Nasa မှ ၂၀၁၄ ခုနှစ်တွင် ကြီးမားသော နေစွမ်းအင်သုံး ရွက် Solar-sail ကို အာကာသထဲသို့ လွှတ်တင်ရန်စီစဉ်ခြင်း

Mr WorldWideApril 4, 20131min02

Nasa သည် ကြီးမား၍ အလွန်ပါးလွှာသော ရွက်တစ်ခုအား အာကာသထဲသို့ လွှတ်တင်ရန် စီစဉ်နေပြီး နေရောင်ခြည်မှ ဖိအားကို လောင်စာမဲ့တွန်းကန်အားအဖြစ် အာကာသအတွင်း ခရီးသွားလာရေးကဏ္ဍတွင် အသုံးပြုနိုင်ခြင်း ရှိမရှိအား လေ့လာရန် ဖြစ်ပါသည်။ Solar ရွက်များနှင့်ပတ်သက်၍ ရာစုနှစ်များစွာ အခြေအတင် ပြောဆိုခဲ့ပါသည်။ Sunjammer Project   သည် Solar ရွက်လွှင့်ခြင်းရည်မှန်းချက်အတွက် လုပ်ဆောင်နေသော NAsa ၏သုတေသနလုပ်ငန်များမှ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ Sunjammer Project အမည်သည် စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းများရေးသားသော စာရေးဆရာ Mr.C.Clarke  ၏ဇာတ်လမ်းမှ အမည်ကို ယူ၍ပေးထားခြင်း ဖြစ်ပါသည်။

nasa

၂၀၁၄ ခုနှစ်  Sunjammer  ရည်မှန်းချက်ကို အနားတစ်ဖက်လျင်   ၃၈ မီတာရှိပြီး  စုစုပေါင်း မျက်နှာပြင် အကျယ်မှာ တစ်ဧက၏ သုံးပုံတစ်ပုံ  (၁၂၀ဝ စတုရန်းမီတာ) ရှိသော ရွက်တစ်ခုဖြင့် စတင်မည်ဖြစ်ပါသည်။ ၎င်းသည် ယနေ့အာကာသထဲတွင် စမ်းသပ်နေသော  Solar ရွက် များထက် ရ ဆ ပိုမိုကြီးမားပါသည်။
ရွက် သည် ဖြန့်ထားချိန်၌ အလွန်ကြီးမားသော်လည်း အာကာသထဲသို့ အလေးချိန် ၃၂ ကီလိုဂရမ် လေးပြီး ပန်းကန်ဆေးစက်အရွယ်ခေါက်၍ အာကာသထဲသို့ ယူသွားနိုင်ပါသည်။ တစ်ခါသုံးပစ္စည်းများ ထည့်သွင်းထားသော ၈ဝ ကီလိုဂရမ်အလေးချိန်ရှိ Sunjammer အား ကမ္ဘာ့ပတ်လမ်း အနိမ့်ထဲသို့ ရောက်အောင် ဒုံးပျံဖြင့် သယ်ဆောင် သွားနိုင်ပါသည်။ ပတ်လမ်းအတွင်းရောက်သောအခါ ရွက်အား ခေါက်ထားရာမှ ဖြေချပြီး နေရောင်ခြည် အား စုဆောင်းမည်ဖြစ်ပါသည်။

ဤ ှSolar sail  ရွက်နည်းပညာအောင်မြင်ပါက အာကာသတွင် နယ်မြေချဲ့မှုများအတွက် နည်းလမ်း တစ်ခုအဖြစ် စီစဉ်ပေးနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် ၎င်းအားကမ္ဘာပတ်လမ်းရှိ အာကာသအမှိုက်များ ဖယ်ရှားရာတွင်လည်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။

Source:http://www.wired.co.uk/news/archive/2013-03/26/solar-sail-sunjammer

 

 

2 comments

  • ခုတောင် ..
    နာဆာက ဧရာမ အိတ်ကြီးတစ်ခုလုပ်ပြီး
    ဟို ဥက္ကာခဲတွေကို လကမ္ဘာနား ဆွဲယူလို့
    သုတေသန ပြုဖို့ ကြံနေတယ်ဆိုပဲ …

    Reply

Leave a Reply

Your email address will not be published.