သံတွဲဈေးဆောက်လုပ်ရာတွင်ငွေကျပ်သိန်း(၇၀၀၀)ကျော်ကိုယ်ကျိုးရှာအလွဲသုံးစားလုပ်ကြခြင်း

Nu ThanApril 27, 20131min09

သံတွွဲဲမြို့ဈေးဆောက်လုပ်ရာတွင်ဈေးကော်မတီမှငွေကျပ်သိန်း(၇၀၀၀)ကျော်ကိုယ်ကျိုးရှာခဲ့မှုအပေါ်၊သန့်ရှင်းသောအစိုးရသမ္မတကြီးမှထိရောက်စွာဖေါ်ထုတ်အရေးယူပေးပါ ရန်တင်ပြခြင်း။
သံတွဲမြို့သူ/မြို့သားများသည်သံတွဲဈေးတွင်တရားခံမပေါ်သောဈေးမီးလောင်မှု
ဖြစ်ခဲ့ရပြီးလွန်စွာဆုံးရှုံးနစ်နာမှုများကို ကယ်မည်သူမဲ့ခဲရပါသည်။ထို့အပြင်နူရာဝဲစွဲ၊
လဲရာသူခိုးထောင်းပါခံနေရပါသည်။ ဈေးမီးလောင်ပြီးနောက်ဈေးဆောက်လုပ်ရာတွင်
စနစ်ကျစေရန်ဈေးလမ်းမကြီးများဖေါက်လုပ်ရမည်ဖြစ်လို့မူလဈေးဆိုင်ခန်းအကျယ်
အတိုင်းရမည်မဟုတ်ဘဲ ၉ ပေဆိုင်ခန်းများကို၈ပေရမည်ဆိုကာပုံကိုဈေးသူဈေး
သားသို့အကြိမ်ကြိမ်ချပြီညှိနှိုင်းပြီးဆောက်လုပ်ခဲ့ကြပါသည်။
သို့ရာတွင်အကယ်ဈေးဆောက်လုပ်သည့်အခါ(ဈေးသူဈေးသားများကိုချပြ)ခဲ့
သောအတိုင်းအတာများအတိုင်း(၈)ပေဆိုင်ခန်းကို(ရပေ၄လက်မ)ဆောက်လုပ်ကာ
ဆိုင်ခန်း(၁၀)ခန်းလျှင်ရှေ့နောက်နှစ်ခန်းထွက်လာစေရန်ဈေးကောက်မတီနှင့်ကန့်ထ ရိုက်တို့ကိုယ်ကျိုးရှာဆောက်လုပ်ခဲ့ပြီးဈေးလူကြီးတို့သည်တစ်ဦးလျှင်တစ်ခန်းနှစ်ခန်းစီ
တရားမဝင်ရယူပြီးတစ်ခန်းလျှင်သိန်း(၁၅၀)စီဖြင့်အခန်းပေါင်းများစွာကိုကိယ်ကျိုးရှာ
ရောင်းစားပြီးမိမိအိပ်ထဲ့တည့်ပြီး ကျောင်းရှေ့လမ်းထောင့်တွင်အိမ်သာဆောက်
အိမ်သာပေါ်တွင်နှစ်ထပ်တင် ကိုယ်ကျိုးရှားရောင်းစားပြီးသံတွဲသူသံတွဲသားတို့အပေါ်
လွန်စွာခေါင်းပုံဖြတ်ကိုယ်ကျိုးရှာနေမှုအပေါ် အသစ်ထွက်ပေါ်လာသည့်ဆိုင်ခန်းအ
ရေအတွက် ရယူထားသူ၊ဝယ်ယူခဲ့သည့်(ရောင်းချခဲ့သည်)ငွေကြေးများနှစ်ထပ်
ဆောင်များတရားမဝင်အမြတ်တင်ဈေးနှုန်းနှစ်ဆဖြင့်ရောင်းချခဲ့မှုပြီးငွေသိန်းထောင်နှင့်
ချီကိုယ်ကျိုးရှာဖွေနေမှုကိုခုံရုံးဖွဲ့ပြီထိရောက်စွာစစ်ဆေးအရေးယူပြီး၎င်းဆိုင်ခန်းများ
ကိုပြန်လည်သိန်းယူပြီးဈေးသူဈေးသားများအကျိုးအတွက်ဆောင်ရွက်ပေးပါရန်တင်ပြ
အပ်ပါသည်။ယခုဈေးသူဈေးသားများမှဖင်မလှည့်သာသောဆိုင်ခန်းများကိုမတန်တဆ ဈေးနှုန်းများဖြင့်ငွေသွင်ရပြီးဈေးကော်မတီမှယူချင်ယူမယူချင်လျှင်ယူမည့်သူရောင်းမည်
ဟု(အိပ်ဖေါင်းလို့လေသံပြောင်း)သောအသံဖြင့်လူမိုက်ဆန်ဆန်လုပ်ကိုင်နေပြီးအတင်း
လက်မှတ်ထိုးခိုင်နေပါသည်။သို့ဖြစ်ပါလို့သန့်ရှင်းသောအစိုးရသမ္မတကြီးမှအဖြစ်မှန် ဖေါ်ထုတ်ပြီးထိရောက်စွာအရေးယူပေးပါရန်နှင့်ကိုယ်ကျိုးရှာမှု၊တရားမဝင်ဆိုင်ခန်းရယူ
ရောင်းချထားသူဈေးကော်မတီလူကြီးများ၊အလွှဲသုံးစားဆိုင်ခန်းရယူထားသူများ
ဈေးကန်ထရိုက်များအားများကိုနိုင်ငံတော်ပစ္စည်းအလွှဲသုံးစားမှုဖြင့်ထိရောက်စွာ
အရေးယူပေးပါရန်နှင့်စံနမူပြအရေးယူပေးပါရန်တိုင်ကြားအပ်ပါသည်။

9 comments

  • Nu Than

    April 27, 2013 at 12:15 pm

    ယခင်ဈေးဆိုင်ခန်း ၉၀ဝ ကျော်ရှိခဲ့ရာ ဆောာက်လုပ်ရာတွင်ခက်ခဲမည်ပြောပြီးတကယ်ဆောက်လုပ်သောအခါ ကန်ထရိုက်၊ကော်မတီ
    များအတွက် ယခင်ဆိုင်ခန်းများကို အိမ်သာခန့်သေးငယ်လိုက်ပြီးဆိုင်ခန်းအပို ၂၀၀ဝ အထိ တိုးချဲ့ဆောက်လုပ်ပြီး ဈေးကော်မတီများကို
    ၂ ခန်းစီးလက်ဆောင်ပေးထားပါသည်။ဈေးကော်မတီဥိးစိုးမြင့်မှာလည်း ယခင်ကဈေးဆိုင်ခန်းမရှိသောလည်းလမ်းမကြီးဘေးထောင်ဆိုင်ခန်း ၁ ခန်းကို ကျပ်သိန်း ၁၆ဝ ဖြင့်ရောင်ချထားပြီး၊အခြားကော်မတီ
    ဦးစိုးသန်း၊တိုးတိုး၊လှရွှေ၊ကျော်မြင့်။ထွန်းမြင့်၊ထွန်ကြည်စသောဈေးကော်မတီများသည်လည်း တစ်ယောက် ၂ ခန်စီ ရရှိပြီး ယခခုအခါ ၎င်းတို့လုပ်စားထားသညိကုဖုန်းကွယ်ရန် အတင်းသဘောတူကြောင်းလက်
    မှတ်ရေးထိုးခိုင်းထားသည်ဟု့ကြားသိရပါသည်။ဖြစ်ရပ်မှန်များကိုဆက်လက်တင်ပြပေးပါရန်….

    Reply

  • အရှင် သခင် ဆရာ ကိုယ်တော် mobile

    April 27, 2013 at 1:27 pm

    အသေးစိတ်အချက်အလက်များ အသေအချာ စီစစ်လေ့လာပြီး
    တရားဥပဒေ အတိုင်း အကောင်းဆုံး ဖြေရှင်းဖို့လိုမယ်……….
    တကယ်လို့ တရားဥပဒေ အရအရေးယူရာမှာ သူတို့လက်ထဲ
    ရေရှိနေပြီ ဖြစ်တဲ့အတွက် ထိရောက်မှု ရှိမရှိကလည်း မသေချာပြန်ဘူး…..
    ကျုပ်တို့ နိုင်ငံမှာကလည်း အခြားနိုင်ငံတွေမှာလို မဟုက်တာလုပ်တဲ့လူကို….မကျေနပ်ရင်
    စနိုင်ပါနဲ့ ချောင်းပစ်တာတို့… အသေခံဗုံးခွဲပြီး ပညာပြလိုက်တာတို့ လုပ်ဖို့ သတ္တိရှိတဲ့လူက
    တစ်ခါမှ မကြားဖူးသေးဘူး…. တလွဲ ဆံပင်ကောင်းနေ့တဲ့ သတ္တိခဲတွေသာ ခဏခဏ
    ကြားနေရတယ်………

    Reply

  • lady mobile

    April 28, 2013 at 8:36 am

    မှန်လိုက်လေ မောင်မိုဘိုင်းရေ…

    Reply

  • same kyaw

    May 3, 2013 at 2:54 pm

    မြန်မာပြည် လဒ်စားတာ ကို ဘယ်တော့များမှ ပျောက်အောင်လုပ်နိုင်ကြမလဲမသိ။အောက်ခြေတွေဘဲလိမ့်ခံနေရတယ်။အပေါ်ဆုံး ကအောက်ထိဘဲ။

    Reply

  • same kyaw

    May 3, 2013 at 2:57 pm

    မြန်မာပြည် မှာ လဒ်စားခြင်း ကို ဘယ်သောအခါမှ ထိထိရောက်ရောက် နှိမ်နင်းကြမလဲနော်

    Reply

  • သံ တွဲသား

    June 7, 2013 at 9:38 am

    nu than ဆိုုတဲ. လူ …ကိုုရေးတာကိုု တာဝင်ယူရဲရင် ခင်ဗျား အိမ် adress , name နဲလိပ်မူ ပြီး သမ္မတရုုံးကိုုစာတင်ပါလား ဘာမှမသိတဲ.လူတွေကိုု လျှောက် ရေးပြီး သတင်းလွှင်.မနေနဲ. ဘာဆိုုင် ခန်း ၂၀၀ဝ ထိလဲ ( — Deleted by Mod 6 — )..
    ခင်ဗျား ( — Deleted by Mod 6 — ) ပဲ ဖြစ်မယ် ရေးထားတဲ. post တိုုင်း မဟုုတ်တာ ကများနေတယ် ကျူပ်တိုု. သံတွဲက ရခိုုင်တွေ ဒါမျိူး မရေးဘူး …ကျုူပ် ဈေးထဲနေ.တိုုင်းရောက်တယ်.. ဆိုုင်ခန်း ၁၀၀ဝ ကျော်ပဲ ရှိတယ် ..
    ( — Deleted by Mod 6 — ) … သတွဲမြို့ အေးချမ်းနေတာကိုု
    ( — Deleted by Mod 6 — ) ပြသနာ လိုုက်မလုုပ်နဲ.
    ( — Deleted by Mod 6 — ) မှ အသိညာဏ် မရှိ ..
    သခင်ကိုု ပြန်ကိုုက်တဲ.( — Deleted by Mod 6 — ) …

    Reply

  • သံ တွဲသား

    June 7, 2013 at 10:31 pm

    mandalay gazette က aditor ဆရာတွေလဲ post တင်တာတွေ ကိုု စစ်ဆေးစေချင် တယ် .. တော်တော်များများ ကမဟုုတ်တာတွေများ နေတယ် .. သတင်းမဟုုတ်ပဲ .. ကိုုနဲ.အဆင်မပြေတာနဲ. အတင်းပြောတလိုုရေးနေတလိုုပဲ … မသိတဲ.လူကျတော.ယုုံရော..ဒါဟာ internet news ဖတ်တဲ.သူတွေကိုုစော်ကားနေတာပဲ ကျွန်တော်လဲ သံတွဲမှာ ခေတ်စားနေလိုု. ဝင်ကြည်.တာ … စိတ်ပျက်သွားတယ် …

    Reply

  • သံ တွဲသား

    June 8, 2013 at 9:00 pm

    ဒီမိုကရေစီမှာ လွတ်လပ်စွာပြောဆိုခွင့်ရှိပါတယ်၊ဒါပေမဲ့ ကိုပြောတဲ့စကားကို တာဝန်ယူနိုင်တာဝန်ခံနိုင်ရပါမယ် Face book မှာ Online မှာ စာလေးတစ်ကြောင်းတင်လိုက်တာပဲဖြစ်ဖြစ်၊ Post လေးတစ်ခုရှဲ လိုက်တာပဲဖြစ်ဖြစ် တာဝန်ယူနိုင်၊ တာဝန်ခံနိုင် ရပါမယ်။ တာဝန်ယူတဲ့နေရာမှာလဲ ဘယ်လိုပုံစံဆိုတဲ့အတိုင်းအတာရှိပါတယ် မိမိသိရှိထားတဲ့ သတင်းအချက်အလက်ရဲ့ ခိုင်လုံ တိကျမှု၊ အဲ့ဒီအပေါ်သုံးသပ်ရှုမြင်နိုင်တဲ့ မိမိရဲ့ဉာဏ်ပညာနဲ့ရှင်းလင်းနိုင်မှု၊ မိမိတင်လိုက်တဲ့ အကြောင်းအချက်ရဲ့ ကောင်းမှု၊ မကောင်းမှု ဖြန့်ဝေနိုင်မှုအတိုင်းအတာ၊ ဒါတွေကိုကောင်းကောင်းသိရှိဖို့လိုအပ်ပါတယ်။ အကြောင်းမဲ့ပြသာနာတွေကိုဖြန့်ဝေ မှုဟာ သင်ကိုယ်တိုင်မီးခြစ်ဝေတဲ့သူတစ်ယောက်ဖြစ်သွားစေနိုင်တာကို သတိပြုရပါမယ်။

    Reply

    • အရီးခင်လတ်

      June 8, 2013 at 9:23 pm

      လောလောဆယ်မတော့ သူ့ဟာသူ ဧပြီထဲ က ငြိမ် နေတဲ့ သတင်းကို ရှင် ဝင်ပြီး မှတ်ချက်တွေ မပြီးနိုင်မစီး နိုင်ပေးနေ မှ ပိုပြီး ပွ သွားမယ် ကို သံတွဲသား ရေ့။

      မဟုတ်တဲ့သတင်း ဆိုရင် သိပ်စိတ်မပူပါနဲ့လေ။
      အင်တာနက် ထဲ မှာ အမှား တွေ တင်တာ၊ ဖွတာတွေ တင်တာ များလွန်းပြီး
      ကျား ကျား ဆိုရင်တောင် တကယ်မယုံဘဲ ရှိတော့မှာတောင် စိုးရတာ။

      Reply

Leave a Reply

Your email address will not be published.