သံတွဲခရိုင်ရဲမှူးကြီး လာဘ်စားထားသလား

ကို မွန္April 10, 20131min01

သံတွဲမြို့နယ်၊ ဂျိတ္တောကျေးရွာမှာ လွန်ခဲ့တဲ့ တစ်ပတ်လောက်က အိမ်တစ်လုံးကို ရွာသား ၅ဝ လောက်က ဝိုင်းပြီး ဖျက်ဆီးလိုက်ကြပါတယ်။ အဲဒီထဲက ၄ ယောက်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။ နောက်နေ့မှာတော့ လူ ၄၀ဝ လောက်က ခွင့်ပြုချက်မရှိပဲ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြကြ ပြန်ပါတယ်။ အဲဒီမှာတော့ ခေါင်းဆောင်နှစ်ယောက်ကို ဖမ်းပါတယ်။

အတွင်းသတင်းတွေအရ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ ခရိုင်ရဲမှူးက အမိန့်ပေးခဲ့ပါတယ်။ ခုတော့ အဲဒီအမှုတွေမှာပါဝင်ခဲ့တဲ့သူတွေက်ို ဖမ်းဆီးဖို့ အမိန့်ရောက်လာပါတယ်။ ဒါပေမယ့် အားလုံး ဟိုပြေး ဒီပြေးကုန်ကြတော့ မြို့နယ်ရဲမှူးကြောင့်လို့ ပြောပါသတဲ့။ ရဲဆိုတာ ရပ်ရွာ တည်ငြိမ်အေးချမ်းရေးကို တာဝန်ယူကြရတာပါ။

ခုတော့ မတည်မငြိမ်ဖြစ်အောင်လုပ်နေသူတွေကို လွှတ်ပစ်ခိုင်းသတဲ့။ အဲတော့ ဘာဖြစ်ပါသလဲ….။ နောက်ဆုံးသိရတာကတော့ ခရိုင်ရဲမှူး ပါရာဒို စီးနေကြောင်းပါ…။ အထက်အဆင့်ဆင့် တာဝန်ရှိလူကြီးမင်းများ…ခင်ဗျား…။ ခရိုင်ရဲမှူးလစာနဲ့ ပါရာဒို စီးချင်တဲ့သူတွေကို သံတွဲကို လွှတ်ပေးပါ…….လို့။

One comment

  • မယ်ဘုတ်

    April 11, 2013 at 3:51 pm

    သံတွဲ ကို လွှတ်စရာလိုဘူးလေ …
    ဘယ်နေရာဖစ်ဖစ် စီးလို့ ရမယ်ထင်ပ .. :hee:

    Reply

Leave a Reply

Your email address will not be published.