တောင်ပံမပါတဲ့ အလင်း

koyinMarch 31, 20131min04

တောင်ပံမပါတဲ့ အလင်း
ငါက အတောင်ပံမပါတဲ့သ­ူ
ပင်ဂွင်းလို လူစား..
ပျံသန်းဖို့ အားခဲနေရတာနဲ့တင­်
အားမာန်တွေ အပျင်းကြီးနေခဲ့…။
ချိုမြိန်နေဆဲ ဒုက္ခတွေအတွက်
နေပူထဲမှာ ရပ်စောင့်နေခဲ့ပြီးမှ
ကိုယ့်အရိပ်ကို ကို်ယ်ပြန်လန့်ပြီး
အတ္တတွေကို နှစ်ခြိုက်စွာ စားသုံး
အဇ္ဈတတစ်ခုလုံးကို ဖုံးကွယ်ပစ်လိုက်ရတာ…။
ရာသီဥတုက
အေးစက်… ပူလောင်
အနွေးဓါတ်ကို တမင်ယူဆောင်လို့
အလံဖြူကို ထောင်ထားကာမှ
ပစ္စက္ခမှာ သတိတွေက တမင်ကျီစယ်
ငါ့အသိတွေပဲ နေကွယ်နိုး
ရိုးသားခြင်းပစ္စုပ္ပန်အတွက်
အမြင်တွေ ကျယ်လာ
အဲဒါက ဝေဒနာသက်သက်
ငါ့ရင်ဘတ်ကြယ်သီးတွေ ပြုတ်ထွက်နေသလား
စပျစ်သီးတွေ ချဉ်သွားမှာတောင်စိုးရ
ငါက အူတူတူ အတတ လေ…။
လေနီရိုင်းတွေ သေတဲ့ တစ်မနက်မှာ
နှင်းစက်တွေနဲ့ မျက်နှာသစ်တုန်းခဏ
မျက်ရည်တွေ အေးခဲသွားရတာမျိုး
မိုးရေကို မျှော်မိကာမှ
နေကြတ်ခြင်းရဲ့ ရသကိုခံစားလိုက်ရတယ်
တိမ်ညိုတွေ စုဝေးကြပြီလား…?။
ရောင်နီနဲ့အတူ ခရီးပြင်းနှင်ဖိ­ု့
တောင်ပံတွေကို ခတ်ထုတ်လိုက်စဉ်မှာ
ဘာသာမုန်တိုင်းကျပစ်လိုက်ရသလိုမျိုး
အောက်ဆီဂျင်ကို ခိုးဝှက်
အလင်းစက်ကို ဖြတ်တောက်
ဒီည…
အိမ်အပြန်နောက်ကျအုံးတော့မှာပဲလေ…။ ။
တောက ကိုရင်
၂၆.၀၃.၂၀၁၃

4 comments

  • မောင် ပေ

    March 31, 2013 at 9:25 pm

    တောင်ပံမပါ
    မောင်ကြံကဗျာ
    စောင်လှန်အရှာ
    ရှောင်ရန်တဏှာ

    Reply

  • ဗုံ ဗုံ

    April 1, 2013 at 4:27 pm

    ကိုရင် ဘက်စုံတော်ပါပေတယ် 🙂

    Reply

  • Alinsett @ Maung Thura

    May 7, 2015 at 3:30 pm

    .နောက်ကျလည်း…အိမ်က စောင့်နေတယ်…
    .အမှောင်ကိုသာ သယ်မလာနဲ့တဲ့….

    Reply

  • အောင် မိုးသူ

    May 7, 2015 at 3:59 pm

    ကဗျာလေးက ကောင်းသား။ အလင်းစက်ကို ဖြတ်တောက်တဲ့ ဒညင်းဝက်တော့ တွားဘီ။

    Reply

Leave a Reply

Your email address will not be published.