ရွှေတိဂုံစေတီခြေတော်ရင်းရှိသမိုင်းဝင် ဘုန်းကြီးကျောင်းတိုက်များအားအတင်း၊အဓမ္မပြောင်းရွှေ ့ခိုင်း

cobraJuly 23, 20101min06

ဝန်ကြီးဌာန များ နှင့် အစိုးရ ပိုင် သာ့သနိက အဆောက်အဦ နှင့် ဓမ္မာ ရုံများ
ကို သာ ချန် ထားပြီး ကျန်ရှိသည့်စာသင်ကျောင်း တိုက် နှင့် ပိဋကတ် ကျောင်းတိုက် အားလုံး ကို ဖယ်ရှားပေးရမည်ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ
ထုတ်ပြန်သော အမိန် ့အား သာသနာ ရေး ဝန်ကြီး ဌာန နှင့် မြို ့နယ် သံဃမဟာ နာယက အဖွဲ ့များ မှ တစ်ဆင့်
ပြောင်း ရွှေ ့ရန် အမိန် ့ထုတ် ပြန် ထားခြင်း ခံရသည့် ဘုန်းကြီး ကျောင်း တိုက်များ သို ့ယနေ ့အကြောင်း ကြားသည် ဟု သတင်း ရရှိသည်။

အေ ရှ ့ဘက်မုခ် ရှိ ဟောင်းနွမ်းနေ သော လူနေ အိမ်များ ကို သတ်မှတ် ရက် အတွင်း ဖယ်ရှားပေးရန် ရွှေတိဂုံ
ဘုရား ဂေါပက အဖွဲ ့မှ လိုက်လံ အကြောင်းကြား ထားသည် ။ကြေးသွန်း ဘုရားကြီး အနီး နေထိုင်သူ တစ်ဦးက
ဟုတ်တယ်..ဒီနေ ့မနက် ကျွန်မ တို ့ဆီကို စာပို ့တယ် အောက်တိုဘာလ ၃ဝ နောက်ဆုံး ထားပြီး ဖယ်ပေးရမယ်
လို ့ပါတယ် ဟု Freedom News Group သို ့ပြောသည်။

ဘုန်းကြီး ကျောင်းတိုက်များ ကိုဖယ်ရှား ခိုင်းရာ တွင်မူ ပြောင်းရွှေ ့ရမည့် နေရာ အားစီစဉ် ပေးမှု မရှိပဲ ကိုယ်တော် တို ့
သီတင်းသုံး လို သည့် နေရာ ကို သတ်မှတ်ကာ လ မတိုင်ခင် ကြွချီနိုင်သည် ဟု သာ ပါရှိ
သည်။

ယခု ပြောင်းရွှေ ့ရန် အမိန် ့ထုန်ပြန်ခြင်း ခံထားရသည့် ကျောင်း တိုက်များ သည် ကုန်းဘောင်ခေတ် မင်းတုန်းမင်း လက်ထက် ကတည်း က တည်ဆောက်ထားခြင်း ဖြစ်ပြီး ကျောင်းတိုက်များမှာ ဟောင်းနွမ်းနေပြီ
ဖြစ်သော်လည်း နေထိုင် ရန် သင့်လျှော်မှု ရှိသေး သည် ဟု ပြောင်းရွှေ ့ရန် အမိန် ့ထုတ်ပြန်ထားသည့် ကျောင်းတိုက်မှ ကိုယ်တော် တစ်ဦးက ပြောသည်။

ဘုန်းကြီးကျောင်း တိုက်များ နှင့် လူနေ အဆောက်အဦများ ကို ဖယ်ရှားခိုင်းရာ တွင် စည်ပင် အဆောက်အဦဌာ န မှ ဖယ်ရှားခိုင်းခြင်း မဟုတ်ပဲ စစ်အစိုးရ မှ တိုက်ရိုက်ညွှန်ကြားကာ အမိန် ့ပေးခြင်းဖြစ်သည်။

စစ်အစိုးရသည် ထိုကျောင်းတိုက် မြေနေရာများ ကို သီရိင်္လကာ အစိုးရ နှင့် တရုတ် အစိုးရ တို ့ထံ ရောင်းချရန်
ကြံရွယ်ထား သည် ။ရွှေတိဂုံ စေတီ အရှေ ့ဘက်စောင်းတန်း တွင် နိဗာန် ကုန်စုံရောင်းချပြီး အုတ်လမ်း တွင် နေထိုင်သူ တစ်ဦးက “ဦးလေး တို ့အဖိုးအဖွား တွေ လက်ထက်ကတည်းက နေလာတာ အခု လို ချက်ခြင်းကြီးရွှေ ့ခိုင်းတာတော့ မကောင်းဘူး ၊ပြောင်းရမယ့် နေရာ တွေ စီစဉ် မပေး တာတော့ မကောင်းဘူး၊
လျှော်ကြေးလည်း ဘာမှ မပြောဘူး၊ လူနေအိမ်တွေ ကတော်သေးတယ် ၊ဘုန်းကြီး တွေ ဆိုတော့ ဝါတွင်းကြီး တော်တော် ဒုက္ခ ရောက်တယ် ဟု ပြောသည်။

ယခု စစ်အစိုးရမှ ပြောင်းရွေ ့ရန် အမိန် ့ထုတ်ပြန်ထား ပြီး ဖယ်ရှား ခံရမည့် ကျောင်းတိုက်များမှာ မြန်မာ့ လွတ်လပ်ရေး သမိုင်း နှင့် ဆက်စပ် နေသည့် ကျောင်းတိုက်များ ပါဝင်သည်။ ရွှေတိဂုံ စေတီ ခြေတော်ရင်း
ရှိ ကျောင်းတိုက်များမှ သံဃာတော်များမှ ၂၀၀ရ ရွှေဝါရောင် သံဃာတော်လှန်ရေး တွင် ပါဝင်ခဲ့သည်။
ထိုကျောင်းတိုက်များ နှင့် လူနေ အိမ်များ အား ဖယ်ရှားရန် အတွက် စစ်အစိုးရက ၂၀ဝရ ခုနှစ် စက်တင်ဘာလ ၂ရ ရက် ကြားတောရလမ်းတွင် ထောက်လှမ်းရေး ဆိုင်ကယ်မီးရှို ့ခံရကတည်းက စဉ်းစားခဲ့ပြီး ယခု အကောင်အထည် ဖော်ခြင်းဖြစ်သည်။

6 comments

  • cobra

    July 23, 2010 at 9:32 am

    ခွေးမသားတွေလုပ်ချင်တိုင်းလုပ်နေကြတယ်ဗျာ…။ဘုန်းကြီးတွေဘယ်လိုလုပ်ကြမလဲ…..။စောက်ကျင့်မကောင်းလုပ်နေတာကိုသိရက်နဲ့ဘာမှမလုပ်နိုင်တာကိုယ့်ကိုယ်ကို
    စိတ်ပျက်မိတယ်ဗျာ..။

    Reply

  • zaymdy

    July 23, 2010 at 11:07 am

    စဉ်း၂ စား၂ လည်း လုပ်ကြပါ ဝါတွင်းကြီးကို ဘယ်လို.လူမျိုးတွေ.က ဒီလို. အမျိုး အမိန်.ပေးတာလည်း သာသနာ ကိုစော်ကားနေတာလား
    ငရဲအိုး မကြာခင် ရောက်တော့မှာပါ လုပ်ထားကြပေါ့ကွာ

    Reply

  • Pyaung Gye

    July 23, 2010 at 3:29 pm

    — မိုးကောင်းတုံးရွာထားပေါ့ကွာ
    အလှဲ့ကြရင် စိစိညက်ကျေမယ်ဆိုတာသိထားကြ

    Reply

  • aung

    July 24, 2010 at 12:41 am

    မြန်မာအစီုးရဆီက ဘယ်တော့မှပြည်သူလူထုအတွက် ကောင်းသတင်းမကြားရပါဘူး၊ ဒီ မင်းဆိုးမင်းညစ်တွေလုပ်နေတာ တိုင်းပြည်လဲကြေမွနေပါပြီဗျာ။
    ဆန်ရင်းနာနာဖွတ်ဆိုတဲ့အတိုင်းဘဲ ကိုယ့်ဘာသာ ကိုယ့်လူမျိုးကိုဘဲဒုက္ခပေးနေကြတော့တာဘဲ၊မွတ်စလင်ကုလားဗလီတွေဆို သူတို့မထိရဲဘူး ၊ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတွေက အသက်တွေသာကြီးတာ ဦးနှောက်က ပုဇွန်ဦးနှောက်ဘဲရှိတာဆိုတော့ ပြည်သူပြည်သားတွေ အလဲအကွဲကို ခံနေရတော့တာဘဲဗျာ။

    Reply

  • phantom

    July 24, 2010 at 3:58 am

    ကြည့်လဲလုပ်ပါဦးဗျာ သံဃာ့နာယကတွေက ဒီလိုပဲ လက်ခံလိုက်ကြသလားတဲ့ နည်းနည်းပါးပါးလေးများ ပြန်ပြီး မတင်ပြတော့ကြဘူးလား အစိုးရက လုပ်ဆိုတိုင်း ရဟန်းတွေကပါ မလုပ်မနေရဆိုရင်တော့ သာသနာရဲ့အထက်မှာ အစိုးရရှိတယ်လို့ ဖြစ်တော့မှာပဲ

    Reply

  • Oakar Bo

    September 1, 2010 at 4:23 am

    မပျံတတ်ရင် complain မတက်ပါနဲ့ ကိုယ့်လူတို့ – အဟိ။

    Reply

Leave a Reply

Your email address will not be published.