ်တို့ သဂျီးလဲ ဝင်အရွေးခံမယ်ဆိုဘဲ …..။
    စကားမစပ် ..
    ကုလသတ်မဂက ဒေါ်လှ ၅၆.၅သန်း အကုန်ခံပီး သန်ခေါင်စာရင်းကောက်မယ်ဆိုဘဲ …။ အဓိကကတော့ ဟိုလူတွေအတွက် အတိအကျ ရည်ညွှန်းတယ်ပြောတယ်။ သိရင် ရှဲပေးပါအုန်း …။ မွတ်စလင်တွေဆီတော့ စာတွေ တရားဝင်ဖြန့်ဝေထားကြောင်း။

    Reply

  • လင်းဇော် ထက်

    May 1, 2013 at 3:50 pm

    နိုင်ငံဒေါ် သမဒဂျီး၏ စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ မှ သဒင်းစွမ်းဆောင်ရည်ဆုကို အူးဂျောင်ဂျီးရရှိ

    Reply

  • မောင် ပေ

    May 2, 2013 at 6:48 pm

    ကျွတ်စ်
    ဂေဇက်လေး ၂ရက်မလာမိပါတယ်
    ကျုပ် ဆေးက ပေါက်နေပါပေါ့ကလား
    ကြေညာခ တစ်လစာ ဆေး ပို ့ပေးမယ်ဗျား

    Reply

Leave a Reply

Your email address will not be published.