Myanmar Website Tutorials ဘလော့လိပ်စာ ပြောင်းရွှေ့ခြင်း

Myanmar Web DesignerMarch 27, 20131min02

ကျွန်တော်တို့ www.mmwebsharing.blogspot.com ကို http://www.myanmarwebdesigner.com/blog သို့ ပြောင်းရွှေ့လိုက်ပါပြီ။ တစ်ချို့ mmwebsharing blog မှာ အဆင်ပြေပြီးသားဟာတွေတော့ အဆင်ပြေဦးမှာမဟုတ်ပါဘူး၊ ဥပမာ post တင်ပြီးတိုင်း email ထဲ ပို့ပေးတာတို့ ဘာတို့ပေါ့။ အဲဒါတွေကိုတော့ နောက်မှ ပြန်လုပ်ပေးပါ့မယ်။ blogspot နဲ့ကျတော့ သိပ်ပြီး အဆင်မပြေတဲ့ အပိုင်းလေးတွေလည်းရှိသလို ပိုကောင်းတာတွေလည်းရှိပါတယ်။ ဒါပေမယ့် အဓိကကတော့ ပိုပြီးတော့ pro ဆန်သွားအောင် http://www.myanmarwebdesigner.com ရဲ့ အောက်မှာပဲ wordpress install လုပ်ပြီးတော့ ရေးတော့မယ်လို့ စိတ်ကူးမိပြီးတော့ လုပ်ဖြစ်သွားတာပါ။ ကျွန်တော်တို့ blog မှာ အိုင်တီနည်းပညာနဲ့ ပတ်သတ်ပြီးတော့ ဗဟုသုတတွေ အပါအဝင်၊ တစ်ကယ်အသုံးဝင်တဲ့ သင်ခန်းစာတွေကိုလည်း share ပေးနေတာဖြစ်ပါတယ်။ နောက်လည်း share သွားဦးမှာပါပဲ၊ အဓိက လိုအပ်တာကတော့ အချိန်ပါပဲ၊ အချိန်မပေးနိုင်တဲ့အတွက် post တွေ သိပ်မတင်ဖြစ်တာပါ။ ဒါကြောင့်လည်း ဒီနေရာကပဲ ကျွန်တော်က ကျွန်တော်နဲ့ ဝါသနာတူ သူငယ်ချင်းတွေကို ကျွန်တော်တို့ blog မှာ post တွေ ရေးဖို့ ဖိတ်ခေါ်ပါတယ်။ အိုင်တီ နည်းပညာတတ်တဲ့လူမှမဟုတ်ပါဘူး၊ နည်းပညာအကြောင်းတွေကို မရေးတတ်ရင်တောင်၊ လူတိုင်း နည်းပညာနဲ့ ပတ်သတ်တဲ့ သတင်းတွေလောက်တော့ ရေးတတ်ပါတယ်။ အဲဒါကြောင့် အားလုံးကို ဖိတ်ခေါ်ပါတယ်။ အဓိကကတော့ IT နဲ့ ပတ်သတ်တဲ့ post ဖြစ်ဖို့ပါပဲ။ post ရေးလိုတဲ့ သူငယ်ချင်းတိုင်း gtu.myowin@gmail.com ကို ဆက်သွယ်ပေးပါ။ ကျေးဇူးတင်ပါတယ်။

2 comments

  • ရွာစားကျော် မင်းနန္ဓာ

    March 28, 2013 at 12:00 pm

    အိုင်တီနည်းပညာအကြောင်း ထဲထဲဝင်ဝင်မသိလို့ ပို့စ်တွေတော့တင်နိုင်မှာမဟုတ်ဘူး
    ဝင်ရောက်လေ့လာ အားပေးတာပဲ တတ်နိုင်မှာပဲ ကိုလူခါးရေ
    အိုင်တီနည်းပညာနဲ့ ပတ်သတ်ပြီးတော့ ဗဟုသုတတွေ အပါအဝင်၊ တစ်ကယ်အသုံးဝင်တဲ့ သင်ခန်းစာတွေကိုလည်း share ပေးနေတာမို့ ကျေးဇူးပါဗျာ

    Reply

  • လူခါး

    March 28, 2013 at 12:22 pm

    ဟုတ်ကဲ့ … ကျေးဇူးပါဗျာ … 🙂

    Reply

Leave a Reply

Your email address will not be published.