ကျွန်ုပ် မေးသော ဗုဒ္ဒဘာသာ …

kokyawzinJuly 25, 20101min02
  1. ဘုရားရှင်သည် လူသားဖြစ်၏ ။ ထိုလူသားအား ဗုဒ္ဒဟုခေါ်သည်။ ဗုဒ္ဒဟူသည် အဘယ်နည်း?
  2. ဘုရားရှင်သည် လောကီ၏ချမ်းသာခြင်းကို စွန့်ပယ်ပြီး ဆင်းရဲခြင်းကို ရင်းကာ လောကုတ္တရာ၏ ချမ်းသာကို ရှာဖွေခဲ့ခြင်းမှာ အဘယ်အတွက်ကြောင့်နည်း?
  3. ဘုရားရှင်၏အယူဝါဒ မဟုတ်သော ကျင့်ကြံသော တရားအနှစ်သာရသည် အဘယ်နည်း?
  4. ကျွန်ုပ်တို့သည် ဘုရားရှင်အား ယုံကြည်ကိုးကွယ်၏။ မည်သည့်အရာကို ယုံကြည်သနည်း?
  5. ကျွန်ုပ်တို့သည် ဗုဒ္ဒဘာသာဝင်များဖြစ်သည်။ ဗုဒ္ဒဘာသာဝင် ဟူသည် အဘယ်နည်း?
  6. ဗုဒ္ဒဘာသာဝင်တို့၏ ကျင့်ဝတ်သည် အဘယ်နည်း?
  7. ဗုဒ္ဒဘာသာဝင်တို့၏ ဆောင်ရွက်အပ်သော အမှုကိစ္စဟူသည် အဘယ်နည်း?
  8. ဗုဒ္ဒဘာသာဝင်တို့၏ သတ္တဝါတိုင်းအပေါ် ကြည့်သောအမြင် ၊ ပြုသောအမှု ၊ ထားသော စိတ်သဘောထားသည် အဘယ်သို့နည်း?
  9. လောက၌ အကောင်းဆုံးသောဘာသာသည် ဗုဒ္ဒဘာသာ ဟု သင် ဟစ်ကြွေးလျှင် အဘယ်ကြောင့် ကောင်းသည်ကို သင်ပြောနိုင်ပါ၏လော ….
  10. ဗုဒ္ဒဘာသာအား ယုံကြည်ကိုးကွယ်မှုနှင့်ပတ်သတ်ပြီးသကာလ သင့်အားသတ်မည်ဆိုလျှင် သင်တွန့်ဆုတ်နေမည်လော……….အသက်ပေးမည်လော……….

ဗုဒ္ဒဘာသာဝင်တို့ သိသင့်သော ဖြေသင့်သော ဘာသာရေး အတွေးအမြင်လေးပါ။ ကိုယ့်ကိုယ်တိုင် မေးခွန်းထုတ်ပြီး မေးထားပေမယ့် အဖြေတိုင်းကို သိထားသလို မကျေနပ်နိုင်သေးသဖြင့် ဖြေပေးကြပါဦးလို့ ……….. တောင်းဆိုပါ့ရစေ (ကျေးဇူးတင်ပါသည်။)

မှတ်ချက်။ ။ကျွန်တော်သည် ဗုဒ္ဒဘာသာဝင်ဖြစ်ပါသည်။ ယခုလို မေးရခြင်းသည်လည်း မယုံကြည်လို့ မဟုတ်ပါ။ မသိသေးလျှင်သိစေရုံပါ ။

2 comments

  • fatty

    July 25, 2010 at 2:02 pm

    ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဒဘာသာ ရေးပုံကွဲပါသောကြောင့် အဓိပ္ပါယ်ကွဲပါသလား။

    မိမိကိုယ်တိုင်သိသောအဖြေကိုမကျေနပ်မှု့အပေါ်ပိုရျ်ဆွေးနွေးလိုပါသည်။

    Reply

  • ghost

    July 25, 2010 at 3:41 pm

    ကျွန်တော့ အမြင်လဲ ကို fatty နဲ အတူဘဲ …ငါသိတယ် မင်းတို့ပြောမှာ နားထောင်ချင်လို့ဆို တာ
    သံသရ စကားဘဲ ဘာကို သံသရရှိနေတာလဲ သိမှ့ ဖြေရှင်းလို့ရမှာဘာ

    Reply

Leave a Reply

Your email address will not be published.