အမုန်းခွန်အား ပေးသနားလှည့်ပါ

ကာရံApril 27, 20131min05

သို့  

            မောင်ကျွန်မဘက်ကို နည်းနည်းလေမှလှည့်မကြည့်တော့ဘူးလားဟင် အခုတော့ ရနံ့ပျယ်တဲ့ပန်းပမာ အနမ်းများလည်း မဝေတော့ဘူးလားလေ

ရှိနေခဲ့တဲ့ နေ့ရက်တိုင်းမှာ အကြင်နာမိုးရွှာသွန်းဖြိုးခဲ့ပုံလေးတွေက အခုတော့ တစ်စိမ်းချိုးပျိုးခဲ့သည့်လမ်းလားဟင် သနားပါမောင် အများတစ်ကာပြောမယ့် ခရောင်းလမ်းလေးထဲကို မောင်တွန်းပို့နေတာကတော့ ချစ်ပန်းသီမယ့်အနမ်းကို အလှန်းခက်အောင်လုပ်ခဲ့လေရော့သလားဟင်

ရက်စက်တယ်ဆိုတဲ့ အမူအကျင့်လေးတွေက အခုတော့ အယူခံဝင်မယ့် လူသစ်တန်းထဲက ကြင်သူတစ်ကာပြစ်မယ့် လမ်းဘေးက အရိုင်းပန်းငယ်တစ်ပွင့်ဖြစ်ရတော့မယ်မဟုတ်လားမောင်

အငိုနဲ့မစခဲ့တဲ့ ချစ်ခရီးလမ်းမှာ အခုတော့ ပြိုတော့မလိုဟန်ပြင်မယ့် မိုးစက်ပမာ နှလုံးသားများလည်း နိုးမကြွခင်လေးတင် မောင့်အချစ်က အက်စစ်တစ်စက် ဖိတ်မစင်ပါဘဲ ရင်ထဲကို အလိုလိုဝင်ဟက်လေရော့သလားကွယ်

ကျေနပ်ပါတယ်မောင် ချစ်တဲ့အောင်သင်ပေးခဲ့တဲ့ မောင်ရင်ထဲက အမုန်းတရားတွေအောက်မှာ ကျွန်မဒူးမထောက်ချင်ပေမယ့် ရူးသွပ်အောင်လုပ်ခဲ့တဲ့ မောင့်ရဲ့အမူအကျင့်ကို ကျွန်မလေ လူတွေမသိအောင် ဖုန်းထားပေးခဲ့ချင်ပါတယ် အရှုံးတရားနဲ့ အမုန်းမပွားဘဲ ပေးဆပ်နိုင်မယ့် နှလုံးသားတစ်စုံ တည်ရှိပါစေလို့ ကျွန်မဆုတောင်းပေးရင် မောင်ပေးခဲ့တဲ့လက်ဆောင်လေးကို တန်ဖိုးရှိစွာ သိမ်းထားလိုက်တော့မယ်နော်  သိပ်ချစ်တဲ့ မ……………..

                                                                                       ပိတော်မိုး

5 comments

  • lady mobile

    April 28, 2013 at 7:57 am

    ကိုပိတောက်မိုးက ဂန်နူးလားဟင်
    မိန်းမနေရာရော၊ယောကျာ်းနေရာရော
    ပိုင်လို့ပါ ဟဲ ဟဲ စတာနော် စိတ်ဆိုးနဲ့
    ပထမဆုံးအားပေးသွားတယ်နော်…….

    Reply

  • padauk moe

    April 28, 2013 at 10:12 am

    ရပါတယ်ဗျာ ကဗျာကိုဒီလိုဘဲ ရိုးရီုးလေးခံစားကြည့်တာပါ

    Reply

  • ဦးကြောင်ကြီး

    April 28, 2013 at 10:28 am

    အမုန်းခွန်အား
    ဂတုံးစွံသွား
    ပိတုန်းဖွန်ကျား
    ပုခုံးဝန်လား
    နှလုံးကျွံမှား
    ငပြုံးညွှန်ကြား
    ကပုန်းညွှန်ကြား
    ဆံထုံးသွန်ဝါး..။

    Reply

  • nay khin

    April 29, 2013 at 11:31 am

    အဲ့လောက် မချစ်နဲ့ ယောက်ျားတွေက မကောင်းဘူး ကိုကချစ်ရင်တစ်နေ့ ကြေကွဲရလိမ့်မယ်

    Reply

  • Mr. MarGa

    April 29, 2013 at 7:36 pm

    ဆက်လက်သာ သိမ်းထားလိုက်ပါတော့ကွယ် :mrgreen:
    ဒါနဲ့ ရိုက်တာ လောသွားတယ်ထင့် ပိတော်မိုး ဖြစ်သွားတယ် :kwi:

    Reply

Leave a Reply

Your email address will not be published.