သုတေသန

zaw winMarch 31, 20131min06

ဒါလေးက ဘာဖြစ်တာလဲ
ဘယ်ကနေ ဘယ်လိုဖြစ်လာရတာလဲ
ဒီလိုဖြစ်ရင် ဘာတွေထပ်ပြီး ဖြစ်နိုင်သေးလဲ
ဘယ်လိုအကျိုးအပြစ်တွေ ဖြစ်ပေါ်လာနိုင်သလဲ
ဒါဆိုရင် ဘယ်လိုအသုံးချခံစား ကာကွယ်တားဆီးမလဲ
အားနည်းချက် အားသာချက်တွေကို လေ့လာရမယ်
မှတ်တမ်း စမ်းသပ်ချက်တွေအဆင့်ဆင့် ထားရှိလုပ်ဆောင်ရမယ်
လူနဲ့လူ့ပတ်ဝန်းကျင် တိုးတက်ဖွံ့ဖြိုးနိုင်ရန်
ဒီလိုသုတေသနပြုလုပ် လေ့လာဆောင်ရွက်မှုတွေဟာ
အရေးကြီးဆုံးပါ။
သင်ရော သင့်ဘဝမှာ သင့်ဝန်းကျင်မှာ
သုတေသနလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပြီးပါရဲ့လား။

မင်းသုတ
21:30 PM
28.3.2013

6 comments

  • မောင်ခိုင်မာ (စမ်းချောင်း)

    April 1, 2013 at 8:55 am

    သုတေသနအလုပ်ကတော့ တယ်မလွယ်တဲ့အလုပ်ပါ..အထူးသဖြင့် မြန်မာနိုင်ငံနဲ့ပေါ့။
    အခုတော့ ဆွေးနွေးဖို့မအားသေးလို့ပါ..နောက်မှ အကျယ်ပြန်ဆွေးနွေးပါတေ့ာမယ်..

    Reply

    • kai

      April 3, 2013 at 4:15 am

      ဆွိမမပြတာ.. မမြင်ကြရတာမို့.. ဖော်ပေးလိုက်တယ်.. :kwi:

      ဆိုတော့…
      ကိုရင်မင်းသုတကိုယ်တိုင်.. သုတေသနတခု.. ဒီရွာထဲလုပ်ကြည့်ပါလားဟင်င်..
      ကူပါ့မယ်..။

      စိတ်ကြိုက်တွေ့ရင်.. သတင်းစာမှာသုံးဖို့.. ဝယ်ပါ့မယ်..။

      Reply

      • KZ

        April 3, 2013 at 9:13 am

        မြင်အောင်မပြတတ်တော့လဲ သည်းခံကြပါရယ်။ :mrgreen:

        တဂျီးဖော်လိုက်တော့လဲ ကွက်ကွက်ကွင်းကွင်းမြင်ကြတော့ပေါ့။ :mrgreen:

        Anyway, TQ..

        :kwi:

        Reply

  • MaMa

    April 2, 2013 at 5:51 pm

    သုတေသနလုပ်တယ်ဆိုတာ ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေ နိုင်ငံသားတွေအတွက်ပဲလို့ ထင်မိတယ်။
    သုတေသနတစ်ခုလုပ်ဖို့အတွက် လူအင်အား၊ ငွေအင်အားတွေ အများကြီး လိုအပ်ပါတယ်။
    အဲဒါကြောင့် သုတေသနလုပ်မယ့်အစား အဲဒီအင်အားတွေနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးကို အရင်ဆုံးဖော်ဆောင်သင့်တယ်။

    Reply

Leave a Reply

Your email address will not be published.