မှောင်မိုက်မိန်းမော မုန်းမေ့မည်… (ပုလဲတစ်တန့် သန္တာတစ်တန့်)

koyinApril 18, 20131min06

မှောင်မိုက်မိန်းမော မုန်းမေ့မည်…
(ပုလဲတစ်တန့် သန္တာတစ်တန့်)

စိမ်းစိုစွင့်စွင့်၊ သည်းပန်းပွင့်လျှင်၊

ရွှေရင်ရှိန်းရှ၊ နူးညံ့လှဆို၊

သိုသိပ်သံသာ၊ ရင်သည်းညှာမျက်၊

ရိုးရှည်ရွက်ရင့်၊ သည်းအိုလွင့်ကြွေ၊

ချူခူးခြွေချ၊ နင်းချေမှသာ၊

ရည်ရွယ်ရာရေး၊ ရင်ဖိုဆွေးထိတ်၊

စိုးစိတ်စွေစဉ်၊ သူကြဉ်ရှောင်ဖယ်၊

ပစ်ပယ်ပြေးပုန်း၊ ရင်မှရုန်းထွက်၊

နုံးနံနက်နေ၊ ရတက်ပွေကာ၊

နှောင်းနွေနှယ်နွမ်း၊ လှိုက်ဖိုကျွမ်းပြန်၊

ရှောင်ရှားရန်ရည်၊ လွတ်နိုင်မည်လား၊

ဝေဝါးဝိုးဝင့်၊ ပူလှိုင်းဆင့်ပျိုး၊

ခွဲခွာချိုးချင်၊ မောင့်ရင်ခွင်နွေး၊

ဆည်းဆာဆွေးဆဲ၊ လပျောက်မြဲည၊

တမ်းတတွေတွေ၊ ရင်သည်းဖြေလျှော­့၊

ပြေပြစ်ပျော့ပြောင်း၊ ညင်သာထောင်းဘိ၊

မူးမေ့မိမည်၊ နိုးချိသည်ဆူး၊

ရွှေရင်ရူးရုံ၊ ရာသီကုန်မှ၊

မြေမှုန်မြူမှိုင်း၊ နာကျင်လှိုင်းဒဏ်၊

စိုးစံစေစား၊ သည်နွေခါးချင်၊

ရင်ရဲ့ရိုးရာ၊ နှလုံးနာသင့်၊

ခွဲခွာချစ်ခြင်း၊ အိပ်မက်ရင်းဖွေ၊

ကျွမ်းကာကြေကွဲ၊ ဖြေနိုင်ခဲမီး၊

ညှာညှိုးညည်းညူ၊ သည်းဝေဆူခိုက်၊

မှောင်မိုက်မိန်းမော မုန်းမေ့မည်…။။

တောက ကိုရင်
၁၇.၀၄.၂၀၁၃

6 comments

  • KZ

    April 18, 2013 at 9:40 am

    အလိုလေး။
    လှလိုက်တဲ့ စကားလုံးလေးတွေပါလား။
    ပထမ တင်တဲ့ (ပုလဲတစ်တန့် သန္တာတစ်တန့်) လည်း ဖတ်လိုက်ရတယ်။
    မမန့်ဖြစ်လို့သာ ကိုရင်ရေ။

    :hee:

    Reply

  • ဦး ကျောက်ခဲ

    April 18, 2013 at 11:07 am

    တကယ်ဆရာကျတယ်ဗျာ….
    ဟောသည့် မြင်းထိန်းဦးကျောက် မန့်တောင် မမန့်ရဲဘူး…
    တကယ့် မြန်မာ့လက်ရင်းကဗျာကဝိနဲ့မှ တိုးနေတာကိုး…
    :harr:

    Reply

  • ဗုံ ဗုံ

    April 18, 2013 at 12:01 pm

    ဖတ်တာတောင် မနည်းဖတ်ယူရတယ် တော်လိုက်တဲ့ ကိုရင်ပါတကားးး

    Reply

  • Mr. MarGa

    April 18, 2013 at 12:08 pm

    ဝင်ပြီး မှတ်ချက်ပေးရင် ကဗျာအရသာ ပျက်မှာသေချာတယ်
    ဒါကြောင့် လေးစားအားကျစိတ်နဲ့ ဖတ်သွားပါသဗျို့

    Reply

  • မယ်ဘုတ်

    April 18, 2013 at 2:01 pm

    အားကျတယ်ဗျာ ..
    အဲလိုမျိုး ရေးတတ်ချင်လိုက်တာ …

    Reply

  • မောင် ပေ

    April 18, 2013 at 2:15 pm

    မှောင်မိုက်မိန်းမော
    ကြောက်ဝိုက်ဘိန်းတော
    စောင်ပိုက်သိမ်းပြော
    ဟောင်ကိုက်ကြိမ်းဖော
    လောင်မြိုက်ထိန်းဇော

    Reply

Leave a Reply

Your email address will not be published.