၉ လ စောင့်ရမယ်

etoneJuly 23, 20101min01

၉ လ စောင့်ရမယ်

အမျိုးသား တစ်ဦးသည် အလုပ်တွင် အဆင်မပြေဖြစ်တိုင်း မိမိမှာတော. မိသားစု အတွက် နေ.စဉ်နေ.တိုင်းအလုပ်တွင် အနည်းဆုံး ၈ နာရီ အလုပ်လုပ်ရချိန်၌ ဇနီးဖြစ်သူ မှာ အိမ်တွင် အေးအေးဆေးဆေး နေနိုင်နေကြောင်းကို တွေးမိကာ ဇနီးသည် ကို မနာလိုဖြစ်နေတက်သည်။

မိန်းမအား မနာလိုမူတို. အားကြီးလာ သောအခါ တစ်ည ညအိပ်ရာဝင်ချိန်တွင် ဘုရားသခင်ကို တိုင်တည်ဆုတောင်းသည်ဟူ၏။

“အဖ ဘုရားသခင်….. ကျွန်တော်သည် နေ.စဉ်အနည်းဆုံး ၈နာရီအလုပ်လုပ်ရချိန်တွင် ဇနီးဖြစ်သူမှာ အိမ်၌ ကောင်းစွာ နားနေနိုင်ပါသည်။ ဘဝမှာ မမျှတပါ… သို. ဖြစ်ပါ၍ မိန်းမတို.၏ အေးဆေးသက်သာရှိသောဘဝ ကို မြင်စွမ်းနိုင်ခွင်.ငှာ မနက်ဖြန် မနက်မှစ၍ ကျွန်တော်နှင်. ကျွန်တော်.မိန်းမတို.ဘဝ တခဏဖြစ်ခွင်.ရပါစေသား အရှင်ဘုရား….” ဟုဘုရားသခင်ထံ တိုင်တည်ဆုတောင်းလိုက်သည်။

အံ.အားသင်.စရာ ကောင်းစွာပင် ဘုရားသခင်က “မင်းတောင်းတဲ.ဆု ပြည်.စေ” ဟု ခွင်.ပြုလေသည်။

နောက်တစ်နေ. မိုးလင်းချိန်တွင် အမျိုးသား မှာ အမျိုးသမီးဘဝသို. ထူးဆန်းစွာ ပြောင်းလဲသွားလေသည်။ ထို.ကြောင်.ယောက်ျားထက် ဦးစွာ နိုးထကာ နံနက် စာ ပြင်ဆင်ရလေသည်။ နံနက်စာပြင်ဆင်ပြီးနောက် ယောက်ျားလုပ်သူနှင်. သားသမီး များကို နိူးကာ နံနက်စာကျွေးမွေးရသည်။ နံနက်စာကျွေးပြီးနောက် ယောက်ျားနှင်.ကလေးများ ရုံးနှင့် ကျောင်းသွားနိုင်ရင် အဝတ်အစား၊ ထမင်းဘူး တို.ကို ပြင်ဆင်ပေးရသည်။ ကလေးများကို ကျောင်းသို.ပို.ရသည်။ ထို.နောက် ဈေးဝင်ဝယ်ပြီး အိမ်ပြန်လာရသည်။ ချက်ပြုတ်ရသည်။ အဝတ်လျှော်ရသည်။ မီးပူတိုက်ရသည်။ အပြေးအလွား သတင်းစာ ဖတ်ရသည်။ ရုပ်မြင်သံကြား ကြည်.ရသည်။

ထို.နောက် ကလေးများကို ကျောင်းမှ ကြိုရသည်။ ကလေးများအား ရေမိုးချိုးပေးရသည်။ အိမ်စာ ဝိုင်းကူ လုပ်ပေးရသည်။ ယောက်ျား ရုံးမှ ပြန်လာချိန်တွင် ရေမိုးချိုးနိုင်ရန် ပြင်ဆင်ပေးပြီး ညစာ အတူစားရသည်။ ဆေးကြော သန်.ရှင်းရေး လုပ်ရသည်။

ယောက်ျားက စကားပြောဆို မေးမြန်လျှင် ပြန်လည်တုံ.ပြန်ဖြေကြားရပြီး ယောက်ျားဖြစ်သူ အလိုအတိုင်း အိပ်ရာဝင်ရကာ ယောက်ျားစိတ်တိုင်းကျ ပြုသမျှ နုရပြန်သည်။

နောက်တနေ. နံနက်စောစောထချိန် မိန်းမ ဘဝသို. ရောက်နေဆဲ ဖြစ်သော ယောက်ျားသည် ဘုရားသခင် ထံ အပြေးအလွား ဆုတောင်းပြန်သည်။

“အဖ ဘုရားသခင်… ကျွန်တော်မျိုး(အဲ… ကျွန်မ) မှားသွားခဲ.ပါပြီ။ မိန်းမတွေ မည်မျှပင်ပန်း၊ စိတ်ရှည်၊ သည်းခံရသည်ကိုလည်း ကိုယ်ချင်းစာမိပါပြီ။ ကျွန်တော် မိန်း(အဲ ယောက်ျား၊ မဟုတ်ပါဘူး ဘုရား မိန်းမ) ကို ယခုမှ စပြီး ချစ်မြတ်နို်း၍ ကောင်းစွာစောင်.ရှောက်ပါတော.မည်။ ကျွန်တော်မျိုးမအား ယောက်ျားဘဝကို အခုချက်ချင်း ပြန်လည် ပေးသနားပါ။ မိန်းမနှင်.ဘဝချင်း ပြန်၍ ပြောင်းလဲပေးတော်မူပါဘုရား” ဟုလိူက်လိူက်လှဲလှဲ ဆုတောင်းလေတော.သည်။

ဘုရားသခင်သည် တပည့်သား(သမီး) အားအောက်ပါအတိုင်း ပြော၍ ပြန်လေတော.သည်။

“မင်း (နင်) အမြင်မှန်ရ၍ ငါဝမ်းမြောက်လှပေသည်။ သို.သော်ငြား မင်း(နင်) သည် ယမန်နေ.ည က ယောက်ျားလုပ်သူ အား ကောင်းစွာပြုစုခဲ၍ သန္ဒေအောင် လေပြီ၊ ၉ လမျှ အသာစောင်.၍ ဘဝပြောင်းရန် ငါထံဆုပြန်တောင်းလေ” ဟူသတည်း။

One comment

  • Htoo

    July 24, 2010 at 4:24 am

    အော်… ပြုသမျှ နုရတော့တာပဲဆိုတာကြောင့်ကို။
    သူနောက် ကိုးလလောက်ဆိုရင်တော့ပြန်ကလဲ့စားချေနိင်မှာပါ။

    Reply

Leave a Reply

Your email address will not be published.